Saturday, October 6, 2012

Pin It

Widgets

Facebook မှာ Emoticons ပုံလေးတွေနဲ့ ချက်ကြမယ် ...


Facebook အသုံးပြုနေကြတဲ့ မိတ်ဆွေများအတွက် Emoticons ပုံလေးတွေ ရှာဖွေတင်ပေးလိုက်ပါတယ်။ (CSS သုံးပြီး Table လုပ်တာကို လေ့လာချင်တာရယ်ကြောင့် ပုံလေး ၂၅ ပုံကို Upload တင်၊ Table Code တွေရေးလိုက်ရတာ တော်တော်တော့ အချိန်ပေးလိုက်ရပါတယ် :) ) တကယ်တော့ Post ရဲ့ အကြောင်းအရာလေးက ဘာမှမရှိပေမဲ့ Facebook သုံးရင် Chatting လုပ်တဲ့နေရာမှာ ဒီလို Emoticons လေးတွေ ထည့်ပြီးရိုက်လိုက်တော့ ပိုပြီး ပီပြင်သွားတာပေါ့ဗျာ ....။
သုံးနည်းလေးကိုတော့ Gtalk, Facebook ကိုကိုမမ များသိပြီးသားဖြစ်မှာပါ ...။ မသိသေးတဲ့ သူတွေ အတွက်အသုံးပြုနည်းလေး ပြောပြချင်ပါတယ်။
Emoticons ပုံ ဆိုတာက ကိုယ့်အနေနဲ့ ကီးဘုတ်ကနေ စာလုံးလေးတွေရိုက်လိုက်ပေမဲ့ Enter ခေါက်ပြီး စာပို့လိုက်တဲ့ အခါ ပုံလေးတွေအနေနဲ့ ပြောင်းသွားတဲ့ သင်္ကေတ စာလုံးလေးတွေပါဘဲ ...။ ဒီတော့ ကျွန်တော် အောက်မှာ ပေးထားတဲ့ ဇယားလေးထဲမှာပါတဲ့ ကီးဘုတ်တွင်ရိုက်ရန် ဆိုတဲ့ အကွက်အောက်က စာလုံးလေးတွေကို ကိုယ့်ရဲ့ Facebook Chat box မှာ ရိုက်ထည့်ရမှာဖြစ်ပါတယ်။ ဒီပုံလေးတွေချည်းဘဲ ရိုက်ရမယ်လို့ မဆိုလိုပါဘူး ....။ မြန်မာစာ အင်္ဂလိပ်စာ တွေနဲ့ အတူတွဲပြီး ရိုက်လို့ရပါတယ်။ ပြီးရင် သာမန် Message ပို့သလိုဘဲ Enter နှိပ်ပြီး ပို့လိုက်ရုံပါဘဲ ...။ Enter နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့ Chat box ထဲမှာပါ ပုံလေးတွေပြောင်းသွားတာကို တွေ့ရမှာပါ ....။
သတိထားရမှာက
ဒီစာလုံးတွေကို မြန်မာလက်ကွက်နဲ့ ရိုက်လို့မရပါဘူး ....။ ဥပမာ :) လို့ရိုက်တာကို း) ဆိုပြီး (ဝေ့စနှစ်လုံးပေါက်+ကွင်းပိတ်) နဲ့ရိုက်ရင် အဆင်မပြေပါဘူး ...။ နောက်ပြီး ဒီသင်္ကေတလေးတွေနဲ့ ကိုယ်ရိုက်တဲ့ စာတြွေကားမှာ Space တစ်ချက်လောက်ခြားပြီးမှ ရိုက်သင့်ပါတယ်။
ဘယ်ဘက်အစွန်ဆုံးက နမူနာပုံ ဆိုတာကတော့ ကီးဘုတ်ကရိုက်လိုက်ရင် ပေါ်လာမဲ့ ပုံတွေပါ။ ညာဘက် အစွန်ဆုံးက မှတ်ချက်ကိုတော့ FreeIdea အင်္ဂလိပ်စာညံ့ဖျဉ်းတာကြောင့် မြန်မာမှုမပြုနိုင်တာ နားလည်ပေးကြ စေချင်ပါတယ် ....။ ကဲ .... Emoticons လေးတွေသုံးပြီး Facebook မှာ Style နဲ့ ချက်ကြည့်ရအောင်ဗျာ .....။ ဟဲ .... ဟဲ ... သဘောကျရင် FreeForFriend ကို Like လေးတော့ ပေးခဲ့ကြပါနော် ....။



နမူနာပုံကီးဘုတ်တွင်ရိုက်ရန်မှတ်ချက်
(^^^)Shark with sharp teeth out.
<(")Penguin looking to the left.
:|]Robot face.
:)A happy smiley face.
:(A sad and frowning smiley...
:PSticking tongue out.
:DA big grin and laughing.
:OShocked and surprised.
;)Winking.
B)Nerdy smiley with glasses.
B|Cool smiley wearing...
>:(Upset and angry.
:/Unsure or doubtful emoticon.
:'(Crying emoticon with tears.
3:)Laughing devil emoticon.
O:)A blushing angel with a halo.
:*Girl sending a kiss and a...
<3 data-blogger-escaped-td="td"> A red heart emoticon.
^_^Kekeke happy emoticon.
-_-Annoyed, sighing or bored.
o.OConfused or WTF emoticon.
>:OUpset, angry or shouting...
:vA Pacman emoticon.
:3Cat faced smiley.
:putnamChristopher Putnam, a...

Emoticons လေးတွေအကြောင်း ဒီထက်ပိုပြီး လေ့လာချင်သေးရင်တော့ ဒီနေရာမှာ သွားရောက်လေ့လာ နိုင်ပါတယ် ခင်ဗျာ .....
ခင်မင်လေးစားစွာဖြင့် .....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top