Wednesday, October 24, 2012

Pin It

Widgets

ပစ္စည်းအလှ


ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပစ္စည်းကို ကြိုက်သနည်း ။


မလိမ့်တပတ် ခေါင်းပုံဖြတ်၍
အနှပ်အပါး မြတ်ကြီးစား၍
သနားကင်းမဲ့ ကိုယ်ကျိုးငဲ့၍
ရခဲ့မသမာ ထိုဥစ္စာ၌
မခွာမခွဲ အရိပ်မည်း ။


ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား လက်ကိုင်ထား၍
သနားမေတ္တာ အလေးသာ၍
ရှာရသမျှ ထိုငွေစ၌
ဖိုးလမုလေး စမ်းရေအေး ။


ဇော်ဂျီ

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top