Tuesday, July 3, 2012

Pin It

Widgets

CPE TL-WA5210G အသုံးပြုခြင်း - (၈)

Security Setting ထည့်သွင်းခြင်း
အကြမ်းအားဖြင့် ဒီအချိန်မှာ CPE ကို Internet Connection ရှိတဲ့ Router (သို့မဟုတ်) Switch တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ရင် Wireless Connection လွှင့်ပေးလို့ ရနေပါ ပြီ။ ဒါပေမဲ့ ကိုယ်လွှင့်လိုက်တဲ့ Connection မှာ လုံခြုံမှု မရှိသေးပါဘူး။ ဒါ့ကြောင့် ဒီ Connection ကိုတွေ့တဲ့သူတိုင်း အသုံးပြုသွားနိုင်ပါတယ်။ ကိုယ့်ရဲ့ Connection ကိုလုံခြုံမှုရှိအောင်အတွက် Security Key တစ်ခုခု ထည့်ထားပေးရပါမယ်။

Security Key ထည့်ပေးဖို့အတွက် CPE Configuration Windows ရဲ့ ဘယ်ဘက်ခြမ်းမှာပါတဲ့ Wireless ထဲသို့ဝင်လိုက်ပါ။ ပြီးရင် အဲဒီအောက်က Security Settings သို့ဆက်ဝင်လိုက်ပါ။ ညာဘက် ခြမ်းမှာ Security Key အမျိုးအစားတွေကို ပြပေးပါလိမ့်မယ်။ ဒီအထဲက ကျွန်တော်တို့အနေနဲ့ ကိုယ်ပေး ချင်တဲ့ အမျိုးအစားကို ရွေးပေးလို့ရပါတယ်။ (ဒီနေရာမှာတော့ ကျွန်တော့်အနေနဲ့ လုံခြုံမှုအရှိဆုံးနဲ့ Key ပေးရတာ ကန့်သတ်ချက်နည်းတဲ့ WPA2-PSK အမျိုးအစားကို နမူနာပေးသွားပါမယ်။) WPA2-PSK အမျိုးအစား Key ပေးဖို့အတွက် အောက်ဆုံးမှာပါတဲ့ WPA-PSK/WPA2-PSK ကို Select (အဖြူဝိုင်း လေးကို နှိပ်လိုက်ရင်ရပါတယ်။) ပေးလိုက်ပါ။ သူ့ရဲ့အောက်က Version အကွက်မှာ Automatic ကို WPA2-PSK သို့ပြောင်းပေးလိုက်ပါ (Drop Down မျှားလေးကိုနှိပ်ပြီးရွေးလို့ရပါတယ်။)။ Encryption အကွက်ကိုတော့ သူ့အတိုင်းဘဲ Automatic ထားပေးလိုက်ပါ။  အောက်က PSK Passphrase အကွက် မှာတော့ ကိုယ်ကြိုက်တဲ့ စာလုံး (၈) လုံးကနေ (၆၃) လုံးအထိ ထည့်ပေးလိုက်ပါ။ (သေချာမှတ်သား ထားရန် လိုအပ်ပါတယ်။) ကျွန်တော် နမူနာအနေနဲ့ Testing@CPE-2012 ဆိုပြီး ထည့်ပြထားပါတယ်။ ပြီးရင်တော့ အောက်ဆုံးမှာပါတဲ့ Save ကိုနှိပ်လိုက်ရင် ရပါပြီ။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top