ရခိုင်လူငယ်ဖိုရမ် ပေါ်ပေါက်ရေးအတွက် ကို မြန်မာလူငယ်ဖိုရမ် (Myanmar Youth Forum) ဖြစ်မြောက်ရေး
အတွက် တက်ကြွစွာ ပါ၀င်လုပ်ကိုင်နေသော ရခိုင်လူငယ်များမှ စတင် ကမကထပြု စေ့ဆော်ခဲ့ပြီး ရန်ကုန်မြို ့ရှိ လူမှုရေး၊ ပညာရေး၊ အမျိုးသားရေး ကိစ္စများတွင် ဆောင် ရွက်နေသော ရခိုင်လူငယ် အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ကျောင်းသားလူငယ်များ နှင့် အခြားစိတ်ပါ၀င်စားသော လူငယ်များ အကြားတွင် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ပြီး လုပ်ငန်းအဖွဲ ့များကို ဖွဲ ့စည်းလုပ်ကိုင်ခဲ့သည်။ ရခိုင်လူငယ် ဖိုရမ် ကျင်းပရန် အကြောင်းတိုက်ဆိုင် လာခြင်းဖြင့်ပြသနာများ၏ ရင်းမြစ်များကို ရခိုင်လူငယ်များ အကြားတွင် တွေ ့ဆုံ ဆွေးနွေး အဖြေရှာခွင့်ရမည်ဖြစ်ပြီး အခြား ကဏ္ဍအသီးသီးတွင် လိုအပ်နေသည်များကို တင်ပြ ဆွေးနွေး နိုင်မည် ဖြစ်သည်။ တွေ့ဆုံပွဲမှ ဘုံသဘောထားများကို မြန်မာလူငယ်ဖိုရမ်တွင် ဆက်လက် တင်ပြဆွေးနွေးပြီး ထိုမှ တဆင့် ဒေသတွင်းနှင့်နိုင်ငံတကာ အထိ သိရှိလက်ခံနားလည်လာအောင် ကြိုးစားခြင်းဖြင် ့ရခိုင်လူမျိုး တို ့၏ မျိုးရိုးဂုဏ်သိက္ခာကို်မြှင့်တင် သွားနိုင်မည် ဟုယုံကြည်သည်။
ရခိုင်လူငယ်ဖိုရမ်ကို ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ရခိုင်လူငယ် များသာ မက ကျန် အနယ်နယ် အရပ်ရပ် နှင့် ပြည်တွင်းပြည်ပ တွင် နေထိုင်သော ရခို်င်လူငယ် အားလုံးအကြားတွင် ပိုမိုကျယ်ပြန် ့သော ဆွေးနွေး တိုင်ပင်ရာ နေရာ နှင့် ကွန်ယက် တခု အသွင် ဖြစ်လာရန် ရည်ရွည်သည်။ ထိုသို ့ဖြစ်လာရန် အတွက်လည်း ဖိုရမ်များကို အချက်အချာကျသော နေရာများတွင် ပုံမှန် ပြုလုပ်သွားနိုင်ရန် ကြိုးစားအားထုတ်လျှက် ရှိသည်။
ရခိုင်လူငယ်ဖိုရမ် ကို
- ရခိုင်လူငယ်များ၏ ဘုံသဘောထားအမြင်၊အယူအဆ များကို တရားဝင် စုစည်း ထုတ်ဖော်ခွင် ့ရသော နေရာ တခုဖြစ်ရန်
- နိုင်ငံလုံးဆိုင်ရာ မြန်မာလူငယ်ဖိုရမ် တွင် ရခိုင်လူငယ်တို ့၏ တွေ ့ကြုံနေရသော အခြေအနေများနှင် ့ သဘောထားများကို တင်ပြနိုင်ရန်
- နိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒ သဘောထားများ တရားဝင် ချမှတ်ရာတွင် ရခိုင်လူငယ်တို ့၏ အသံကို ထည့်သွင်းပေါင်းစပ်နိုင်ရန်
- တိုင်းရင်းသားလူငယ်များနှင့် နိုင်ငံတကာ လူငယ်များ အကြား ရခိုင်လူငယ် တို ့၏ သဘောထား အမြင်များကို ဖလှယ်ပြီး စွမ်းဆောင်နိုင်ရည်နှင့် ထိုးထွင်းဆုံးဖြတ်နိုင်ရည် တို ့ကို ပြသနိုင်ရန်
- အခြားလူငယ်အဖွဲ ့အစည်း ဖိုရမ်များနှင် ့ချိတ်ဆက်ပြီး သဘောထားအမြင်များကို တွေ ့ဆုံဆွေးနွေး ရုံ မက လက်တွေ့ကျသော လုပ်ငန်းစဉ်များ အထိ ဖြစ်ဖို ့အတွက် ကြိုးပမ်းသွားရန်
အထက်ပါ ရည်မှန်းချက်များ ပြည့်မြောက်ရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အာဏာပိုင်များ၊ လူမှုအခြေပြု အဖွဲ ့အစည်းများ၊ အမျိုးသား ခေါင်းဆောင်များ၊ပညာရှင်များ စသည်တို ့နှင့် တွေ ့ဆုံဆွေးနွေး ကာ လိုအပ်သည့် အကူအညီများကို ရယူ လုပ်ဆောင်သွားမည် ဖြစ်သည်။
ရခိုင်လူငယ်ဖိုရမ် သည် မည်သူပုဂ္ဂိုလ်၊အဖွဲ ့အစည်း အသင်းအပင်းများ ၏ သြဇာခံ လက်အောက်ခံ မဟုတ်ဘဲ ရခိုင်လူငယ် များ၏ လွတ်လပ်သော အသံများကို ထင်ဟပ်စေမည့် နေရာ တခုသာလျှင်ဖြစ် ပါသည်။ ဖိုရမ် ဆိုသည်မှာ လည်း အသင်းအဖွဲ ့၊အဖွဲ ့အစည်းတခု မဟုတ်ဘဲ အကြောင်းအရာများကို လာရောက် ဆွေးနွေး နိုင်သော နေရာ တခုသာ ဖြစ်ပြီး ငှင်းကို ကမကထ ပြုသူမျာ၊ညိှုနှိုင်းဆောင်ရွက် သူများးမှ ပုံမှန် တာဝန်ခံ စီစဉ် ဆောင်ရွက် ပေးခြင်းသာဖြစ်သည်။
ရခိုင်လူငယ်ဖိုရမ် နှင့် ပက်သက်ပြီး အသေးစိတ် သိလိုပါက ryfygn@gmail.com ကို ဆက်သွယ် မေးမြန်းနိုင်ပြီး http://www.facebook.com/RakhineYouthForum ကိုလည်း သွားရောက် ကြည့်ရှု နိုင်ပါတယ်။
နောက်ဆက်တွဲ -
ရခိုင်လူငယ်ဖိုရမ်(ရန်ကုန်) ကို ရန်ကုန်မြို ့သမိုင်းလမ်းဆုံ အနီးမှာ ရှိတဲ ့သမိုင်းမြို ့မ ပရိယတ္တိစာသင်တိုက် မှာ နို၀င်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို ့နဲ ့အနယ်နယ် အရပ်ရပ်မှာ ရှိတဲ ့ ရခိုင်အဖွဲ ့အစည်းများမှ အသက် ၃၅ နှစ် မကြီးသော လူငယ်ကိုယ်စားလှယ်များ ကို စေလွတ်ပေးဖို ့ဖိတ်ကြား ထားပါတယ်။
ရခိုင်လူငယ်ဖိုရမ်(စစ်တွေ) ကို ၀ံလက်ဖောင်ဒေးရှင်း မှ ဦးဆောင်ကာ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ လူငယ်များဖြင့် စစ်တြွေမို့နယ်တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
ဆွေးနွေးရန် အကြောင်းအရာများစွာ ရှိသည့် အနက်မှ ရန်ကုန်မြို ့တွင်ကျင်းပမည့် ရခိုင်လူငယ်ဖိုရမ် အတွက် အချိန်နှင် ့နေရာ အနေအထားအရ အောက်ပါ အကြောင်းအရာများကို ဦးစားပေး ဆွေးနွေးရန် အတွက် လုပ်ငန်းအဖွဲ ့များမှ သဘောတူခဲ့ပါတယ်။
(၁) လူငယ် နှင့် ပညာရေး (Youth and Education)
(၂) လူငယ် နှင့် မူးယစ်ဆေးဝါး (Youth and Drug abuse)
(၃) လူငယ် နှင့် နိုင်ငံရေး (Youth and Politic)
(၄) လူငယ် နှင် ့သတင်းနည်းပညာ {Youth and Information Technology(media) }
တက်ရောက်လာသူများ၏ ဆန္ဒအရ အခြား ဖြည့်စွက် ဆွေးနွေးမည့် ခေါင်းစဉ် များလည်း ရှိလာနိုင်ပါသည်။
တွေ ့ဆုံဆွေးနွေးပဲွမှ ရလဒ်များ အား စာတမ်းတခု ဖြစ်လာသည် အထိ ပြုစု သွားရန် ရည်ရွယ်ချက် ရှိပြီး သက်ဆိုင်ရာ ပြည်ထောင်စု အစိုးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများထံသို ့ဆက်လက် ပို ့ဆောင်သွားမည် ဖြစ်ကာ လူငယ်မူဝါဒ သဘောထား ချမှတ်ရာတွင် နှင့် လူငယ်ထု အတွက် အထောက်အကူဖြစ်မည့် လက်တွေ့လုပ်ငန်းစဉ်များ ချမှတ်လုပ်ကိုင်သွားရန် အထိလည်း တိုက်တွန်း လုပ်ဆောင်သွားမည်ဖြစ်သည်။
မူရင်းလင့်










No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea