သူများတွေ ရေးကြတိုင်း အားကျပြီး Free ရတဲ့ Website တွေ၊ Blog တွေကို ကျွန်တော်လည်း ရေးကြည့်ဖို့ ကြိုးစားခဲ့တာပါ။ တကယ်ရေးကြည့်တဲ့ အခါမှာတော့ နည်းပညာ၊ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှု တွေတော်တော်များများ လိုအပ်တယ်ဆိုတာ သိခဲ့ရတဲ့ အပြင် တော်တော်လေးလည်း အချိန်ပေးနိုင်ဖို့ လိုအပ်ပါတယ် ....။ ဒါတွေကို နောက်မှဘဲ ပြောကြတာပေါ့ .....။ ဒီ Post မှာ ပြောချင်တာက HTML အကြောင်းလေးပါ။ HTML အကြောင်း ပြောမယ်ဆိုလို့ အထင်မကြီးပါနဲ့ ကျွန်တော် ဘာမှ ဂဃနဏ မသိပါဘူး .....။ HTML ရဲ့ တကယ့် အခြေခံလေးတွေလောက်ကို ကျွန်တော် လေ့လာမိသလောက်လေးတွေ ရေးပေးသွားမှာပါ ....။
"တကယ်တော့ HTML ဆိုတာ ကျွန်တော်တို့တွေ လက်ရှိရေးသားနေကြတဲ့ Webpage တွေပေါ်မှာ စာတွေ၊ ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေ အလုပ်လုပ်နိုင်အောင် နောက်ကွယ်ကနေ လှုပ်ရှားပေးနေတဲ့ Code လို့ခေါ်တဲ့ စာလုံးအဖွဲ့အစည်းတွေပါဘဲ။"
ဒါ ကျွန်တော်နားလည်သလို ပြောပြတာပါ။ အဲဒီ စာလုံးအဖွဲ့အစည်းတွေထဲမှာ ဘာတွေပါမလဲ ဆိုတော့ အခြေခံအားဖြင့် ....
< > </> " " = : ? { } ( ) ; ! - စသည်ဖြင့် သင်္ကေတ ပေါင်းစုံ ပါ၀င်သလိုဘဲ .....
စာသားတွေနဲ့ ရေးပြီး သုံးရတဲ့ Command တွေလည်း ပါ၀င်မှာပါ ....။
HTML ကို တကယ် နှံ့နှံ့စပ်စပ် လေ့လာဖူးတဲ့သူတစ်ယောက်သာ ကျွန်တော့် Post ကိုဖတ်မိရင် တကယ့် ရယ်စရာကောင်းမှာပါ။ ဒီ့အတွက်လည်း ကျွန်တော် မရှက်ပါဘူး ။ ကျွန်တော် သိသလောက်လေးတွေနဲ့ ကိုယ် ကြုံခဲ့ရတာလေးတွေကို မရှက်တမ်း ရေးမှာပါ ....။
မတတ်တာ၊ မသိတာ၊ နားမလည်တာ တွေဟာ ရှက်စရာမဟုတ်ဘူး လို့ဘဲ ကျွန်တော် ခံယူမိပါတယ် ....။
ဆက့်ကြိုစာပါအားပေးပါတယ်
ReplyDelete