Wednesday, January 23, 2013

Pin It

Widgets

၉၆၉ (သို့မဟုတ်) ဗုဒ္ဓဘာသာ ဆိုင်များ၊ အိမ်များ၊ ယာဉ်များ အတွက် အမှတ်တံဆိပ်


ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတို့ရဲ့ ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်တွေ စတဲ့ နေရာတွေမှာ အမှတ်အသား တစ်ခုအနေနဲ့ရော ဘေးအန္တရာယ်ကင်းရှင်း စေဖို့ အတွက် ဆရာတော်ကြီးများ ကိုယ်တိုင် စီစဉ်ဆောင် ရွက်ထားတဲ့ အမှတ်တံဆိပ်လေးပါ ...။
နောက်ခံအနေနဲ့ ဗုဒ္ဓဘာသာ သာသနာ့အလံတော် ကို ထည့်သွင်းထားပါတယ်။
ပြီးတော့ (၂၄) ပစ္စည်း စက်ဝိုင်းကို လည်း ထည့်သွင်းထားပါတယ် ...။
အပေါ်မှာ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး နှင့် သံဃာ့ဂုဏ်တော် (၉) ပါး တို့ကို ကိုယ်စားပြုတဲ့ ၉၆၉ ဆိုတဲ့ ကိန်းဂဏန်းကိုလည်း ထည့်သွင်းပေးထားပါတယ် ...။
အလယ်မှာတော့
အာသောကမင်းကြီး ရဲ့ အမှတ်တံဆိပ်ကို ထည့်သွင်းပေးထားပါတယ် ....။
ဒီ ၉၆၉ အမှတ်တံဆိပ် လေးနဲ့ ပတ်သက်ပြီး ဇော်ဟိန်း( B.A )(အဘိဓမ္မာတောင်သာ ဆေးပညာ) က အောက်ပါအတိုင်း ကဗျာလေး ရေးစပ်ခဲ့ပါတယ် ...။

(၉၆၉) ရဲ အဓိပါယ်ဖွင့်ဆိုချက် 

ဗုဒ္ဓဘာသာဝင် တိုင်းမှာ
"၉၆၉" ကိုသုံးကြပါ။

ဘာသာသသင်္ကေတ
" ၉၆၉ " လို ့ဆိုမှတ်ကြ

"၉" တစ်လုံးရဲ ့အဓိပ္ပာယ််ဟာ
ဗုဒ္ဓဂုဏ်တော် ရည်ရွှယ်ကာ။

" ၆" ဆို တရားရင်ဝယ်ပွား
ဓမ္မဂုဏ်မို ့ မှတ်လို ့ထား။

နောက် " ၉" တစ်လုံးမှတ်သညာ
သံဃာ့ဂုဏ် လို ့ မှတ်ကြပါ။

သုံး လုံးကို ပေါင်းလို ့ပွား
" ၂၄" ပါး ပဌာန်းတရား။

နောက်ခံ " ခြောက် " ပါး အလံတော်ရောင်
အပွင့်ဂုဏ်ကိုဆောင်

အသောကမောင် မှတ်တံဆိပ်
ဆင် , မြင်း , နွားနှင့် ခြင်္သေ့စိတ်
အားလုံးကိုယ်စီ ခပ်လိုနှိပ်။

တို ့ဘာသာရဲ ့အမှှတ်သားကို
လူတိုင်းကိုယ်စီရှိစေလို။

မေ ့မယ်ဆို သတိထား
တို ့ဘာသာ အားယုတ်လျော့သွား ။

ဇော်ဟိန်း( B.A )
(အဘိဓမ္မာတောင်သာ ဆေးပညာ)

နောက်ပြီး ရြွှေမန်မာ၊ ဓမ္မရောင်ခြည်၊ ဖြူးမြို့ ကလည်း အောက်ပါ သတ်မှတ်ပိုင်းခြား တံတိုင်းတားမည် ဆိုတဲ့ ကဗျာလေးနဲ့ ကုသိုလ်ပြုထား ပါသေးတယ် ...။

သတ်မှတ်ပိုင်းခြား တံတိုင်းတားမည်


မြန်မာ မြန်မာ
ရြွှေမန်မာတို့....
အမျိုးဘာသာ သာသနာရေး
သွေးမအေးနှင့် မနှေးမြန်စွာ
နိုးကြားပါလော့ ထပါလော့။

မျက်စိကိုမှိတ် နားကိုပိတ်၍
အိပ်မနေဘဲ သတိမြဲစွာ
ဒို့ရဲ့ဘာသာ သာသနာကို
ကာကွယ်စောင့်ရှောက်ကြပါလော့။

မျက်စိကိုဖွင့် နားကိုစွင့်၍
အသင့်ကြိုတင် ထိုးစစ်ဆင်ရန်
အချိန်တန်ပြီ အားမာန်ဆင့်ကဲ
လုံ့လဇွဲဖြင့် ဆင်နွှဲဖြိုခွင်းကြပါလော့။

ဘာသာမတူ မျိုးမတူတို့
အယူမိစ္ဆာ လွှမ်းမိုးလာခဲ့
မြန်မာပြည်ဖွား ဒို့သွေးသားကို
၀ါးမျိုဖျက်ဆီး အပိုင်စီး၍
ဇနီးမယား သမီးသားအား
စော်ကားယုတ်မာ ထိပါးလာခဲ့
မြေကိုချဲ့ယူ ငွေကိုသဲ့ယူ
လူပါယူသည်
ကြည်ဖြူခွင့်လွှတ်ကြမှာလား။

ဒို့မြေပေါ်နေ ဒို့ရေကိုသောက်
မထောက်မညှာ ဖောက်ပြားလာသည့်
ဘာသာကွဲပြား လူမျိုးခြားကို
စည်းတားဘောင်ခတ် မရောစပ်နှင့်
“သတ်မှတ်ပိုင်းခြား တံတိုင်းတားမည်”
နိုးကြားတက်ကြွ ပါ၀င်ကြ
စွမ်းအားရှိသမျှ ကာကွယ်ကြ။
 ရြွှေမန်မာ၊ ဓမ္မရောင်ခြည်၊ ဖြူးမြို့

ဒီတံဆိပ်နဲ့ ပတ်သက်ပြီး တိုက်တွန်းချက် ဆိုတဲ့ စာအုပ်လေးတစ်အုပ် ပါ ထုတ်ဝေထားပြီး ဖြစ်ပါတယ် ...။ အဓိပ္ပါယ်အနှစ်သာရတွေ အများကြီးနဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်တွန်းထားတဲ့ စာအုပ်လေးပါ ...။ FreeIdea လည်း ကုသိုလ်ဖြစ် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ .....။ (ပုံအကြီး လိုအပ်ပါက email မှတစ်ဆင့် တောင်းဆိုနိုင်ပါတယ် ခင်ဗျာ ...)

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top