Blog ရေးသားနည်း အခြေခံများ - ၆ မှာ Blogger ကနေ အဆင်သင့် ပေးထားတဲ့ Gadget တစ်ခု ထည့်သွင်းနည်းကို ဆွေးနွေးခဲ့ပါတယ် ...။ ဒီနေ့တော့ Blogger ကနေ ပေးထားတာမဟုတ်ဘဲ သီးခြား Gadget တစ်ခုကို ဘယ်လို ထည့်သွင်းမလဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။တကယ်တော့ သိပ်မကွာခြားပါဘူး ...။ Gadget တစ်ခုကို ထည့်သွင်းဖို့ အတွက် ကျွန်တော်တို့ အနေနဲ့ သင့်တော်တဲ့(Gadget နဲ့ သက်ဆိုင်တဲ့) Code တွေကို ရယူရမှာ ဖြစ်ပါတယ်။ ဒီလိုရယူဖို့အတွက် Code တွေရှိမဲ့ နေရာတွေကိုတော့ သိထားဖို့ လိုပါတယ် ...။ ဒါကလည်း သိပ်မခက်ခဲပါဘူး ...။
ကဲ .... အခု ကျွန်တော်တို့အနေနဲ့ ကိုယ့်Blog သို့လာရောက်တဲ့ Visitor တွေအရေအတွက် ကို ပြသပေးတဲ့ Visitor Counter တစ်ခုလောက် ထည့်ကြည့်ရအောင် ....။
(Visitor Counter တစ်ခုကို ထည့်သွင်းဖို့အတွက် ဘယ်နေရာမှာ လုပ်ရမလဲမသိရင် Google မှာ Visitor counter for blog ဆိုပြီးသာရိုက်ရှာလိုက်ပါ။ Link တွေတွေ့ပါလိမ့်မယ်။)
အခု လူသုံးများပြီး ပေါ့ပါးတဲ့ 123 Counters website ထဲက Visitor Counter တစ်ခုလောက် လုပ်ကြည့် ကြပါမယ်။
- ပထမဆုံး http://www.123-counters.com/ သို့ဝင်ရောက်လိုက်ပါ။
- ကိုယ်ပိုင် ကိုယ့် Blog အတွက် လုပ်မှာ ဖြစ်တဲ့အတွက် ဒီWebsite မှာ Register လုပ်ထားရမှာ ဖြစ်ပါတယ်။ Register လုပ်ဖို့အတွက် အဲဒီစာမျက်နှာမှာပါတဲ့ Sign up now! ဆိုတာလေးကို နှိပ်လိုက်ပါ။
- ပေါ်လာတဲ့ Box လေးထဲမှာ ကိုယ့်ရဲ့ email(gmail) ကိုထည့်ပါ။ Password မှာကိုကြိုက်တဲ့ password တစ်ခုခုရိုက်ထည့်ပါ။(Gmail password နဲ့တူရန်မလိုပါ။) Confirm Password မှာ အပေါ်ကပေးထားတဲ့ Password ကိုဘဲ ပြန်ရိုက်ထည့်ပေးလိုက်ပါ။
- ပြီးရင်တော့ အောက်မှာပါတဲ့ Sign up ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
- Counter Name (ကိုယ်ကြိုက်တဲ့ အမည်တစ်ခုခုပေးလို့ရပါတယ်)
- Start at (Counter စတင်မဲ့ အရေအတွက် ဖြစ်ပါတယ်။ 0 မထားချင်ရင် ကြိုက်တဲ့ နံပါတ်ပေးလို့ရပါတယ်)
- Theme (အရောင်အသွေးကို ရွေးပေးနိုင်ပါတယ်)
- Size (ကိုယ့်Blog ရဲ့ ထည့်မဲ့နေရာအပေါ်မူတည်ပြီး အရွယ်အစားကို ရွေးပေးနိုင်ပါတယ်)
- Time zone (မြန်မာနိုင်ငံကဆိုရင် GMT+06:30 Yangon(Rangoon) ကိုရွေးပေးရပါမယ်။
- ဒါတြွေပီးသွားရင်တော့ အောက်မှာပါတဲ့ Save ကိုနှိပ်ရမှာ ဖြစ်ပါတယ်။
ဒါက ကိုယ်ထည့်ချင်တဲ့ Gadget တစ်ခုအတွက် လိုအပ်တဲ့ Code ကိုရယူတဲ့ အပိုင်း ဖြစ်ပါတယ်။
ရလာတဲ့ Code ကို Blog မှာထည့်သွင်းခြင်း
- Blog သို့ www.blogger.com မှ Log in ၀င်ရောက်လိုက်ပြီး Dashboard သို့ရောက်အောင်သွားပါ။
- ဘယ်ဘက်ခြမ်းက Layout သို့ဝင်ရောက်လိုက်ပါ။
- ကိုယ်Gadget ထည့်မဲ့(Sidebar, footer) စသည့်နေရာတွင် ပါရှိသည့် Add a Gadget ဆိုတာလေးကို နှိပ်လိုက်ပါ။
- နောက် windows တစ်ခုပွင့်လာပါမယ်။ အဲဒီထဲက HTML/JavaScript ကိုရွေးချယ်လိုက်ပါ။
- နောက်ပွင့်လာတဲ့ Windows ထဲမှာ Title နေရာမှာ ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ပေးလိုက်ပါ။(ဘာမှ မပေးရင်လည်း ရပါတယ်။)
- အောက်က Content အကွက်ထဲမှာ ခုနက Copy ကူးလာတဲ့ Notepad ထဲက Code တွေကို Paste လုပ်ပေးလိုက်ပါ။
- အောက်ဆုံးနားမှာပါတဲ့ Save ကိုနှိပ်လိုက်ပါ။ အဲဒီ windows လေးပိတ်သွားပါလိမ့်မယ်။
- Blog ရဲ့ Layout windows ထဲမှာ ကိုယ်ထည့်လိုက်တဲ့ Gadget တွေကို လိုသလို နေရာရွေ့လို့ ရပါတယ်။ ပြီးရင်တော့ ညာဘက်အပေါ်ထောင့်နားက save arrangement ဆိုတာလေးကို နှိပ်လိုက်ပါ။
Code ကိုပြုပြင်ရန်
တစ်ခါတစ်လေ ကိုယ့်Blog ရဲ့ Side Bar မှာ Gadget တစ်ခုခုထည့်တဲ့ အချိန်မှာ ဘယ်ဘက်သို့ တစ်အားကပ်နေပြီး ကြည့်မကောင်း ဖြစ်တတ်ပါတယ်။ ဒီလို ဘယ်ဘက်သို့ ကပ်နေတဲ့ Gadget ကို Center မှာရှိနေအောင်အတွက် ကိုယ်ထည့်ရမဲ့ Code တွေကို <center>Code များ </center> အနေဖြင့် ပြုပြင် ပေးလို့ ရပါတယ် ...။ ဥပမာ ... အခုကျွန်တော်တို့ ထည့်လိုက်တဲ့ Visitor Gadget ရဲ့ Code တွေကို ပြုပြင်မယ်ဆိုရင် အောက်ကလို ဖြစ်သွားပါမယ် ....
<center><object allowscriptaccess="always" type="application/x-shockwave-flash" data="http://images.firefoxplugin.info/FlowPlayer.swf?id=1221822_0" width="200" height="250" wmode="transparent"><param name="allowscriptaccess" value="always" /><param name="movie" value="http://images.firefoxplugin.info/FlowPlayer.swf?id=1221822_0" /><param name="wmode" value="transparent" /><embed src="http://images.firefoxplugin.info/FlowPlayer.swf?id=1221822_0" type="application/x-shockwave-flash" allowscriptaccess="always" wmode="transparent" width="200" height="250" /><video width="200" height="250"><a style="font-weight:bold;font-style:normal;font-size:14px" title="Casino platinum play" href="http://www.onlinecasinolist.org/review-platinum-play">www.onlinecasinolist.org</a></video></object></center>ဒီနေရာမှာ အနီရောင်နဲ့ရေးပေးထားတဲ့ html code လေးတွေဘဲ အပိုထည့်ပေးရတာပါ။ အလယ်က အပြာရောင်နဲ့ ရေးထားတာတွေက မိတ်ဆွေတို့ရဲ့ Gadget Code တွေကို ထည့်ပေးရမှာ ဖြစ်ပါတယ်....။
အဆင်ပြေနိုင်ကြပါစေ ......။





No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea