One Drive One place for everything in your life.
Easily store and share photos, videos, documents, and more — anywhere, on any device, free. Plus, get 7 GB when you sign up. တဲ့ ....
Microsoft ကဖန်တီးထားတဲ့ OnLine Storage 7 GB အလကားပေးတဲ့ Service တစ်ခုပါ။ OnLine ပေါ်မှာ 7 GB free ပေးတယ်ဆိုတော့လည်း တကယ့်ကို မက်လောက်စရာပါဘဲ။ ကိုယ့်ရဲ့ File တွေ၊ Document တွေအပြင် ဓါတ်ပုံတွေကိုပါ သိမ်းဆည်းထားလို့ ရပါတယ် ....။ Upload လုပ်ရတာလည်း အရမ်းလွယ်ပြီး မြန်ပါတယ်။ အကြိုက်ဆုံးကတော့ ကိုယ်သိမ်းဆည်းထားတဲ့ ဓါတ်ပုံတွေထဲက နှစ်သက်ရာ ကိုရွေးပြီး Facebook သို့ Publish လုပ်လို့ရခြင်းပါ။
Blog ရေးတဲ့သူတွေ၊ Website ရေးတဲ့သူတွေအနေနဲ့လည်း HTML Code ကို Embed လုပ်ပြီး အသုံးပြုလို့ ရပါသေးတယ်....။
Window နဲ့ချိတ်ဆက်ပြီး တိုက်ရိုက်အသုံးပြုလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။ (ဒီနေရာမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။)
Free ပေးတဲ့ 7 GB နဲ့ မလုံလောက်လို့ OnLine Storage ထပ်လိုချင်သေးတယ်ဆိုရင်လည်း ၀ယ်ယူလို့ ရပါတယ်။ SkyDrive ကနေ OneDrive သို့ပြောင်းလိုက်ပြီး မက်မောစရာ ကောင်းတဲ့ Microsoft ရဲ့ OneDrive လေးကို အသုံးပြုနည်းလေး ဆွေးနွေးချင်ပါတယ်။
ပထမဦးဆုံးတော့ OneDrive သို့ဝင်ရောက်ဖို့အတွက် OneDrive.Live.Com သို့ ၀င်ရောက်ရမှာ ဖြစ်ပါတယ်။
OneDrive ဟာ Microsoft ကနေပေးတဲ့ Service တစ်ခုဖြစ်တဲ့ အတွက် သူ့အထဲသို့ ၀င်ရောက်ဖို့ Microsoft account တစ်ခုလိုအပ်ပါတယ်။ ရှိပြီးသား မိတ်ဆွေတွေအနေနဲ့တော့ ညာဘက်မှာပါတဲ့ Sign In ကိုနှိပ်ပြီး ၀င်ရောက်လိုက်ရုံပါဘဲ။
Microsoft Account မရှိသေးတဲ့ မိတ်ဆွေတွေအနေနဲ့ ကိုယ့်ရဲ့ Gmail, Outlook, Yahoo! တို့ကိုသုံးပြီး ဒီနေရာလေး မှာ ရယူနိုင်ပါတယ်။
Microsoft Account ရယူရန်
သူပေးထားတဲ့ ပုံစံတွေပေါ်မှာ ဖြည့်သွင်းရမယ့် အကြောင်းတွေကိုတော့ မိတ်ဆွေများ အလွယ်တကူ လုပ်နိုင်မှာမို့ အသေးစိတ် မဆွေးနွေးတော့ပါဘူး ခင်ဗျာ။ အရေးကြီးတာက ကိုယ့်ရဲ့အကောင့်ကို ကိုယ်ပေးခဲ့တဲ့ email သို့ဝင်ရောက်ပြီး Verifyအကောင့်ဖွင့်ပြီးသွားရင် ကိုယ်ပေးခဲ့တဲ့ email သို့ Microsoft မှ email တစ်စောင်ပို့ပေးပါတယ်။ အဲဒီ email မှာပါတဲ့ Verify Link လေးကို နှိပ်ပေးလိုက်ရုံပါပဲ။ လုပ်ပေးရမဲ့ အချက်ပါ။
Verify လုပ်ပြီးတာနဲ့ Microsoft က သူ့အလိုလို OneDrive ထဲသို့ ၀င်ရောက်ပေးပါလိမ့်မယ်။
OneDrive ထဲမှာ Document, Picture, Public ဆိုပြီး တစ်ပါတည်း ပါရှိပါတယ်။ ကိုယ့်အနေနဲ့ ထပ်ပြီး ထည့်ချင်တယ်ဆိုရင်လည်း ထည့်လို့ရပါသေးတယ်။
ဓါတ်ပုံထည့်ဖို့အတွက် Picture ပေါ်မှာ Click နှိပ်လိုက်ပါ။ အရင်က ပုံမတင်ရသေးတာဖြစ်တဲ့အတွက် ပုံမရှိဘူးလို့ ပြောပါလိမ့်မယ်။ ကိုယ်သိမ်းဆည်းထားချင်တဲ့ ကိုယ့်ရဲ့ ကွန်ပျူတာထဲက ပုံတွေကို Select လုပ်ပြီး Mouse နဲ့ဆွဲယူထည့်လိုက်ရုံပါ။ (Drag and Drop လုပ်တာကိုပြောတာပါ။ :) )
ဒီလိုမှ မလုပ်ချင်ရင် အပေါ်မှာပါတဲ့ Upload ဆိုတာလေးကို နှိပ်ပြီး ကွန်ပျူတာထဲက ပုံတွေကို ရွေးပေး လိုက်ရင်လည်း ရပါတယ်။ ပုံတွေကို Upload လုပ်တာလေး စောင့်ပြီးသွားရင်တော့ Picture ထဲမှာ ပြပေးနေပါလိမ့်မယ်။
ပုံကို Share လုပ်မယ်ဆိုရင်
ကိုယ်လုပ်ချင်တဲ့ပုံကို Click နှိပ်လိုက်ပြီး အပေါ်မှာပါတဲ့ Share ကနေအလွယ် တကူလုပ်ရုံပါပဲ။ ပုံရဲ့ အချက်အလက်တွေကိုလည်း အသေးစိတ်ပြပေးပါတယ်။ ကိုယ် Tag လုပ်ချင်တယ် ဆိုရင်လည်း လုပ်လို့ရပါတယ်။
ပုံတွေကို Blog တို့ Website တို့ Forum တို့မှာ အသုံးပြုဖို့အတွက် HTML Code ရယူချင်တယ်ဆိုရင်လည်း ကိုယ်လုပ်ချင်တဲ့ ပုံရဲ့ ညာဘက်အပေါ်ထောင့်က အဖြူကွက်လေးမှာ အမှန်ခြစ်လေးပေးပြီး အပေါ်မှာပါတဲ့ Embed ကိုနှိပ်ရပါမယ်။ ဒီနေရာမှာ Code ကိုသုံးပြီးလုပ်ရင် ဒီပုံကို တစ်ခြားသူတြွေကည့်လို့ရမယ့်အကြောင်း အသိပေးထားပါလိမ့်မယ်။ Generate ကိုနှိပ်လိုက်ရင်တော့ HTML Code ကိုပေးမှာ ဖြစ်ပါတယ်။
OneDrive ထဲမှာ တစ်ခြားလုပ်လို့ရတဲ့ Feature တွေအများကြီးရှိပါသေးတယ် ....။ ထုံးစံအတိုင်း မိတ်ဆွေ တို့အနေနဲ့ နည်းနည်းလေး ၀င်ကလိလိုက်ရင် သိသွားမှာပါ :) ။ ဘာဘဲဖြစ်ဖြစ် အသစ်အဆန်းလေးမို့ သုံးကြည့်တာ မမှားပါဘူး ....။ ဒါပေမယ့် အလကားရတာဆိုတော့ Security ပိုင်း အားနည်းမယ် ထင်ပါတယ်။ (သံသယစိတ်နဲ့ ပြောတာပါ။ Microsoft ကို စော်ကားတာ မဟုတ်ပါဘူး။)
အော် ..... မေ့တော့မလို့ .....
ကိုယ့်ရဲ့ Facebook, Gtalk သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး Chatting ထိုင်လို့လည်းရတယ်နော် ....
Q လို့ရတယ်ပေါ့ဗျာ .... :P
မိတ်ဆွေများအားလုံး အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ ......






No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea