ဒီ Post မှာတော့ Blog ရေးသားသူတစ်ယောက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ Dashboard အပိုင်း ကို ဆွေးနွေးချင်ပါတယ်....။ ပထမဆုံး သိထားသင့်တာကတော့ Blog ကို မြင်ကွင်း (၂)ခု နဲ့ ခွဲခြားမြင်တတ်ဖို့ အရေးကြီးပါတယ်။ မြင်ကွင်း (၂)ခု ဆိုတာက-
မြင်ကွင်း(၁) - Blog ရေးသားသူပိုင်ရှင်ကိုယ်တိုင်သာ ၀င်ရောက်ကြည့်ရှု / ပြုပြင်ပြောင်းလဲ နိုင်တဲ့ Blog ရဲ့ Dashboard မြင်ကွင်း ဖြစ်ပြီး
မြင်ကွင်း (၂) ကတော့ - လာရောက်လည်ပတ်သူများ ဖတ်ရှုလေ့လာလို့ရတဲ့ User မြင်ကွင်း တို့ဖြစ် ကြပါတယ်။
Blog နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေအကုန်လုံးကို Dashboard ဘက်အခြမ်းမှာ လုပ်ကြရမှာ ဖြစ်ပြီး ဒီလိုလုပ်လိုက်တဲ့ အကျိုးသက်ရောက်မှုကို User မြင်ကွင်းမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ပြုပြင်ပြောင်း လဲမှုတွေလုပ်ရမဲ့ Dashboard အပိုင်းကို သေချာလေး သိထားအောင် ဆွေးနွေးပေးပါမယ်။
သာမန်အနေဖြင့် www.blogger.com သို့ Log-in ၀င်ရောက်လိုက်ပါက မိမိအကောင့်နှင့်သက်ဆိုင်တဲ့ Page သို့ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီစာမျက်နှာရဲ့ အပေါ်နားမှာပါတဲ့ ကိုယ့် Blog အမည်ပေါ်မှာ Click နှိပ်ပြီး ၀င်ရောက်ရပါမယ်။
ဒီလိုဝင်ရောက်လိုက်ပြီဆိုရင်တော့ ကျွန်တော်တို့ဖန်တီးထားတဲ့ Blog ရဲ့ Dashboard သို့ရောက်ရှိလာပြီ ဖြစ်ပါတယ် ....။ Blog Dashboard ရဲ့ဖွဲ့စည်းပုံနဲ့ ပါ၀င်တဲ့ Settings တွေအနေနဲ့က
ဘယ်ဘက်ခြမ်းမှာ အချက်အလက်တွေပါရှိပြီး အဲဒီအချက်အလက်တွေနဲ့ သက်ဆိုင်တာတွေကို ညာဘက်ခြမ်းမှာ ပြပေးမှာ ဖြစ်ပါတယ်....။
Overview - ကိုယ့်Blog သို့ဝင်ရောက်ပြီး ဘယ်လောက်ကြည့်ရှုတယ်၊ Post တွေဘယ်နှစ်ခု တင်ပြီးပြီ၊ Command တွေဘယ်လောက်ရေးထားတယ် စသည်ဖြင့် Blog နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြပေးမှာ ဖြစ်ပါတယ်။
Posts - ကိုယ်ရေးခဲ့တဲ့ Post တွေ ဘယ်နှစ်ခုရှိနေပြီ၊ Public လုပ်ထားတာက ဘယ်နှစ်ခု၊ Public မလုပ်ရသေးတဲ့ Draft(အကြမ်း) ကဘယ်နှစ်ခု ဆိုတာကို ပြပေးသလို ညာဘက်ခြမ်းမှာ Post တစ်ခုချင်း စီအလိုက် Edit, View, Share, Delete စသည်ဖြင့် လုပ်လို့ရအောင် ထည့်ပေးထားပါတယ်။ ခေါင်းစဉ်ရဲ့ဘေးနားမှာ Label ကိုတွေ့ရမှာဖြစ်ပြီး ညာဘက်အစွန် မှာတော့ ရေးသားသူနှင့် ရေးသားတဲ့ ရက်စွဲကို တွေ့ရမှာ ဖြစ်ပါတယ်။
Pages - Blog မှာ သီးခြားစာမျက်နှာတွေ ဖွင့်လို့ရပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ အနေနဲ့ Home ဆိုတဲ့ စာမျက်နှာ တစ်ခုတည်းကိုဘဲ တွေ့ရမှာ ဖြစ်ပြီး စာမျက်နှာအသစ်ဖွင့်ချင်တယ် ဆိုရင် အပေါ်မှာပါတဲ့ New Page ဆိုတာကို နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက နှစ်သက်တဲ့ စာမျက်နှာပုံစံကို ရွေးပေးရမှာ ဖြစ်ပါတယ်။
Comments - ကိုယ့်Blog သို့လာရောက်လည်ပတ်တဲ့ မိတ်ဆွေ/သူငယ်ချင်းများ အနေနဲ့ ပြောစရာ၊ အကြံပေးစရာ၊ ဝေဖန်စရာ၊ မေးစရာ လေးတွေကို ရေးသားခဲ့တဲ့ စာအရေအတွက် ကို ဖေါ်ပြတဲ့ နေရာလေးပါ။ Blog ရေးသားသူ အနေဖြင့် ကိုယ့် Blog စာမျက်နှာတွင် မပြချင်သော Comment ကို ဖျက်ပစ်နိုင်ပါတယ်။
Google+, Stats, Earnings - ဒီ (၃) ခုကိုတော့ အသုံးလည်း နည်းသလို အခြေခံအနေနဲ့တော့ သိပ်မလိုအပ်လှပါဘူး ...။ ကိုယ့် Blog ကို Share လုပ်တာတွေ၊ Ads လို့ခေါ်တဲ့ ကြော်ငြာလိုမျိုး ထည့်တာတွေ၊ ကိုယ့်Blog ရဲ့ Traffic ကိုစစ်ဆေးတာတွေမှာ သုံးပါတယ်။
Layout - Blog ရေးသားသူတစ်ယောက် တကယ်ကို အကျွမ်းတဝင် အသုံးပြုရမဲ့ နေရာဖြစ်ပါတယ်။ ကိုယ့်Blog ရဲ့ ဖွဲ့စည်းပုံအပြင်အဆင်ကို ပြုပြင်ပြောင်းလဲနိုင်တဲ့ နေရာလေးပါ။ အခြေခံအားဖြင့် ညာဘက်ခြမ်းမှာ Header Section, Post Section, Slide Bar Section နှင့် Footer Section ဆိုပြီးပါ၀င်ပါ တယ်။ Gadget တွေထည့်လို့ရအောင်အတွက် Add a Gadget ဆိုပြီး Link လေးတွေလည်း ထည့်ပေးထားပါတယ်။
Template - ဒီ Setting ပိုင်းအနေနဲ့ကတော့ အရေးပါတဲ့ အပိုင်းဖြစ်သလို ပြုပြင်ပြောင်းလဲတဲ့ နေရာ မှာလည်း အထူးသတိထားရပါတယ် ....။ Template ဆိုတာကတော့ ကိုယ့်Blog တစ်ခုလုံးရဲ့ နောက်ကွယ် မှာအလုပ်လုပ်ပေးနေတဲ့ Code တွေရှိတဲ့ နေရာလို့ ပြောလို့ရပါတယ်။ ဒီအထဲမှာ ပြုပြင်ပြောင်းလဲတဲ့ အခါ အမှားအယွင်းမရှိအောင် ဂရုစိုက်ရပါမယ်။ ညာဘက်ခြမ်းမှာ Live on Blog ဆိုတာက ကွန်ပျူတာမှ မြင်တွေ့နိုင်တဲ့ အပိုင်း ဖြစ်ပြီး၊ အဲဒီဘေးက Mobile ဆိုတာကတော့ ဖုန်းတွေမှာ မြင်တွေ့နိုင် တဲ့ အပိုင်း ဖြစ်ပါတယ်။ ကျွမ်းကျင်ရင် ကိုယ်ပိုင် Template တစ်ခုကို လုပ်နိုင်သလို၊ Blogger ကနေ အောက်မှာပေးထားတဲ့ Template တွေထဲကလည်း ကိုယ်ကြိုက်တာကို ရွေးသုံးလို့ ရပါတယ်။
Settings - Blog တစ်ခုလုံးနဲ့ ပတ်သက်တဲ့ Setting ပိုင်းတွေကို ပြုပြင်ပြောင်းလဲနိုင်တဲ့ နေရာ ဖြစ် ပါတယ်။ ဒီ Settings အောက်မှာမှ Basic, Posts and comments, Mobile and email, Language and formatting, Search preferences နှင့် Other ဆိုပြီးပါရှိပါတယ်....။ သူတို့ တစ်ခုချင်းစီကို ၀င်ရောက်လိုက်ရင် ညာဘက်ခြမ်းမှာ သက်ဆိုင်ရာအလိုက် ပြုပြင်ပြောင်းလဲ နိုင်တဲ့ အချက်အလက်တွေကို ဖေါ်ပြပေးနေမှာ ဖြစ်ပါတယ်။
Blog တစ်ခုရဲ့ Dashboard ပိုင်းကတော့ ဒီလောက်ပါဘဲ။ တကယ် လက်တွေ့အသုံးပြုရတဲ့ အချိန်တွေ များလာလေလေ ပိုပြီးတော့ ရင်းနှီးလာမှာမို့ အခုလောလောဆယ် ဒီလောက်လေးသိထားရင် လုံလောက်ပါ တယ်။ နောက်Post မှာတော့ Blog နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ Gadget လေးတွေနဲ့ အလှဆင်ကြည့်ကြတာပေါ့ဗျာ ....။
လိုအပ်လို့ ပြန်ဖတ်ချင်တယ်ဆိုရင် .....
Blog ရေးသားနည်း အခြေခံများ - ၁
Blog ရေးသားနည်း အခြေခံများ - ၂
Blog ရေးသားနည်း အခြေခံများ - ၃
Blog ရေးသားနည်း အခြေခံများ - ၄
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea