Friday, July 19, 2013

Pin It

Widgets

(၃၄) နှစ်မြောက်မွေးနေ့ အမှတ်တရ

တော်သေးတာပေါ့ .....
မြန်မာတစ်မျိုးသားလုံး သတိရအောက်မေ့တမ်းတရတဲ့ ဇူလိုင်(၁၉) "အာဇာနည်နေ့" က ကျွန်တော့်ရဲ့ မွေးနေ့ ဖြစ်နေလို့ ...။ မဟုတ်ရင် ကိုယ့်မွေးနေ့ကိုတောင် ကိုယ်မှတ်မိမှာ မဟုတ်ဘူး ....။ ဘာလိုလိုနဲ့ (၃၄) နှစ်တောင်ပြည့်ခဲ့ပြီနော် ....။ ဘဝ မှာ ရပ်တည်နိုင်ဖို့ ကြိုးစားရုန်းကန်နေရတုန်းဘဲ ...။ မပြည့်စုံမှုတွေ အများကြီး ရှိနေသေးတယ်လို့ ကိုယ့်ကိုယ်ကို ယူဆမိပေမဲ့ လောကကြီးမှာ ဘယ်သူမှ တော့ ကိုယ့်ကိုယ်ကို ပြည့်စုံတယ် ထင်ကြမှာ မဟုတ်ဘူးလေ ....။

အဖေ နဲ့ အမေက အဝေးမှာဆိုတော့ လူကိုယ်တိုင် မကန်တော့နိုင်ခဲ့ဘူး .....။ စိတ်ထဲက မှန်းမျှော်ကန်တော့ တယ်ဆိုပေမဲ့ တွေ့ဆုံကန်တော့ရသလိုဘဲ ခံစားနေမိတယ် ....။ မဝေးပါဘူး ..... ကျွန်တော့်အတွက် အဖေနဲ့ အမေက ဘယ်တော့မှ အဝေးမှာ မဟုတ်ဘူး .... နီးနီးလေး မှ တကယ့်နီးနီးလေး ။

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျင်လည်နေရတဲ့ လူ့ဘဝ တောနက်ကြီးကလည်း နက်သထက် နက်လာတာတော့ အမှန်ဘဲ ....။ မျက်စိလည်ပြီး လမ်းမမှားဖို့ ကြိုးစားလျှောက်နေရတာနဲ့တင် ခရီးမတွင်ခဲ့ဘူးလို့ ထင်နေမိတယ် ...။



ကုန်ဆုံးခဲ့တဲ့ နှစ်တွေမှာ ဘဝခရီးကို တစ်ကိုယ်တည်း လျှောက်ခဲ့ရပေမဲ့ ဒီနှစ် မတ်လ (၂၃) ရက်နေ့မှာတော့ အဖေနဲ့ အမေ တို့က ခရီးသွားဖေါ် တစ်ဦးလက်တွဲပေးခဲ့တယ် ....။ ဘဝခရီးအတွက် တိုင်ပင်ဖေါ် ၊ အားပေးဖေါ် ရပေမဲ့ တစ်ဦးပိုလာတဲ့ ခရီးမှာ ပိုပြီးကြိုးစားလျှောက်ရတော့မှာပေါ့ ....။

ဒီနှစ်မွေးနေ့ မှာလည်း သိပ်ထွေထွေထူးထူးတော့ မရှိပါဘူး ....။ ကိုယ်ရတဲ့ ချွေးနည်းစာလေးထဲကနေ ဘိုးဘွားရိပ်သာ မှာ နေ့လည်စာ လှူမယ် ....။ ပြီးရင် ဘုန်းကြီးကျောင်းမှာ သင်္ဃန်းလှူမယ် .....။ ဒီလောက်ပါ ပဲ။

ဒီ Post လေးကိုတင်ဖို့ လုပ်နေရင် ကောင်းကင်ပြာ ထဲမှာ ဖတ်မိတဲ့ မွေးနေ့ကဗျာလေးတစ်ပုဒ် သဘောကျ တာနဲ့ အမှတ်တရလေး မူရင်းအတိုင်း  ပြန်ဖေါ်ပြလိုက်ပါတယ် ....

အရှေ့နေအောက်က င့ါမွေးနေ့

မွေးနေ့တွေ ထပ်တလဲလဲ
ရောက်ရှိခဲ့တဲ့ တစ်နှစ်တစ်ခါရယ် ...
အတိတ်ကိုအောက်မေ့လို့ အရှေ့ကိုရောက်လင့်တအား
ဗျာများရတဲ့ င့ါစိတ်နှင့်ငါ ...

တစ်ခါတစ်ခါ ..
အမှောင်တစ်ဖက်မှာ ချောင်ကပ်နေတဲ့ င့ါစိတ်တွေ
အတွေးကိုဆန့်ထုတ် လက်လှမ်းမီသလောက်
တစ်ကယ်အဖြစ်ရောက်အောင် ကြိုးစားတဲ့အခါ
ပျော်စရာတွေနဲ့ နိမိတ်ဖြစ်အာရုံတွေကလည်း ပေါ်ထွန်းခဲ့ပေ့ါ ....

ဘဝစခန်းရယ် အစုံအဆန်တွေနဲ့
ပုံမှန်ကြုံနေရပေမယ့် လက်တစ်ကမ်းက
မျက်မှန်းတမ်းမိသလောက် ပြောရရင်
စိတ်ညစ်စရာတွေက ချိန်ခွင်တစ်ဖက်မှာ
လျှာတစ်ဖက်စွန်းနေပြန်တယ် ...

တစ်ခါတစ်ခါ ..
အလွှားပါးတစ်ခုမှာ
အချိန်များစွာ ကျင်လည်ရတဲ့ဖြစ်စဉ်တြွေကား
ဘလော့ခ်တစ်ခုကိုလည်း အရင်းတည်ပြုခဲ့တယ် ...

ရည်ရွယ်ချက်တွေနဲ့ လူတကာအရေးများ
ဖတ်ခွင့်ကြုံလို့ တိုးပွားလာတဲ့
စိတ်ခံစားမှု အဆင့်ဆင့်တွေ
အတွေးများစွာနဲ့
ကလေး ကစားစရာလိုလည်း မသတ်မှတ်ခဲ့ဘူး ...

လက်တစ်စုံအောက် ကီးမျိုးစုံပျောက်လည်း
အဖေါ်စုံတဲ့ ဘလောခ့်ဘုံမှာ
ငါပျော်မွေ့တယ် ...

ဘဝဖြစ်စဉ်မှာ မပင်ပန်းပေမဲ့
ခြေလှမ်းကတော့ ကုဋေကုဋာ
ရှာကြံပြလို့ တစ်ခါပြန်ကျော့ရင်
အတိတ်တစ်ဖျားမှာ ထြွေပားမနေစိတ်တွေနဲ့
အမေ့အနား နေခဲ့ဖူးတာလည်း
ပြန်အောက်မေ့တယ် အမေ ...

မွေးမေပေးတဲ့ အသက်တစ်ချောင်း
လူဖြစ်ကြောင်းကို အမေအသိနဲ့
ပေးဆပ်မဲ့ င့ါအသိကြား
အမေ့ကိုယ်ငွေ့ သင်းပျံ့ဆဲပါ ...

အဝေးရောက်နေပေမယ့်
ဦးထိပ်ကာပန်ဆင် အမေ့ရင်ခွင်က
နွေးနေဆဲပဲမို့ ချိုးရေနှစ်တွေမှာ
တိုးနေ တစ်နှစ်တစ်နှစ်
ရောက်လာလည်းပဲ အမေ့သမီး
အမေ့အနှီးကလေးက စခဲ့တဲ့
သမီးဖြစ်တွင် သံသရာတစ်ခွင်မှာ
အမေ့ရှိခိုး စိတ်ရဲ့အနိုးကို
ထာဝရအစဉ် စိတ်ရဲ့ဘဝင်မှာ
ကိန်းအောင်းလျှက်ပါ ...

တိုင်းတစ်ပါးမှာ မိှုင်းဖျားကအဆီလို
ပျံကာဝဲလို့ ရှာနေဆဲ
ဘဝလမ်းကို တစ်ခါပြန်မလွမ်းလောက်အောင်
ကြိုးစားရှာလို့ ရှင်သန်ခဲ့တာ
ယနေ့ဆို, ......ပြည့်ပေ့ါ ..

မွေးရက်တွေကို ချိုးရေတွက်လို့
အသက်အရွယ်တွေ ဟိုင်းရင်တောင်မှ
မျက်ကွယ်မပြုခင် အချိန်တစ်ပိုင်းမှာ
လောကီအဖုံ လောကုတ္တရာအကြုံကို
လေ့လာကာ တွေးတောလို့
သာသနာအရိပ်ကိုလည်း
ရှာကြံဖိတ်နေမဲ့ င့ါစိတ်တွေ ...

ဖြစ်ခွင့်ရတဲ့ လူ့ဘဝမှာ
ငယ်စဉ်မှစ ယနေ့အထိ
လူတစ်ချို့နဲ့ တူပုန်းတမ်းဆော့ရတဲ့အဖြစ်တွေ
ပူလောင်လွန်းပြီး ငြူစူစရာစိတ်တွေနဲ့မို့
ဟိုးအဝေးက ရောင်နီအောက်မှာ
င့ါလွှင့်ထုတ်လိုက်မယ်,
ယနေ့ င့ါမွေးနေ့မှသည်
ဟိုး အဝေးထိ......

မျှော်လင့်ခြင်း ရောင်နီအောက်
ပျော်ရွှင်ခြင််း အိပ်မက်ရယ်
တစ်ကြိမ်တစ်ခါထက် အကြိမ်ကြိမ်အခါခါမက်အောင်
ငါ.. တောင်းဆုပြုရင်း ..
မနက်သစ်တစ်ခုဟာ ပျက်လုံးဆို
ရွှင်မြူးချင်တဲ့ င့ါစိတ်
မွေးနေ့မှစ,
ကြိမ်ဖန်များစွာ ကြုံတွေ့ပါရစေ ...။ ......။

(ကျွန်တော် ယောကျင်္ား တစ်ဦးဖြစ်ပါသည်။ ကဗျာကိုကြိုက်လို့ ပြန်လည်ဝေငြှခင်းသာ ဖြစ်ပါသည်။)

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top