ဒေါ်ဂွထော် တစ်ယောက် ဘေးမှာချထားတဲ့ ခမောက်ပေါ်မှ လက်ကိုင်ဖုန်းကို ကောက်ယူပြီး နံပါတ်များကို နှိပ်လိုက်သည် ....။FreeIdea စဉ်းစားမိသည့် အတွေး စ,လေးတစ်ခုမျှသာ ဖြစ်ပါသည်။
" ဟဲလို .... လူကြီး လား ..."
လူကြီး ဆို၍ ရပ်ကွက်လူကြီးတော့ မဟုတ်ပါ။ သူ့အမျိူးသား ဦးဖိုးထောင် ကိုပြောခြင်းသာဖြစ်ပါသည်။ ( အိမ်ထောင်မကျမီ သမီးရည်းစားဘဝတုန်းကတော့ ကိုကြီး ဟုခေါ်ခဲ့သည်။ အိမ်ထောင်ကျပြီး ကလေးတစ် ယောက်ရတော့ အဖေကြီး ဖြစ်သွားသည် .... ကလေး ၂ ယောက်ရတော့ အိမ်ကလူကြီး ဟု ပြောင်းခေါ်ပြန်သည် .... ကလေး ၃ ယောက်ရတော့ လူကြီး ဟုသာခေါ်တော့သည်။ ဒါက ဒေါ်ဂွထော် ၏ အခေါ်အဝေါ်ပြောင်းလဲမှု သမိုင်းအကျဉ်း ...)
" အေး ....ရှင်မ .... ဘာတုန်း ကွ "
ဖုန်းဝင်လာသည့်အတွက် လယ်ထွန်သွားနေသည့် ထွန်စက်ပေါ်မှ ဦးဖိုးထောင် ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။
" အို ..... တော် ဒီနေ့ စောစော အလုပ်သိမ်းခဲ့ လို့ပြောမလို့ ...ညနေကျရင် ဟိုဘက်ရွာကအလှူ သို့လိုက်ပို့ ခိုင်းမလို့ လေ ..."
"ဟာ ..... ခဏနေမှ ပြန်ဆက်လိုက် .... အခုထွန်စက်သံနဲ့ ဘာမှ မကြားရလို့ ...."
ဒေါ်ဂွထော် သိပ်တော့ ကျေနပ်ပုံ မပေါ်ပါ ... ။ ဖုန်းကို ပိတ်ပြီး ခမောက်ပေါ်သို့ ပြန်တင်ထားလိုက်ရင်း ....
" ဟေး ... ငထွန်း .... ခဏနေရင် မင်းအဖေဆီ ဖုန်းဆက်ပြီး ညနေကျရင် စောစောလာဖို့ ပြောလိုက် .."
"ဟုတ်...."
ငထွန်း တစ်ယောက် ဟုတ် တစ်ခွန်းသာ ပြောနိုင်သည် .... သူ့အမေစကားကို သေချာကြား/မကြားတော့ မသိ .... သူ့လက်ထဲမှာကိုင်ထားသည့် ဖုန်းဖြင့် Gtalk ထဲမှ သူ့ကောင်မလေးဆီသို့ Message ပို့နေတာ ကိုတော့ အပြတ်အတောက်မခံနိုင် ....။
ပြန်မြင်ယောင် မိပါသေးသည် ....
ငယ်ငယ်တုန်းက အဖေ လယ်ထွန်သွားမဲ့နေ့ဆိုရင် အစောကြီး ထပြီး နွားတွေကို အစာကျွေးရသည်။ အမေက ထမင်းဟင်းချက်ရသည်။ ပြီးရင် အဖေကနွားမောင်း၊ အမေက ထမင်းဘန်းကြီးရွက်ပြီး လယ်ထဲသို့ ဆင်းခဲ့ကြရသည် ....။ ကျွန်တော် ကတော့မုန့်စားဖို့ ဂျီကျရင်းနဲ့ အမေ့ ဘေးကလိုက်ခဲ့သည်။ (Gtalk ဆိုတာ ကျွန်တော်နဲ့ အဲဒီကတည်းက ရင်းနှီးပြီးသား :) )
ပြန်ကြားယောင် မိပါသေးသည် ....
တစ်နေ့က အဖေလယ်ထွန်မသွားခင် အရေးကြီးလို့ ဟု သူ့သူငယ်ချင်းတစ်ယောက် လာခေါ်သည်။ သူ့သူငယ်ချင်းနဲ့ စကားပြောပြီး လယ်ထဲသို့ သွားခဲ့သည်။ လယ်ထဲရောက်မှ နွားတွေပါမလာလို့ ရွာပြန်ပြီး နွားပြန်ယူရသည်။ အမေက အိမ်ပေါ်မှလှမ်းအော်ပြောလိုက်သည် ....
" လယ်ထွန်သွား နွားမေ့ ဆိုတာ အဲတာကိုပြောတာပေါ့ ..."
ဒီနေ့ခေတ်မှာတော့ FreeIdea တို့လို ကျေးလက်နေပြည်သူတွေအနေနဲ့ အခွင့်အလမ်းတွေ အများကြီး ရရှိနေပြီ ဖြစ်သည် ...။ ဖွံ့ဖြိုးတိုးတက်မှု၏ အရသာကို ခံစားနေကြရပြီ ဖြစ်သည် ....။
ကျေးလက်နေ ပြည်သူများကို ဖုန်းအရစ်ကျနဲ့ ရောင်းပေးမည်ဟုဆိုကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းကို အထောက်အကူ ဖြစ်စေရန်နှင့်ကျေး လက်နေ ပြည်သူတို့ လူထုစီးပွား ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယင်းသို့ စီစဉ် ဆောင်ရွက်ပေးရခြင်း ဖြစ်သည်ဟု သိရသည်။ ”သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေအလိုက် တင်ပြလာမယ့်ပေါ်မှာ မူတည်ပြီးဆောင်ရွက်ပေး သွားမှာပါ။ ငွေပေးသွင်းတာတွေကိုလည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကဘဲ စုစည်းပြီး ပေးသွင်း ရမယ်၊ ပထမအရစ် ပေးသွင်းတာနဲ့ ဆင်းမ်ကတ်တွေကို ထုတ်ပေးသွားမှာပါ” ဟု ယင်းက ထပ်မံပြောသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် ဂျီအက်စ်အမ်မိုဘိုင်း ဘီဒီအက်စ်စခန်းများ လွှမ်းခြုံနိုင်သည့် ဧရိယာအတွင်းရှိ ကျေးရွာများကို ရောင်းချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး တွင် နေထိုင်သူ ဒေသခံတစ်ဦးဖြစ်သည့် ဦးမြတ်ဇော်က ”ဒီလို အရစ်ကျစနစ်နဲ့ ကျေးလက်နေ ပြည်သူတွေ ကို ရောင်းပေးတာ ကောင်းပါတယ်။ စပါးစျေး၊ ပဲစျေးကအစ မြို့ပေါ် ဖုန်းဆက်ပြီး လှမ်းမေးနိုင်တယ်၊ သူတို့ရဲ့ လူမှုစီးပွားဘဝလည်း ဖွံ့ဖြိုးတယ်၊ နည်းပညာပိုင်းနဲ့လည်း အလှမ်းမဝေးတော့ဘူးပေါ့” ဟု ပြောသည်။ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို ဝယ်ယူလိုသူများအနေဖြင့် ဝယ်ယူသူ၏ မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ ၂ ပုံနှင့် ဖုန်းဝယ်ယူသည့် သဘောတူစာချုပ် မူရင်းတစ်စောင်တို့ဖြင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခုနှစ် ဧပြီလမှ စတင်၍ ကျပ်နှစ်သိန်း ဂျီအက်စ်အမ်ဖုန်းများကို ရောင်းချပေးခဲ့ပြီး အစိုးရဝန်ထမ်းများအား ယင်းမိုဘိုင်းဖုန်းနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို ဇွန်မှ ဩဂုတ်လအထိအရစ်ကျပေးသွင်းစနစ်ဖြင့်ရောင်း ချပေးခဲ့ကြောင်း သိရသည်။
ကိုးကား- ရန်ကုန်မီဒီယာဂရု
နေပူကျဲကျဲထဲမှာ နွားမောင်းပြီး လယ်ထွန်ခဲ့ကြရတဲ့ အဖေတို့ရဲ့ နေရာမှာ
ထွန်စက်ပေါ်ကနေ MP4 လေးနားထောင်ရင်း လယ်ထွန်ကြတဲ့ ကျွန်တော်တို့က နေရာယူခဲ့ပြီ ....။
လယ်ထွန်နေရင်း မိသားစု၊ သူငယ်ချင်းများ နဲ့ အဆက်အသွယ် မပြတ်တောက်တော့ပါ ...။
တစ်ခုတော့ သတိထားရပါသည် .....
"လယ်ထွန်သွား ဖုန်း မေ့" လို့တော့ မရပါ ....။
အကယ်၍ ကျွန်တော် ဖုန်းကို မေ့ပြီး ထားခဲ့ပါရင် .....
ရွာမှ စာဥ (ကျွန်တော့် နှလုံးသားလေး) စိတ်ကောက်မှာ သေချာပါတော့သည် ....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea