
Post စတင်မရေးသားခင်မှာ Blog ရဲ့ အပေါ်ဆုံးမှာပါတဲ့ Navigation Bar အကြောင်းလေး ပြောချင်ပါသေးတယ်။
ကျွန်တော်တို့ Blog ကို Log-in ၀င်ဖို့အတွက် နည်းလမ်း နှစ်ခု ရှိပါတယ်။
ပထမနည်း က Browser ရဲ့ Address Bar မှာ www.blogger.com လို့ရိုက်ထည့်ပြီး Log-in မှာ User Name, Password (Blog တည်ဆောက်ခဲ့တဲ့ Gmail ရဲ့) ကိုရိုက်ထည့် ၀င်ရောက်တဲ့ နည်းဖြစ်ပြီး။
ဒုတိယနည်း ကတော့ ကိုယ့်Blog လိပ်စာအတိုင်း Browser မှာဖွင့်လိုက်ပြီး အပေါ်က Navigation Bar မှာပါတဲ့ Log-in ကို နှိပ်ပြီး ၀င်ရောက်တဲ့ နည်းပါ။
ဘယ်နည်းကိုဘဲသုံးသုံး ရပါတယ်။ အဆင်ပြေသလိုပေါ့။ အခုပြောချင်တာ Log-in ၀င်ရောက်ပြီး ပေါ်လာတဲ့ Navigation Bar အကြောင်းလေးပါ။
ဘယ်ဘက်အစွန်မှာတော့ ကိုယ့်ရဲ့ email ကိုဖေါ်ပြနေမှာပါ...။
ပြီးရင် New Post ဆိုတာ ပါပါတယ်။ ဒါက Post အသစ်တင်ဖို့အတွက် အသုံးပြုရမှာပါ။
ပြီးရင် Design ဆိုတာပါပါတယ်။ ဒါက Blog ရဲ့ Dashboard ထဲသို့ဝင်ရောက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေလုပ်လို့ရပါတယ်။ နောက်ပိုင်း တော်တော်အသုံးပြုရမဲ့ ခလုတ်လေး တစ်ခုပါ။
ပြီးရင်တော့ Sing Out ဆိုတာပါပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ Blog အကောင့်ကို ထွက်လိုက်တာပါ။
ကျွန်တော်တို့ အနေနဲ့ Post အသစ်ရေးသားမှာမို့ New Post ကို နှိပ်ပြီး ၀င်ရောက်လိုက်ပါမယ်။ ဒီလို ၀င်ရောက်လိုက်ပြီဆိုတာနဲ့ Post အသစ်တစ်ခုရေးသားဖို့ စာမျက်နှာ ပွင့်လာပါမယ်။
(1) Post ရဲ့ခေါင်းစဉ်ကို ရေးထည့်ပေးရမဲ့ နေရာဖြစ်ပါတယ်။ စိတ်ကြိုက်ပေးလို့ ရတယ်ဆိုပေမဲ့ လူအများ စိတ်ဝင်စားမဲ့ အသုံးအနှုန်းမျိုးဖြစ်ရင် ပိုပြီးကောင်းပါတယ်။
(2) Post ရေးသားမှု ပြီးစီးမှ သူများတွေ ဖတ်ရှုနိုင်အောင် Network ပေါ်သို့ တင်တဲ့ ခလုတ်လေး ဖြစ်ပါတယ်။ Publish လုပ်တယ်လို့ ခေါ်ပါတယ်။ စာရေးသူက Publish လုပ်ပြီးမှ ကျန်တဲ့ သူတွေအနေနဲ့ အဲဒီ Post ကို မြင်တွေ့ ၊ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
(3) Save လုပ်တဲ့ ခလုတ်လေးပါ။ သာမန်အားဖြင့်တော့ Blogger အနေနဲ့ Auto Save စနစ်ပါရှိပါတယ်။ Post အသစ်ရေးနေရင်း Draft(အကြမ်း) အနေဖြင့် Auto Save လုပ်ပေးနေတဲ့အတွက် အသုံးပြုစရာ မလိုတဲ့ ခလုတ်တစ်ခုပါ။
(4) ကိုယ့်ရဲ့ Blog ကို Publish မလုပ်သေးဘဲ ရေးထားတာ အဆင်ပြေမပြေ စမ်းသပ်ပြီး ကြည့်တဲ့ Preview ခလုတ်လေးပါ။ (ကွန်ပျူတာမှာ Print မထုတ်ခင် Print Preview ကြည့်တဲ့သဘောပါ။)
(5) Post မရေးသားလိုတော့ရင် ပိတ်တဲ့ ခလုတ်ပါ။ လိုအပ်ရင် သုံးလို့ ရပါတယ်။
(6)(7) Blog ကို မြင်ကွင်းနှစ်မျိုးနဲ့ ကြည့်လို့ရအောင်/ရေးလို့ရအောင် ထည့်ပေးထားတဲ့ ခလုတ်လေး နှစ်ခုပါ။ သာမန်အားဖြင့် Compose Mode မှာရှိပြီး ရေးသားရပါမယ်။ သူတို့ နှစ်ခု ကွာခြားချက်က ..... ဥပမာ- Compose mode မှာ စာလုံးတစ်လုံးကို ရေးပြီး Bold(စာလုံးထူ) လုပ်လိုက်ရင် ကွန်ပျူတာမှာ ကျွန်တော်တို့ မြင်နေကျအတိုင်း စာလုံးအထူ အနက် ဖြင့် မြင်တွေ့နိုင်မှာ ဖြစ်ပြီး ဒီအခြေအနေကိုဘဲ HTML mode သို့ပြောင်းကြည့်လိုက်ရင် <b>ကျွန်တော်တို့ရေးတဲ့စာလုံး</b> ဆိုပြီး မြင်တွေ့နိုင်ပါတယ်။ HTML Code တွေနဲ့ ကြည့်တဲ့ မြင်ကွင်းပါ။
(8) စာတွေရေးသားရာမှာ အသုံးပြုလို့ရတဲ့ Tools လေးတွေပါ။ Font အရွယ်အစား၊ Fonts အမျိုးအစား၊ စာလုံးပုံသဏ္ဍာန်၊ စာလုံးအရောင်၊ နောက်ခံအရောင်တွေ ပြောင်းလဲလို့ ရသလို ကိုယ့်ရဲ့ စကားလုံးတွေကို တစ်ခြားWebsite(Link) သို့ညွှန်းချင်ရင် အဲဒီစာလုံးတွေကို Select လုပ်ပြီး Link ဆိုတာကို နှိပ်ထည့်နိုင်ပါ တယ်။ သူ့ဘေးကတော့ ဓါတ်ပုံ၊ ရုပ်ပုံတွေထည့်ဖို့ အသုံးပြုပါတယ်။ နောက်တစ်ခုက ဗွီဒီယိုတွေ ထည့်ဖို့ သုံးပါတယ်။ နောက်တစ်ခုကတော့ Page Break လို့ခေါ်တဲ့ ကိုယ့်Post ရဲ့ တစ်နေရာရာ မှာ Read More... ဆိုပြီး ဖြတ်တောက်ဖို့အတွက် သုံးတာပါ။ သူ့ရဲ့ဘေးမှာ စာလုံးတွေကို ဘယ်/ညာ/အလယ် ချိန်ညှိတဲ့ ခလုတ်လေးပါ။ အဲဒီဘေးက Bullet & Number လို့ခေါ်တဲ့ ခလုတ်လေးပါ။ သူ့ဘေးက အထူးပြုဖေါ်ပြလိုတဲ့ စကားစုတွေအတွက် သုံးတဲ့ Quote ခလုတ်လေးပါ။ သူ့ဘေးမှာတော့ ကိုယ်Format လုပ်ခဲ့တာတွေကို ဖယ်ရှားလိုရင် သုံးတဲ့ ခလုတ်လေး ဖြစ်ပြီး နောက်ဆုံးကတော့ စာလုံးပေါင်းစစ်ပေးတဲ့ ခလုတ်လေး ဖြစ်ပါတယ်။
(9) Post Body လို့ခေါ်တဲ့ ကျွန်တော်တို့ စာရေးသားရမဲ့ နေရာ ဖြစ်ပါတယ်။
ကဲ ...... ရှင်းပြတာတွေများလို့ Post တောင်တော်တော်ရှည်သွားပါပြီ .... စာရေးကြပါစို့ ....
ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ပေးပြီး ကြိုက်တဲ့ စာတွေကိုသာ ချရေးလိုက်ပါ။ Tools လေးတွေကိုလည်း စမ်းကြည့်ပါ။
Blog ဆိုတာ လွတ်လပ်စွာရေးသားနိုင်ပါတယ်။ (တစ်ခြားသူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု ကို မထိခိုက်ဖို့တော့ လိုပါတယ်...)။
အားလုံးရေးပြီးရင်တော့ ညာဘက်ခြမ်းက Post Setting အပိုင်းလေး နည်းနည်းပြောချင်ပါတယ် ....။
Post setting မှာ Labels , Schedule , Permalink , Location , Options ဆိုပြီးပါပါတယ် ....။
တစ်ခြားဟာတွေက သူ့အတိုင်းဘဲထားလို့ရပေးမဲ့ Labels ဆိုတာကိုတော့ ပေးမှ အဆင်ပြေပါမယ်။
Labels ဆိုတာက ကိုယ်ရေးလိုက်တဲ့ Post တွေကို အမိ်ျုးအစားတူရာတွေ စုပြီးနာမည်ပေးထားတဲ့ သဘောမျိုးပါ ....။ ဥပမာ - ကဗျာရေးပြီးတင်ရင် Labels ကို ကဗျာများ ဆိုပြီးတော့ တပ်ပေးရပါတယ်။ (ကဗျာရဲ့ ခေါင်းစဉ်ကို ဆိုလိုခြင်း မဟုတ်ပါ။) ကွန်ပျူတာနှင့်သက်ဆိုင်တဲ့ Post တွေအတွက်ဆိုရင် Label ကို ကွန်ပျူတာဆိုင်ရာ ဆိုပြီးတပ်ပေးမှာပေါ့ ....။
ကျွန်တော့်အနေနဲ့ ခံစာချက်လေးတစ်ခု :) ကိုရေးလိုက်တာမို့လို့ Labels ကို ခံစားချက်လေးတွေ လို့ပေးပါမယ်။
ဒီလို Label ပေးဖို့အတွက် ညာဘက်ခြမ်းမှာပါတဲ့ Labels ဆိုတာလေးကို နှိပ်လိုက်ပါမယ်။ ပြီးရင် ကိုယ်ရိုက်ထည့်ပေးချင်တဲ့ Label ကိုရိုက်ထည့်လိုက်ပါ။ (Label အနေနဲ့ တစ်အားမရှည်သင့်ပါဘူး) ပြီးရင်တော့ အောက်မှာပါတဲ့ Done ကိုနှိပ်လိုက်ရင် ရပါတယ်။ Post တင်တိုင်း Label ပေးစရာမလိုပါဘူး။ အကြောင်းအရာ အမျိုးအစားတူတာတွေအတွက် ပေးပြီးသား Label ကိုရွေးပေးလိုက်ရင် ရပါတယ်။
အားလုံးပြီးသွားရင်တော့ အပေါ်မှာပါတဲ့ Publish ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။ ခဏစောင့်ပြီးတာနဲ့ Blogger ရဲ့ Dashboard သို့ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ခုနကရေးပြီး Publish လုပ်လိုက်တဲ့ Post ခေါင်းစဉ်နဲ့ သူ့ကိုပေးထားတဲ့ Label တို့ကိုတွေ့ရပါမယ်။ သူ့ရဲ့ ညာဘက်အစွန်မှာ အချိန်ကို ဖေါ်ပြပေးနေပါမယ်။ ဘယ်ဘက်မှာတော့ ရေးပြီးသား Post အရေအတွက်နဲ့ Publish လုပ်ပြီးသား Post အရေအတွက် ကို ဖေါ်ပြနေမှာ ဖြစ်ပါတယ်။
ဒီမြင်ကွင်းဟာ Admin View လို့ခေါ်တဲ့ Blog တည်ဆောက်တဲ့ Account ပိုင်ရှင်မြင်တွေ့ရတဲ့ မြင်ကွင်းဖြစ်ပြီး User တစ်ယောက်(Blog ကိုဝင်ရောက်ဖတ်ရှုသူ) မြင်တွေ့ရမဲ့ မြင်ကွင်းမျိုးကြည့်ချင်တယ် ဆိုရင်တော့ အပေါ်ဆုံးမှာ ပါတဲ့ View Blog ဆိုတဲ့ ခလုတ်လေးကို နှိပ်ရမှာဖြစ်ပါတယ်။ ဒီလိုနှိပ်လိုက်ရင်တော့ ကိုယ်ရေးထားတဲ့ Post လေးကို မြင်တြွေကရမှာ ဖြစ်ပါတယ် ....။
(Blog ရေးသားနေရင်း သို့မဟုတ် Publish လုပ်တဲ့အခါ အောက်ပုံလို Error တက်လာတတ်ပါတယ်။ မစိုးရိမ်ပါနဲ့ Internet connection ကြောင့်ဖြစ်တာပါ။ ရေးစရာရှိတာ ဆက်ရေးပါ။ Publish လုပ်လို့ ဒီလိုပေါ်လာရင် နောက်တစ်ကြိမ် Publish ကို ထပ်ပြီး နှိပ်ပါ။)
လိုအပ်လို့ ဖတ်ချင်ပါလျှင်....
Blog ရေးသာနည်း အခြေခံများ - ၁
Blog ရေးသာနည်း အခြေခံများ -၂
(ဆက်လက်ရေးသားပေးပါမယ် .....)
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea