Saturday, June 16, 2012

Pin It

Widgets

HTML Sample Post (3) Text

3

ဒီနေ့တော့ HTML နဲ့ ရိုးရိုးစာသားလေးတွေ ရေးကြည့်ကြမယ်ဗျာ .... ။ ပြီးရင် စာလုံးတွေကို အရောင်တွေ ထည့်ကြည့်ကြမယ် ....။ ကဲ စမ်းကြည့်ကြရအောင် ...။
ရိုးရိုး HTML စာလုံးလေးတွေရေးဖို့ အတွက် တော့ <font></font> ဆိုတဲ့ Command ကို အသုံးပြုရမှာပါ။ အောက်မှာ ကျွန်တော် နမူနာလေးရေးပေးထားပါတယ် ....။
<font> This is sample Text </font>
ဒါလေးဘဲ Notepad မှာရေးပြီး Save လုပ်၊ Browser နဲ့ ပြန်ဖွင့်လိုက်ရင် အောက်ကလိုလေး တွေ့ ရမှာပါ။


This is sample Text

ဒီနေရာမှာ ကျွန်တော်တို့လေ့လာခဲ့တဲ့ Post-1 က Code လေးတွေနဲ့ ပေါင်းပြီး သုံးလို့လဲ ရပါသေးတယ် ...။ ဥပမာ -
<font> This is sample <b>Text</b> </font>
ဆိုပြီးရေးခဲ့မယ်ဆိုရင် စာကြောင်းထဲက Text ဆိုတဲ့ စကားလုံးလေးတစ်ခုတည်း Bold ဖြစ်နေပါလိမ့်မယ် ..။ ဒီလိုလေးပါ ...။

This is sample Text

မိတ်ဆွေတို့ လိုချင်သလို စိတ်ကူးပြီးရေးလို့ ရပါတယ် ...။ အရေးကြီးတာက အဖွင့်/အပိတ် Code တွေ မှန်ဖို့ပါဘဲ ...။ ဆိုလိုတာက <font> ဆိုတာနဲ့ ဖွင့်ခဲ့ရင် </font> ဆိုတာနဲ့ ပိတ်ပေးရပါမယ် ...။ ဒီလိုဘဲ ကိုယ်ရေးတဲ့ စာကြောင်းထဲက စကားလုံး တစ်ချို့ကို Bold လုပ်ချင်လို့ အဲဒီစကားလုံးရှေ့မှာ <b> နဲ့ ဖွင့်ခဲ့ရင် အဲဒီစကားလုံးနောက်မှာဘဲ </b> နဲ့ ပြန်ပိတ်ပေးရပါမယ် ...။

ကဲနောက်တစ်ဆင့်အနေနဲ့ စာလုံးလေးတွေကို အရောင်ထည့်ကြည့်ကြမယ်ဗျာ ....။
အရောင်ထည့်ဖို့တော့ color ဆိုတဲ့ စကားလုံးလေးကို အသုံးပြုရပါမယ် ...။ အသုံးပြုနည်းကတော့ ဒီလိုလေးပါ ....။
<font color=blue>Test HTML Color</font>
ဒီနေရာမှာ <font ဆိုပြီးတော့ > နဲ့ပြန်မပိတ်သေးဘဲ color=blue ဆိုပြီးတော့ ကိုယ်ထားချင်တဲ့ Color ကိုပါ တစ်ပါတည်း ညွှန်းလိုက်ပါတယ် ...။ ပြီးမှ > နဲ့ ပြန်ပိတ်တယ် ...။ အရေးကြီးတာက font နဲ့ color ကြားမှာ Space တစ်ချက် ခံရပါတယ်။ ပထမပိုင်း Code အဖွင့် ပြီးသွားရင်တော့ ကိုယ်ရေးချင်တဲ့ စာသားကို ရေးလို့ ရပါပြီ ....။ နောက်ဆုံးမှာတော့ </font> နဲ့ ပြန်ပိတ်ရပါမယ် ....။ ရေးပြီးရင် Save လုပ်၊ Browser နဲ့ ပြန်ဖွင့်ကြည့်ရင် အောက်က လိုလေး တွေ့ပါမယ် ...။


Test HTML Color

HTML Color တွေအတွက် blue, black, white, .... စသည်ဖြင့် စကားလုံးနဲ့ ရေးလို့ရသလို 0000ff, 000000, ffffff, ..... စသည်ဖြင့် Code တွေနဲ့လည်း ရေးပေးလို့ရပါတယ် ....။ ဥပမာ - အပေါ်က စာကြောင်းကိုဘဲ
<font color=0000ff>Test HTML Color</font>
ဆိုပြီးရေးလို့ရပါတယ် ....။ အတူတူပါဘဲ ...။ Color Code တွေကို လေ့လာနိုင်ပြီး သိနိုင်အောင် အောက်မှာ ကျွန်တော်ပေးထားတဲ့ ထဲက အလွယ်တကူ ယူသုံးနိုင်ပါတယ် ...။


(ကိုယ်သုံးချင်တဲ့ အရောင်ကို Click လိုက်ပါ။ အောက်က အကွက်မှာ Code ကိုပြပါလိမ့်မယ်။ ယူသုံးရုံပါ။)
ဒီနေ့တော့ ဒီလောက်ပါဘဲ ....။ ဒီ Code လေးတွေကို တစ်ခုနဲ့တစ်ခု မှန်ကန်အောင် ပေါင်းစပ်ကြည့်ပြီး လေ့ကျင့်လို့ရပါတယ် .....။
ပျော်ရွှင်နိုင်ကြပါစေ ....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top