2
ဒီတစ်ခေါက်တော့ ငြိမ်နေတဲ့ စာလုံးလေးတွေကို လှုပ်ရှားလာအောင် အသက်သွင်းကြည့်ကြမယ် ....။ စာလုံးလေးတွေ လှုပ်ရှားလာစေဖို့ သုံးတဲ့ HTML Command ကတော့ <marquee></marquee> ဘဲဖြစ်ပါတယ် ....။ပထမဆုံးအနေနဲ့ ရိုးရိုးလေးဘဲ ရေးကြည့်ရအောင် .....
အောက်က Code ကို Notepad မှာရေးလိုက်ပါ ....။
<marquee> Test Marquee Text </marquee>ပြီးရင် ကျွန်တော်အရင်တုန်းက ပြောသလိုဘဲ Save လုပ်လိုက်ပါ။ Browser တစ်ခုခုနဲ့ ဖွင့်လိုက်ပါ။ အောက်မှာ ပြထားသလိုလေး မြင်ရပါမယ် ....။
ကဲ ဒီတစ်ခါ နည်းနည်းလေး ထပ်လုပ်ကြည့်ကြမယ်ဗျာ....။
စာကြောင်းလေးကို ညာဘက်သို့ သွားအောင် လုပ်ကြည့်ကြမယ် ....။ ညာဘက်သို့သွားဖို့ အောက်က Code အတိုင်းလေး ရေးလိုက်ပါ ....။
<marquee direction=right>Test Marquee Text</marquee>ပြီးရင် ထုံးစံအတိုင်း Save လုပ်မယ် .... ။ ပြန်ပြီး Browser မှား ဖွင့်ကြည့်မယ် ... အောက်မှာ ပြထားတဲ့ အတိုင်းလေး ဖြစ်နေမှာပါ ....
ဒီတစ်ခါ ဘယ်/ညာ အသွား-အပြန် လုပ်နေတဲ့ စာကြောင်းလေးတစ်ခု ဖန်တီးကြည့်ရအောင် ....။ ဒီလိုလုပ် ဖို့အတွက် အောက်က Code အတိုင်းလေး ရေးလိုက်ပါ။
<marquee behavior=alternate>Test Marquee Text</marquee>ပြီးရင် Save ပြီးတော့ Browser နဲ့ ပြန်ဖွင့်ကြည့်လိုက်ရင် အောက်ကလိုလေး တွေ့ရပါမယ် ....။
ဒီနေ့ ကျွန်တော်တို့ စမ်းပြီးရေးကြည့်ကြတဲ့ HTML Code လေးတွေမှာ သိထား/မှတ်ထားစရာလေးတွေ ပါပါ တယ်....။
ကျွန်တော် အပြာရောင် နဲ့ရေးထားတာတွေက ပြောင်းလဲလို့မရတဲ့ Code တြွေဖစ်ပါတယ် ...။
ကျွန်တော် အနီရောင်နဲ့ ရေးပြထားတဲ့ စာလုံးတွေနေရာမှာတော့ ကိုယ်ကြိုက်တာ အစားထိုးလို့ ရပါတယ် ။
ကျွန်တော် အစိမ်းရောင် နဲ့ ရေးပြထားတဲ့ စာလုံးတွေကတော့ ပြောင်းလဲလို့ ရပေမဲ့ ကန့်သတ်ချက်ရှိပါတယ်..။ ဥပမာ ... right ဆိုတဲ့နေရာမှာ left, up, down ဆိုတာတွေ အစားထိုးလို့ ရပါတယ်....။
စမ်းပြီး ရေးကြည့်ကြပါ .... အဆင်ပြေမယ် ထင်ပါတယ် .....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea