Tuesday, July 3, 2012

Pin It

Widgets

CPE TL-WA5210G အသုံးပြုခြင်း - (၁၀)


User Name, Password ပြောင်းလဲခြင်း
ဒီလို IP Number ပြောင်းလဲလိုက်တာနဲ့လည်း လုံခြုံမှု အပြည့်အဝ မရှိသေးပြန်ပါဘူး။ ဘာလို့ လဲဆိုတော့ CPE Configuration သို့ဝင်ရောက်ရတဲ့ User Name နှင့် Password က သူ့ရဲ့မူရင်း ဖြစ် တဲ့ admin မှာဘဲရှိနေပါသေးတယ်။ ဒါ့ကြောင့် User Name, Password ကို ပြောင်းလဲပေးရပါမယ်။ CPE Configuration Windows ရဲ့ဘယ်ဘက်ခြမ်းမှာပါတဲ့ System Tools သို့ဝင်လိုက်ပါ။ အဲဒီရဲ့အောက်မှာပါတဲ့ Password သို့ ဆက်ပြီးဝင်လိုက်ပါ။ ညာဘက်ခြမ်းမှာ ပေါ်လာတဲ့အထဲမှာ-
Old User Name        -    admin
Old Password          -    admin
New User Name      -    (မိမိကြိုက်တာပေးလို့ရပါတယ်)
New Password        -    (မိမိကြိုက်တာပေးလို့ရပါတယ်)
Confirm New Passwor    -    (အပေါ်မှာပေးထားတဲ့ New Password ကိုဘဲပြန်ပြီးတော့ ရေးထည့်ပေးပါ။)
ဒီနေရာမှာ အသစ်ပေးလိုက်တဲ့ New User Name နဲ့ New Password ကိုသေချာ မှတ်သားထားဖို့ လိုပါတယ်။ နောက်ပိုင်း ကျွန်တော် တို့ Log In ၀င်ရောက်ရင် ဒီ User Name, Password တွေနဲ့ဘဲ ၀င်ရောက်ရမှာ မို့လို့ပါ။ (ကျွန်တော် အောက်မှာ နမူနာ ပေးပြထားပါ တယ်။) အားလုံး သေချာအောင်ပေးပြီးသွားရင်တော့ အောက်မှာပါတဲ့ Save ကိုနှိပ်လိုက်ပါ။



User Name , Password ပြောင်းလဲပြီး Save လုပ်လိုက်တာတဲ့ Configuration Windows ထဲသို့ Log In ပြန်ဝင်ခိုင်းပါ လိမ့်မယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ User Name, Password တွေ ပြောင်းလဲပြီး ဖြစ်တဲ့အတွက် admin နဲ့ ၀င်ရောက်လို့ မရတော့ပါဘူး။ ခုနက ကျွန်တော်တို့ ပေးခဲ့တဲ့ New User Name, New Password တွေနဲ့ ၀င်ရောက်ရတော့မှာ ဖြစ်ပါတယ်။


No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top