Thursday, October 11, 2012

Pin It

Widgets

Software / Program FULLY Uninstall

ဒီနေ့ Computer နဲ့ပတ်သက်ပြီး Software / Program တစ်ခုကို အပြည့်အဝ ဖြုတ်ချ (Uninstall) နိုင်ဖို့ အတွက် ကျွန်တော်သိတာလေးကို ဆွေးနွေးချင်ပါတယ် ....။
တိုးတက်လာတဲ့ ခေတ်နဲ့အညီ အိမ်တိုင်း၊ လူတိုင်းနီးပါး ကွန်ပျူတာ ကို ကိုင်တွယ်လာကြတော့ Program/ Software တစ်ခုခုကို ကိုယ်တိုင် Install လုပ်တတ် သင့်သလို ကိုယ်သဘောမကျလို့ အဲဒီ Program ကို ပြန်ပြီး Uninstall လည်း လုပ်တတ်ရမှာ ဖြစ်ပါတယ်။
တကယ်တော့ ကွန်ပျူတာရဲ့ Control Panel ထဲမှာ တင်လိုက်တဲ့ Program တစ်ခုကို ပြန်ဖြုတ်ချဖို့အတွက် Feature ကို Windows စနစ်မှာ ထည့်သွင်းပေးပြီးသားဖြစ်ပါတယ် ....။ ဒါပေမဲ့ တစ်ချို့ Program တွေက ဖြုတ်ချလိုက်သည့် တိုင်အောင် မပြုတ်ဘဲ အဲဒီ Program ရဲ့တစ်ချို့ Feature တွေကျန်နေတတ်ပါသေးတယ်။ ဒါ့ကြောင့် Software / Program တစ်ခုကို အပြည့်အဝဖြုတ်ချနိုင်ဖို့ ကျွန်တော်သိတာလေးကို ဆွေးနွေးပေးပါမယ်။

Normal Uninstall
တစ်ချို့ Program တွေမှာ ဆိုရင် Start > All programs သို့ဝင်ရောက်လိုက်ပြီး ကိုယ်ဖြုတ်ချချင်တဲ့ Program Folder ကို နှိပ်လိုက်ရင် အဲဒီထဲမှာ Uninstall ဆိုတာ တစ်ခါတည်း ထည့်ပေးထားပါတယ်။ အဲဒီထဲကနေ Uninstall လုပ်ရင်လည်း ရပါတယ် ...။


သာမန်အနေနဲ့ Program တစ်ခု Uninstall လုပ်ဖို့အတွက် Start > Control Panel > Programs and Features ( Windows XP မှာဆိုရင် Add or Remove Programs ) သို့ ၀င်ရောက်လိုက်ပါ။


အဲဒီထဲမှာ ကိုယ့်ကွန်ပျူတာအတွက် Install လုပ်ထားတဲ့ Program တွေကို ပြပေးနေမှာ ဖြစ်ပါတယ်။ ဒီ Programs တွေထဲက ကိုယ် Uninstall  လုပ်ချက်တဲ့ Program ကို Mouse နဲ့ Click နှိပ်ပြီး ရွေးချယ်ပေး ရမှာဖြစ်ပါတယ်။ ပြီးရင် အပေါ်မှာ ပါတဲ့ Uninstall/Change ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးရပါမယ် ။ (ကျွန်တော် နမူနာအနေနဲ့ VLC media player ကို Uninstall လုပ်ပြပါမယ်။)


ဒီလိုနှိပ်လိုက်တာနဲ့ Uninstall လုပ်ဖို့ ညွှန်ကြားချက်တွေ၊ ခွင့်ပြုချက်တွေ တောင်ခံမေးမြန်းလာပါမယ်။ သာမန်အနေနဲ့ သူညွန်ပေးထားတဲ့ အတိုင်း Next, Yes, OK စသည်ဖြင့် သွားရမှာ ဖြစ်ပါတယ် ....။ (တစ်ချို့ Program တွေက Uninstall လုပ်ပြီးရင် ကွန်ပျူတာကို Restart လုပ်ခိုင်း တတ်ပါတယ်။)

ဒီလို Uninstall လုပ်လိုက်ရင် Program ရဲ့ Feature တွေပျက်သွားပြီလား ?
ကွန်ပျူတာမှာ Program တစ်ခုကို Uninstall လုပ်လိုက်တိုင်း သူနဲ့ပတ်သက်တဲ့ တစ်ချို့အချက်အလက် တွေကို ကွန်ပျူတာရဲ့ စက်ခန်း လို့ပြောလို့ရတဲ့ Registry ထဲမှာ သိမ်းထားခဲ့ပါ တယ်။
တကယ်တော့ Program ကို Install လုပ်တယ်ဆိုတာလည်း ဒီ Registry ထဲသို့ လိုအပ်တဲ့ Registry key, Value တွေကို ရေးသွင်းခြင်း ဖြစ်ပါတယ် ....။ သူကနေမှ Windows နဲ့ချိတ်ဆက်တာတွေ၊ တစ်ခြား Programs တွေနဲ့ ချိတ်ဆက်တာတွေကို နောက်ကွယ်ကနေ ဆက်လက် လုပ်ဆောင်ပေးနေ တာပါ။
ဒီတော့ ကျွန်တော်တို့ အထက်မှာဆွေးနွေးခဲ့သလို Uninstall လုပ်လိုက်ရုံနဲ့ Registry ထဲက တစ်ချို့ Value တွေမပျက်ဘဲ ကျန်ရှိနေနိုင်ပါတယ် ....။ ဒီ Registry line တွေဟာ kaspersky, IDM တို့လို Program တွေအတွက်ဆိုရင် ဖြုတ်ချပြီး နောက်ထပ် အသစ်ပြန်တင်တဲ့ အခါမှာ တော်တော်လေး ဒုက္ခပေး တတ်ပါတယ် .....။ ဒါ့ကြောင့် Program တစ်ခုကို Uninstall လုပ်ပြီးတဲ့ အခါ Registry ထဲမှာ ကျန်နေတဲ့ အဲဒီ Program ရဲ့ Registry line တွေကိုပါ ဖျက်ထုတ်နိုင်ဖို့ ကျွန်တော် ဆက်ပြီး ဆွေးနွေးပါမယ် ....။

ကွန်ပျူတာရဲ့ Registry ဆိုတဲ့ အပိုင်းဟာ တကယ်အရေးကြီးတဲ့အပိုင်းဖြစ်တဲ့အတွက် Adm account မှသာ ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ် ...။ တစ်ချို့ဆိုရင် မကျွမ်းကျင်တဲ့သူတွေ မဝင်ရောက်နိုင်အောင် ပိတ်ထားတတ်ကြပါတယ် .....။ အရေးကြီးတဲ့ အပိုင်း ဆိုပေမဲ့ ၀င်ရောက်ဖို့ ကြောက်နေစရာ မလိုပါဘူး ....။ ( System Restore Point လေးတော့ လုပ်ထားလိုက်ရင် ပိုကောင်းပါတယ်။)
Registry Editor ထဲသို့ ၀င်ရောက်ဖို့အတွက် Start > Run သို့ဝင်ရောက်လိုက်ပါ။ (ကီးဘုတ်မှ Windows key+R ကိုနှိပ်လိုက်ရင်လည်း ရပါတယ်။)
Run box ပွင့်လာရင် Open... ရှေ့ကအကွက်ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။ (ကီးဘုတ်မှ Enter နှိပ်လိုက်ရင်လည်း ရပါတယ်။)


Registry Editor windows ပွင့်လာပါမယ်။ အပေါ်မှာပါတဲ့ Menu တွေထဲက Edit > Find... သို့ဝင်ရောက် လိုက်ပါ။ (Menu မှ မဝင်ရောက်ချင်ပါက ကီးဘုတ်မှ Ctrl+F ကိုနှိပ်လို့ရပါတယ်။)


Find box လေးပွင့်လာပါမယ်။ Find what: ရှေ့က အကွက်လေးထဲမှာ ကိုယ် Uninstall လုပ်လိုက်တဲ့ Program အမည်ကို ရိုက်ထည့်လိုက်ပါ။ (Version တွေမထည့်ရင်လည်း ရပါတယ်။ ကျွန်တော် နမူနာ အနေနဲ့ VLC media player ကိုပြပေးထားပါတယ်။) ပြီးရင်တော့ ညာဘက်မှာပါတဲ့ Find Next ဆိုတာလေးကို နှိပ်လိုက်ပါ။

ကွန်ပျူတာမှ သူ့အလိုလျောက် ရှာပါလိမ့်မယ်။ ကိုယ်ရှာတဲ့ Program နဲ့ ပတ်သက်တဲ့ Registry line တွေရှိနေသေးရင် ပြပေးပါလိမ့်မယ်။


ညာဘက်အစွန်ဆုံးက Data အောက်က စာကြောင်းကို သေချာစစ်ကြည့်ပါ။ ကိုယ်ဖြုတ်ချလိုက်တဲ့ Program နဲ့သက်ဆိုင်တာမှန်ရင် ကီးဘုတ်မှ Delete ကိုနှိပ်ပေးလိုက်ပါ။ ကွန်ပျူတာမှ Delete လုပ်မှာ သေချာလား ဆိုပြီး မေးလာပါမယ်။ Yes ကိုနှိပ်ပေးလိုက်ပါ။


နောက်ထပ်ကျန်/မကျန် ထပ်ပြီးရှာမယ်ဆိုရင် Edit > Find Next ကိုနှိပ်လိုက်ရုံပါ။ (ကီးဘုတ်မှ F3 ကိုနှိပ်ရင်လည်း ရပါတယ်။) ကွန်ပျူတာက သူ့အလိုလျောက် ထပ်မံရှာပါမယ်။ ကိုယ်ဖြုတ်ချလိုက်တဲ့ Program ရဲ့ နေရာယူခဲ့မှုအပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ်။ Registry line ထပ်မံတွေ့ရင် အထက်မှာဆွေးနွေးခဲ့သလို Delete လုပ်ရမှာ ဖြစ်ပါတယ် ....။ တစ်ချို့ Program တွေရဲ့ Value key တွေကို ကွန်ပျူတာက ဖျက်ခွင့်မပြုတာတွေလည်း ရှိပါတယ် ... သူ့ကိုမဖျက်ဘဲ ထပ်ရှာပြီး ဖျက်လို့ရတာ အကုန်ဖျက်နိုင်ပါတယ်....။ နောက်ဆုံး လုံးဝ မတွေ့တော့ဘူး ဆိုရင်တော့ အောက်က ပုံလေးလို ပြီးဆုံးကြောင်း ပြောလာပါမယ်။ OK ကိုနှိပ်ပေးလိုက်ပြီး Registry Editor ကိုပိတ်လို့ရပါပြီ ....။


ကွန်ပျူတာရဲ့ Registry ပိုင်းဟာ တကယ်စိတ်ဝင်စားစရာကောင်းတဲ့ အပိုင်း ဖြစ်ပါတယ် ....။ သူ့အထဲသို့ ၀င်ရောက် ပြုပြင်ရင်လည်း သတိထားဖို့ လိုအပ်ပါတယ်။ အခုနောက်ပိုင်းတွေမှာတော့ Registry ပိုင်းကို ပြုပြင်ရှင်းလင်း ပေးတဲ့ Software တွေ တော်တော်များများ ထွက်နေပြီမို့ ကိုယ်တိုင်ဝင်ရောက် လုပ်နေစရာတောင် မလိုအပ်တော့ပါဘူး .....။ ဒါမေမဲ့ ဒီလိုလေး လုပ်လို့ရတယ် ဆိုတာကို မသိသေးတဲ့ မိတ်ဆွေများအတွက် ပြန်လည် ဝေမျှရင်း ......
အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ .......။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top