Monday, October 8, 2012

Pin It

Widgets

Facebook ကိုမဖွင့်ဘဲ Facebook မှာ Post တင်ရအောင် ...

ခေါင်းစဉ်ကို ဖတ်ကြည့်ပြီး နည်းနည်းရှုပ်သွားမယ် ထင်ပါတယ်။ ကျွန်တော် ပြန်ရှင်းပြပါမယ် ...။
ကိုယ့်ရဲ့ Facebook Home page မှာ Post တင်ဖို့အတွက် www.facebook.com သို့ ၀င်ရောက်နေစရာ မလိုပါဘူး ...။ Browser ကိုလည်း ဖွင့်နေစရာ မလိုပါဘူး ...။ ကိုယ့်ရဲ့ ကွန်ပျူတာမှာ Seesmic program လေးကို Install လုပ်ထားလိုက်ရုံပါဘဲ ...။
ကိုယ်တင်မဲ့ Post မှာ webpage လိပ်စာ (link) တွေထည့်ပေးနိုင်သလို ဓါတ်ပုံတွေပါ တစ်ခါတည်း ထည့်ပေးနိုင်ပါတယ် ...။ တစ်ခါတစ်လေ ကိုယ်က Post ရေးနေတဲ့အချိန်မှာ Chat ကနေ Message တွေတက်လာတော့ စိတ်ညစ်ရတာပေါ့ .... ဒီ Seesmic နဲ့ဆို ဒီဒုက္ခက လွတ်ပါပြီ...။
တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးက
Schedule Post လို့ခေါ်တဲ့ အချိန်၊ ရက်စွဲကို သတ်မှတ်ပြီး Post တင်လို့ ရပါတယ် ...။ ဥပမာ ပြောရရင် ကိုယ့်သူငယ်ချင်း၊ ချစ်သူ၊ မိသားစု တွေရဲ့ မွေးနေ့မရောက်သေးပေမဲ့ အခုကတည်းက ကြိုပြီး Post တင်ထားလို့ ရပါတယ်။ လောလောဆယ်မှာ ဖေါ်ပြမှာ မဟုတ်သေးဘဲ Seesmic Server မှာ ခေတ္တသိမ်းထားမှာပါ။ ကိုယ်ပေးလိုက်တဲ့ ရက်စွဲ အချိန်ရောက်ရင် သူ့အလိုလျောက် Post တင်ပေးမှာ ဖြစ်ပါတယ်...။
တော်တော် စိတ်ပျက်စရာကောင်းတာက
မြန်မာစာ Font ကို မသိတာပါ။ Setting မှာလည်း မပါဘူး။ ဒါပေမဲ့ လွယ်ပါတယ် ...။ ကိုယ်တင်မဲ့ Post ကို Notepad, Microsoft Word တစ်ခုခုမှာရိုက်ပြီး Copy > Paste လုပ်လိုက်တာပေါ့ .... :)

Post တင်ဖို့ ကန့်သတ်ထားတဲ့ စာလုံးအရေအတွက်ကတော့ ၅၀၀၀ ဖြစ်ပါတယ်။
ကဲ ဘယ်လိုလုပ်ရမယ် ဆိုတာလေး စရအောင်ဗျာ ...
အဆင့်(၁)
ဒီ နေ ရာ လေး သို့အရင် ၀င်ရောက်လိုက်ပြီး Profile တစ်ခု လုပ်လိုက်ပါ။(အကောင့်လုပ်တဲ့ သဘောပါ။)


အဆင့်(၂)
Seesmic windows ရဲ့ အပေါ်မှာပါတဲ့ Tab လေးတွေထဲက Accounts သို့ဝင်ရောက်လိုက်ပြီး အောက် နားမှာပါတဲ့ Add Account ရဲ့အောက်က Facebook ကိုရွေးပေးလိုက်ပါ။ Facebook သို့ရောက်သွားပြီး Login ၀င်ခိုင်းပါမယ်။ ကိုယ့်Facebook အကောင့်နဲ့ Log in ၀င်ရောက်လိုက်ပါ။ App နဲ့ပတ်သက်ပြီး Facebook မှ မေးလာရင် Go to App ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
ထပ်မံ၍ ခွင့်ပြုချက်တောင်းလာရင် Allow ကိုနှိပ်ပေးလိုက်ပါ။

ကိုယ့်ရဲ့ Seesmic အကောင့်မှာ Facebook အကောင့်ရောက်နေတာကို တွေ့ရပါမယ်။


အဆင့်(၃)
အဲဒီAccount စာမျက်နှာရဲ့အောက်ဆုံးနားမှာပါတဲ့ Windows Desktop ရဲ့ညာဘက်က Install ဆိုတာလေးကို နှိပ်ပြီး Setup.exe file ကို Download လုပ်လိုက်ပါ။ 2.36Mb ဘဲရှိပါတယ်။

အဆင့်(၄)
ရလာတဲ့ setup.exe ကို Double Click လုပ်ပြီး Install လုပ်လိုက်ပါ။ Computer မှာ Install လုပ်ပြီးတာနဲ့ Seesmic သို့ဝင်ရောက်ဖို့ပြောပါမယ်။ Connect ကိုနှိပ်ပေးလိုက်ပါ။


အဆင့်(၅)
Log in ၀င်ရောက်ဖို့ပြောလာရင် အပေါ်က အဆင့်(၁) မှာလုပ်ခဲ့တဲ့ အကောင့်ဖြင့် ၀င်ရောက်လိုက်ပါ။


ဒီနေရာမှာ Facebook သို့ ကိုယ်တင်ချင်တဲ့ Post တွေ တင်လို့ရပါပြီ ...။ Browser ကိုဖွင့်နေစရာ မလိုတော့သလို www.facebook.com သို့လည်း ၀င်ရောက်နေစရာ မလိုတော့ပါဘူး ...။
Browser ကိုဖွင့်ပြီး Seesmic သို့ဝင်ရောက်လိုက်ပြီး Log in ၀င်လိုက်ရင် အပေါ်ဆုံးက Tab တွေထဲက Seesmic Web tab မှာဆိုရင် Facebook ရဲ့ လက်ရှိဖြစ်နေတဲ့ ကိုယ့်ရဲ့ Wall အခြေအနေ၊ နောက်ဆုံး ဖြစ်နေတဲ့ New Feed အခြေအနေတွေကိုပါ ကြည့်နိုင်မှာ ဖြစ်ပါတယ်။
သုံးကြည့်ရင်း အဆင်ပြေနိုင်ကြပါစေ .....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top