Monday, September 17, 2012

Pin It

Widgets

Facebook ရဲ့ Homepage ကို ဒီဇိုင်းပြောင်းရအောင်

ဒီနေ့တော့ Facebook နဲ့ ပတ်သက်တဲ့ အကြိုက်တွေ့စရာလေးတစ်ခု အကြောင်း ရေးချင်ပါတယ်။ သိပြီးသား မိတ်ဆွေတွေများမှာပါ ...။ မသိသေးတဲ့ မိတ်ဆွေတွေအတွက်ပေါ့ ... :)
ကိုယ့်ရဲ့ Facebook Homepage ကို အရောင်တွေ၊ စာလုံးပုံစံတွေ အပြင် တစ်ခြား ကိုယ်စိတ်ကြိုက် Setting တွေ ပြောင်းလဲပြစ်လို့ ရပါတယ်။ အသုံးပြုရမဲ့ Add On လေးကတော့ F.B.PurityF.B. (Fluff Busting) Purity is an anti spam, facebook tool, in the form of a browser addon that alters your facebook homepage to show only the most relevant information to you, by filtering out the annoying and irrelevant messages in your news feed / stream, such as application spam etc, and also giving you the option to hide the boxes you dont want to see on the right hand side of the homepage. လို့ ခေါ်ပါတယ်။ သူ့ကို အသုံးပြုလို့ရတဲ့ Browser တွေကတော့ Firefox, Chrome, Safari နှင့် Opera တို့ဘဲ ဖြစ်ကြပါတယ်။ Install လုပ်နည်းလွယ်သလို အသုံးပြုနည်းလေးကလည်း လွယ်လွယ်လေးပါ။ ကျွန်တော့်အနေနဲ့ Mozilla Firefox နဲ့ Google Chrome နှစ်ခုမှာ ဘယ်လိုလုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ဆွေးနွေးပေးပါမယ် ....။
Mozilla Firefox အသုံးပြုသူများအတွက်...
(၁) Mozilla Firefox Browser ကိုဖွင့်လိုက်ပါ။
(၂) http://www.fbpurity.com/install.htm သို့ဝင်ရောက်လိုက်ပါ။
(၃) ဒီWebsite သို့ရောက်ရင် ခဏလေးစောင့်ပေးပါ။ အပေါ်နားလောက်မှာ အစိမ်းရောင်ခလုတ်လေးနဲ့ Install F.B.Purity - Extension ဆိုပြီးတွေ့ပါလိမ့်မယ်။ Click နှိပ်လိုက်ပါ။


(၄) Add-On ကို Install လုပ်ဖို့ ခွင့်ပြုချက်တောင်းလာရင် Allow ကိုနှိပ်ပေးလိုက်ပါ။
(၅) 67.8 KB ရှိတဲ့ Add-on ကို Download လုပ်ပါမယ်။ ပြီးရင် Install လုပ်ဖို့ပြောလာပါလိမ့်မယ်။ Install Now ကို နှိပ်ပေးလိုက်ပါ။
(၆) Install ပြီးဆုံးကြောင်း ပြောလာရင် အဲဒီBox လေးကို ထောင့်က အနီရောင်ကြက်ခြေခတ်လေးနဲ့ ပိတ်လိုက်ပါ။
(၇) New Tab တစ်ခုခေါ်ပြီး (သို့မဟုတ်) Browser Windows အသစ်တစ်ခုဖွင့်ပြီး www.facebook.com သို့ Log-in ၀င်ရောက်လိုက်ပါ။
(8) Home ကိုနှိပ်ပြီး Homepage သို့သွားလိုက်ပါ။ အပေါ်နားလေးမှာ F.B.Purity ဆိုပြီးရေးထားတဲ့ စာကြောင်းလေးကို တွေ့ရပါမယ်။ Click နှိပ်လိုက်ပါ။


(၉) F.B. Purity Options ပွင့်လာရင် အဲဒီထဲမှာပါတဲ့ Setting ကို ကိုယ်ကြိုက်သလိုပြောင်းလို့ ရပါပြီ။ ကျွန်တော် နမူနာအနေနဲ့ စာမျက်နှာနောက်ခံနဲ့ စာလုံးအရောင် ကိုပြောင်းကြည့်ပါမယ်။ စာမျက်နှာနောက်ခံ ပြောင်းဖို့အတွက် Option Box ထဲက Background Colour ဆိုတဲ့ရှေ့က အဖြူဝိုင်းလေးမှာ အမှန်ခြစ်လေးပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးရင် အောက်မှာ အရောင်သတ်မှတ်ပေး ရပါမယ်။ ကျွန်တော် အနက်ရောင်ထားမှာမို့ black လို့ရိုက်ထည့်လိုက်ပါတယ်။ သူ့ကို Set လုပ်မှာမို့ အမှန်ခြစ်လေး ပေးလိုက်ပါတယ်။ ဒီနည်းအတိုင်းဘဲ စာလုံးပြောင်းဖို့ Font Colour ကိုလည်း လုပ်လိုက်ပါ တယ်။ စာလုံးအရောင်ကို ရွေးချယ်တဲ့အခါ နောက်ခံအရောင်မှာ ပေါ်မဲ့ အရောင်မျိုးကို ရွေးပေးဖို့ လိုပါတယ်။ ပြီးရင်တော့ အောက်မှာပါတဲ့ Save and Close ကိုနှိပ်လိုက်ပါတယ်။


(၁၀) Loading ပြီးသွားရင်တော့ ကိုယ့်ရဲ့ Facebook homepage ဟာ နောက်ခံအနက်၊ စာလုံးလေးတွေ အဖြူရောင်နဲ့ အောက်က ပုံလေးလို တွေ့ရပါမယ်။


(၁၂) မကြိုက်သေးရင် ပြန်ပြီးပြောင်းလို့လည်း ရပါတယ်။

Google Chrome သုံးသူများအတွက်....
(၁) Google Chrome Browser ကိုဖွင့်လိုက်ပါ။
(၂) http://www.fbpurity.com/install.htm သို့ ၀င်ရောက်လိုက်ပါ။
(၃) ခဏလောက်စောင့်ပြီးရင် အောက်ကပုံလေးလို ပေါ်လာပါမယ်။ Install F.B.Purity - Extension ဆိုတာလေးကို နှိပ်လိုက်ပါ။

(၄) Browser ရဲ့ ဘယ်ဘက်အောက်ထောင့်မှာ Download လုပ်နေတာကို တွေ့ရပါမယ်။ ပြီးသွားရင် အပေါ်နားလေးမှာ အဝါရောင်ဘားတန်းလေးတစ်ခု မေးလာပါမယ်။ ညာထောင့်မှာပါတဲ့ ကြက်ခြေခတ်နဲ့ ပိတ်လိုက်ပါ။
(၅) Chrome Browser ရဲ့ ညာဘက်ထောင့်က ဂွပုံလေးကို နှိပ်ပါ။ ကျလာတဲ့ Menu ထဲက Settings ကိုနှိပ်လိုက်ပါ။ Settings Tab ပွင့်လာပြီဆိုရင် ဘယ်ဘက် ခြမ်းမှာပါတဲ့ Extension ဆိုတာကို နှိပ်ပြီးဝင်လိုက်ပါ။ အောက်နားက Download ဆွဲထားတဲ့ fbpurity.SVNNINOH.crx ဆိုတဲ့ file လေးကို Mouse နဲ့ ဖိဆွဲပြီး Extension windows သို့ထည့်ပေးလိုက်ပါ။

(၆) Chrome မှ ခွင့်ပြုချက်တောင်းလာရင် Add ကိုနှိပ်ပေးလိုက်ပါ။


(၇) ပြီးဆုံးကြောင်း ညာဘက်ထောင့်မှ Box လေးနဲ့ပြောလာရင် ပိတ်လိုက်ပါ။
(၈) အသုံးပြုနည်းကတော့ Mozilla Firefox နဲ့ အတူတူဘဲ ဖြစ်ပါတယ်။

ပျော်ရွှင်အဆင်ပြေနိုင်ကြပါစေ .....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top