ဒီထက်တစ်ဆင့်တက်ပြီး ဆွေးနွေးချင်ပါသေးတယ် ....
ကွန်ပျူတာရှိရုံ၊ ကွန်ပျူတာ သုံးတတ်ရုံနဲ့လည်း မပြီးသေးပါဘူး .... ကွန်ပျူတာကို နည်းစနစ်မှန်မှန်သုံးတတ် မှသာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေမှု ရှိနိုင်မှာပါ ....။
- ဘဝ ၀မ်းရေးအတွက် ကွန်ပျူတာဆိုင်တွေမှာ အလုပ်လုပ်ကြရတယ်....
- ဘဝ ၀မ်းရေးအတွက် စက်ရံူအလုပ်ရုံတွေရဲ့ ကွန်ပျူတာတွေကို ကိုင်တွယ်လုပ်ကြရတယ်....
- ဘဝ ၀မ်းရေးအတွက် Gtalk, Facebook ကို တစ်နေကုန်သုံးကြရတယ် :D (ဘာမှမဆိုင်ဘူး...)
အခုခေတ်လူငယ်တွေထဲမှာ မျက်မှန်တပ်ရတဲ့ (မှန်ကြောင်) တွေ တော်တော်များလာတာတွေ့ရပါတယ်.။ Style ထုတ်ပြီး တပ်တာလား တကယ်ဘဲ မျက်လုံးအားနည်းလို့ တပ်တာလားတော့ သေချာမသိပေမဲ့ သေချာတာကတော့ သူမျက်မှန်တပ်ထားတယ် ဆိုတာပါဘဲ။
ကျွန်တော်တို့တစ်တွေကို မိဘတွေက ဆုံးမလေ့ရှိပါတယ် .... ပိုက်ဆံချွေတာသုံးပါ တဲ့ ..... ဒီထက်အရေးကြီးတဲ့ ဆုံးမစကားကို သူတို့မေ့နေကြတာပါ .... မျက်လုံးကို ချွေတာသုံးပါ .... ဆိုတာလေ ..။
လူ့ခန္ဓာကိုယ်ရဲ့ မျက်လုံးအရေးကြီးပုံတွေကို ပြောမယ်ဆိုရင်တော့ ဆုံးမှာမဟုတ်ပါဘူး ....။ အတိုချုပ်ပြော ရရင်တော့ မျက်လုံးအရေးကြီးတယ်ပေါ့....။ မျက်လုံးဆိုတာကလည်း အလင်းပြန်မှု(Reflection) နဲ့ အလုပ် လုပ်တဲ့ သဘောသဘာဝမို့ ကျွန်တော်တို့ ကွန်ပျူတာသုံးစွဲသူတွေအနေနဲ့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။
ကွန်ပျူတာဆိုတဲ့ စက်ပစ္စည်းကို ကိုင်တွယ်သုံးစွဲတဲ့ နေရာမှာ မျက်လုံးတစ်ခုတည်းကိုဘဲ ထိခိုက်စေတာတော့ မဟုတ်သေးပါဘူး ....။ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း တော်တော်များများကို ထိခိုက်စေ ပါသေးတယ် ....။
ဒီလိုပြောလိုက်လို့လည်း ကွန်ပျူတာသုံးရမှာကို ကြောက်စရာမလိုပါဘူး ......။
အရေးကြီးတာက သုံးတဲ့ နည်းစနစ် မှန်ကန်ဖို့ လိုတာပါ ....။ ကွန်ပျူတာ တစ်လုံးကို စနစ်မှန် သုံးစွဲနိုင်ဖို့ အတွက် လမ်းညွှန်ရေးသားပေးထားတဲ့ စာတွေ တော်တော်များများ ရှိပါတယ်။
ကွန်ပျူတာစားပွဲမှာ ထိုင်တာကအစ စာရိုက်ရမဲ့ ပုံစံ၊ မျက်လုံးနဲ့ Monitor ရဲ့ အကွာအဝေး၊ အနိမ့်အမြင့်၊ ပတ်ဝန်းကျင် အလင်းရောင်ပမာဏ၊ အနားပေးသင့်တဲ အချိန်ကာလ စတာတွေအပါအဝင် လိုက်နာ လုပ်ဆောင်သင့်တဲ့ အချက်တွေကတော့ အများကြီးပါ .....။
နောက်ပိုင်း အချိန်ရရင် e-book လေးတွေ တင်ပေးပါမယ်...။
အခု ဒီ Post မှာတော့ မျက်လုံးချွေတာရေးအတွက် အလကားရတဲ့ Software လေးနှစ်ခုကို ပြောပြချင် ပါတယ်။ သဘောကျလို့ သုံးနေတဲ့ မိတ်ဆွေတွေ အများကြီးရှိမှာပါ ....။ မရှိသေးတဲ့ သူတွေ မျက်လုံးချွေတာနိုင်အောင် အောက်မှာ ရှင်းပြပေးလိုက်ပါတယ် .....။
Eye Defender
ဒီ Software လေးကတော့ ကွန်ပျူတာကို အသုံးပြုရင်း တကယ် အနားပေးသင့်တဲ့ အချိန်မှာ User အနေနဲ့ မမှတ်မိရင်တောင် ကွန်ပျူတာက သူ့အလိုလို သတိပေးခြင်း၊ မျက်လုံးအေးစေမဲ့ ပုံလေးတွေကို အလိုလျောက် ဖွင့်ပေးခြင်း၊ Message Box လေးပွင့်လာပြီး သတိပေးခြင်း စတဲ့ လုပ်ဆောင်ချက်တွေ အပြင် တစ်ခြားလုပ်ဆောင်လို့ ရတဲ့ Function တွေ အများကြီး ပါ၀င် ကူညီပေးမှာ ဖြစ်ပါတယ်။
အသုံးပြုလို့ရတဲ့ Operating System တွေအနေနဲ့ကတော့ Windows 98, ME, 2000, XP, Vista, Windows 7 တွေ ဖြစ်ပါတယ်။
Software အနေနဲ့ Freeware Version ဖြစ်တဲ့အတွက် အဆင်ပြေပါတယ်.....။ လိုအပ်မယ်ဆိုရင် ဒီမှာDownload ရယူနိုင်ပါတယ်......။
F.lux Software
ဒီ Software လေးကတော့ ကွန်ပျူတာရဲ့ အလင်းရောင်ကို ပတ်ဝန်းကျင်ရဲ့ အလင်းရောင်နဲ့ အလိုလျောက် ချိန်ညှိပေးမှာ ဖြစ်ပါတယ်။ ဒီ F.lux Software ကိုလိုအပ်ခဲ့မယ်ဆိုရင် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီး ထိရောက်တာမို့ အသုံးပြုနိုင်ကြစေရန် ရည်ရွယ်ပြီး ဆွေးနွေး လိုက်ရပါတယ် .....။
အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea