ဒီနေ့အချိန်မှာ မြန်မာနိုင်ငံအနေဖြင့် www.blogger.com ကို ၀င်ရောက်နိုင်ပြီ ဖြစ်လို့ Blog ရေးသားတဲ့ သူတွေအနေနဲ့ တော်တော်လေး အဆင်ပြေနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ မိတ်ဆွေတွေက Blog ရေးသားတာကို ငွေကုန်ကြေးကျရှိမယ်၊ တစ်အားခက်ခဲမယ် ထင်ပြီး ရေးချင်ပေမဲ့ မရေးဖြစ်တာကို တွေ့ရပါတယ်.....။Blog ဆိုတာ Google ကပေးတဲ့ Free Service တစ်ခုဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်ရေးသားနိုင်ကြပါတယ် ....။ ဘာငွေကြေးကုန်ကျမှုမှ မရှိသလို ဘာမှမခက်ခဲတဲ့ အလုပ်လေး တစ်ခုပါ။
Blog ရေးဖို့ ဘာတွေ လိုအပ်မလဲ?
Blog တစ်ခုကိုရေးဖို့ မိတ်ဆွေအနေနဲ့ ဒါတွေ လိုအပ်မှာပါ ....
- Gmail အကောင့်တစ်ခု > ပေါပါတယ်။ မရှိသေးရင် ဒီနေရာသို့ သွားပြီး အသစ်ရယူနိုင်ပါတယ်။
- Internet Connection > ကိုယ်ပိုင် Connection ရှိရင်ပိုပြီးကောင်းပါတယ်။ မရှိတော့လည်း Cyber တစ်ခုခုမှာသုံးပြီး ရေးနိုင်ပါတယ်။ ဖုန်းပေါ်ကနေ ရေးလို့ရပေမဲ့ ထင်သလောက် အဆင်ပြေမယ် မထင်ပါဘူး ....။ (ရေးရတာ အားမရဘူးပေါ့ :) )
- ကိုယ်ဘယ်အကြောင်းအရာတွေကို ရေးမလဲ > ဒါ တကယ် အရေးပါတဲ့ လိုအပ်ချက်တစ်ခုပါ။ ကိုယ့်အနေနဲ့ ဘာ့ကြောင့် Blog တစ်ခုကို ရေးမယ်၊ ကိုယ့်Blog မှာ ဘယ်အကြောင်းအရာတွေကို ရေးမယ် ဆိုတာကို ကြိုတင် စဉ်းစားထားဖို့ လိုအပ်ပါတယ်။ ဒါမှ Post လို့ခေါ်တဲ့ စာတွေရေးတဲ့အခါ အဆင်ပြေနိုင် သလို ကိုယ့်ရဲ့ Blog ကိုလည်း Update ဖြစ်နေအောင် နေ့စဉ်မှန်မှန် ရေးသားနိုင်မှာ ဖြစ်ပါတယ်။ Blog တစ်ခုလုပ်ပြီး ပုံမှန်မရေးသားနိုင်ဘဲ ပျောက်ကွယ်သွားခဲ့တဲ့ Blog တွေလည်း အများကြီးရှိတာမို့ ကိုယ့် Blog ကို စတင်မရေးမီကတည်းက စဉ်းစားထားသင့်ပြီး တကယ်ရေးဖြစ်တဲ့ အချိန်မှာလည်း တတ်နိုင်သလောက် Update ဖြစ်နေအောင် စဉ်ဆက်မပြတ် ရေးသားသွားသင့်ပါတယ်။
ဒီနေ့အချိန်မှာတော့ လူတိုင်း တော်တော်များများမှာ Gmail အကောင့်တစ်ခုမက ရှိတတ်ကြတာမို့ ဒီလိုအပ် ချက်ဆိုတာကလည်း ပြောစရာမလိုအောင် ပြည့်စုံမှာပါ ....။ ဒီတော့ Blog တစ်ခုစပြီး ရေးကြည့်ကြမယ်ဗျာ။





No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea