Wednesday, July 11, 2012

Pin It

Widgets

Facebook မှာ Fun Page တစ်ခု ဖန်တီးခြင်း

ဒီအကြောင်းလေးကတော့ သိပြီးသားသူငယ်ချင်းတွေ အများကြီး ဖြစ်မှာပါ ...။ ဒါ့အပြင် Webpage တော်တော်များများမှာလည်း ရေးသားဖေါ်ပြထားကြပါတယ် ....။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အရာလေးတွေကို Blog မှာရေးမှာမို့ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး ဒီ Post ကိုရေးလိုက်ပါတယ် ...။ ကျွန်တော်တို့ စပြီး လုပ်ကြည့်ကြရအောင် ....

အဆင့်(၁)
Facebook သို့ Log In ၀င်ရောက်လိုက်ပါ။

အဆင့်(၂)
ကိုယ့် Facebook စာမျက်နှာရဲ့ အောက်ဆုံးမှာ Create a Page ဆိုတာလေး ပါပါတယ်။ Click နှိပ်လိုက်ပါ။


အဆင့်(၃)
Page အမျိုးအစားကို ရွေးချယ်ခိုင်းတဲ့ Box လေးပွင့်လာပါမယ်။ အဲဒီထဲမှာ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ရွေးပေးလို့ ရပါတယ် ..။ ကျွန်တော် ဥပမာ အနေနဲ့ Brand or Product ကိုရွေးလိုက်ပါတယ်။

အဆင့်(၄)
သူ့ထဲမှာဘဲ အချက်အလက်တွေကို ဖြည့်သွင်းပေးဖို့ တောင်းခံတဲ့ Box လေးပွင့်လာပါမယ် ..။ Choose a category မှာ ကျွန်တော့်အနေနဲ့ website ကိုရွေးလိုက်ပါတယ်။ အောက်မှာပါတဲ့ Text Box လေးမှာ ကိုယ့်စာမျက်နှာရဲ့ နာမည်ကို ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ Blog အမည် Free For Friend ကိုထည့်ပေးလိုက်ပါတယ်။ ဖြည့်ပြီးသွားရင်တော့ အောက်နားက I agree to Facebook page Terms ဆိုတာလေးရဲ့ ရှေ့က အဖြူရောင်Box လေးကို နှိပ်ပြီး အမှန်ခြစ်လေး ပေးရပါမယ်။ ပြီးရင် အောက် က Get Started ဆိုတာလေးကို နှိပ်လိုက်ပါ။

အဆင့်(၅)
ဒီအဆင့်မှာတော့ Page ကို Setup လုပ်ခိုင်းပါမယ်။ အဆင့် (၃) ဆင့်ရှိပါတယ်။


ပထမအဆင့် မှာ ကိုယ့်စာမျက်နှာရဲ့ Profile ပုံထည့်ပေးခြင်း ဖြစ်ပါတယ်။ ကွန်ပျူတာမှာ အဆင်သင့်ရှိတဲ့ ပုံကိုထည့်ဖို့အတွက် Upload from Computer ကိုနှိပ်လိုက်ပါမယ်။ ပွင့်လာတဲ့ File Upload Box ထဲက မိမိထည့်ချင်တဲ့ ပုံကို ရွေးပေးလိုက်ပြီး Open ကိုနှိပ်လိုက်ပါ။ (ဒီနေရာမှာ တစ်ခုသတိထားရမှာက ကိုယ် ထည့်မဲ့ ပုံဟာ အနည်းဆုံး 180 pixels wide ရှိရပါမယ်။) ပုံကို Upload တင်ပြီးရင်တော့ အောက်မှာပါတဲ့ Next ကိုနှိပ်လိုက်ပါ။


ဒုတိယအဆင့် အနေနဲ့ ကိုယ့်စာမျက်နှာရဲ့ အကြောင်းကို အကျဉ်းလေးရေးပေးဖို့ နဲ့ ကိုယ်ကြိုက်တဲ့ website လိပ်စာရှိရင် ထည့်ပေးဖို့ ပြောလာပါမယ်။ ဖြည့်ပြီးရင် အောက်က Save Info ကိုနှိပ်လိုက်ပါ။


တတိယအဆင့် အနေနဲ့ ဒီစာမျက်နှာရဲ့ လိပ်စာ ကို ဖြည့်ပေးဖို့ပြောပါမယ်။ ဖြည့်သွင်းဖို့ အခက်အခဲရှိ မယ်ဆိုရင် Skip နဲ့ ကျော်လိုက်လို့ရပါတယ်။
(ဒီအဆင့် (၃) ဆင့်လုံးကို Skip နဲ့ ကျော်လိုက်ရင်လည်း ရပါတယ်။)

အဆင့် (၆)
ဒီအဆင့်မှာတော့
  • ကိုယ့်စာမျက်နှာကို ကိုယ်ပြန်Like ရတဲ့ကိစ္စ :)
  • သူငယ်ချင်းတွေ ဖိတ်ခေါ်တဲ့ကိစ္စ
  • ကိုယ့်ရဲ့ ပင်မစာမျက်နှာမှာ Post တင်မဲ့ကိစ္စ

စတာတွေကို တစ်ခုပြီးတစ်ခု ပြပေးပါလိမ့်မယ်။ လိုက်လုပ်ပေးလို့ရသလို မလုပ်ချင်ရင် ဘယ်ဘက်ထောင့် လေးက Skip ဆိုတာလေးကို နှိပ်ပြီး ကျော်လိုက်လို့ရပါတယ်။

အားလုံးပြီးသွားရင်တော့ Facebook မှာ ကိုယ်ပေးခဲ့တဲ့ နာမည်နဲ့ စာမျက်နှာ အသစ်( Fun Page ) တစ်ခု ဖန်တီးတာ ပြီးဆုံးပြီဖြစ်ပါတယ်။
(ကိုယ့်စာမျက်နှာရဲ့ လိပ်စာကတော့ အဲဒီစာမျက်နှာကို ဖွင့်ထားတဲ့အချိန် ကွန်ပျူတာ Browser ရဲ့ Address Bar မှာရှိတဲ့ လိပ်စာအတိုင်းပါ :) )

အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ......

4 comments :

  1. ​ကျေးဇူးတင်​ပါတယ်​
    ဥပမာ Page ရဲ့ Profilename ကို ပြန်​ချိန်​တာ မရဘူးဖြစ်​​နေတယ်​ခင်​ဗျ

    ReplyDelete
    Replies
    1. Name က်ို changeလို့မရဘူးဖြစ်​​နေတယ်​ခင်​ဗျ

      Delete
    2. Name က်ို changeလို့မရဘူးဖြစ်​​နေတယ်​ခင်​ဗျ

      Delete
  2. ​ကျေးဇူးတင်​ပါတယ်​
    ဥပမာ Page ရဲ့ Profilename ကို ပြန်​ချိန်​တာ မရဘူးဖြစ်​​နေတယ်​ခင်​ဗျ

    ReplyDelete

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top