ဘယ်လိုရေးပြီး ဘယ်လိုစမ်းကြည့် ကြမလဲ?
လွယ်ပါတယ် ....အခုကျွန်တော်တို့ စမ်းပြီးရေးကြည့်ကြမဲ့ HTML Code တွေကို Notepad မှာရေးပါမယ်။ Notepad ကိုဖွင့်ဖို့ Start Menu > Allprograms > Accessories > Notepad သို့သွားပြီး ဖွင့်လို့ရပါတယ်။
အဲဒီလို ဖွင့်ပြီးသွားရင် နောက်ပိုင်း ကျွန်တော်တို့တွေ စမ်းပြီးရေးကြည့်ကြမဲ့ HTML Code တွေကို အဲဒီ Notepad ထဲမှာ ရေးမယ် ။ ပြီးရင်တော့ Save လုပ်တဲ့နေရာမှာ အောက်မှာ ကျွန်တော် ပြထားသလိုလေး လုပ်ပေးရပါမယ် .../
File > Save As သို့သွားလိုက်ပါ ....။
Save As windows ပွင့်လာရင်
(၁) ကိုယ် Save လုပ်ချင်တဲ့နေရာကို ရွေးပေးပါ။
(၂) ကိုယ်ပေးချင်တဲ့ File အမည် ကို နောက်ဆုံးမှာ .html နဲ့ပေးလိုက်ပါ။
(၃) Save ကိုနှိပ်ပါ။
အရေးကြီးတာလေးတစ်ခု .....
ကိုယ့်အနေနဲ့ Code တြွေကားမှာ မြန်မာစာလုံးတွေ ရေးချင်တယ်ဆိုရင် Notepad ရဲ့ Format Menu ထဲက Font သို့သွားပြီး Font အကွက်မှာ Zawgyi One font ကို ပြောင်းပေးထားရပါမယ်။မြန်မာလိုရေးထားတဲ့ ဖိုင်ကို Save လုပ်တဲ့နေရာမှာလည်း Filename ပေးပြီးသွားရင် Encoding အကွက်မှာ Unicode သို့ပြောင်းပြီး Save လုပ်ရပါမယ်။
ဒါလေးတွေ သိပြီးပြီ ဆိုရင်တော့ နောက် Post ကနေပြီး HTML ကို စ,ရေးကြည့်ကြ ဒါပေါ့ဗျာ ......
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea