Saturday, June 16, 2012

Pin It

Widgets

HTML Sample Post (4) Text Size

ဒီတစ်ခါ စာလုံး အရွယ်အစားလေးတွေ ပြောင်းကြည့်ရအောင် ....။
စာလုံးအရွယ်အစားအတွက်တော့ size ဆိုတဲ့ စကားလုံးလေးကို သုံးပါမယ် ....။ အသုံးပြုရမဲ့ နေရာလေးကတော့ Color ကိုသုံးခဲ့သလိုမျိုးပါဘဲ .... ။အောက်မှာ နမူနာလေး ရေးပြထားပါတယ်။
<font color=blue size=4>TEXT SIZE</font>
ထုံးစံအတိုင်း Save လုပ်ပြီး ပြန်Run ကြည့်လိုက်ပါ ...။ အောက်မှာ ပြထားသလိုလေး တွေ့ရပါမယ် ...။


TEXT SIZE


ဒီနေရာမှာ Color အမည်(သို့) Code နံပါတ် ထည့်ပြီးတာနဲ့ Space တစ်ချက်ခံပြီး size= ကိုရေးပေးရမှာပါ။ ပြီးရင်တော့ တစ်ဆက်တည်းမှာ ကိုယ်ပေးချင်တဲ့ စာလုံးအရွယ်အစားကို နံပါတ်နဲ့ ရိုက်ထည့်ပေးလို့ ရပါတယ် ...။ နံပါတ်ကြီးရင် စာလုံးSize ကြီးမှာပါ ...။ အောက်မှာ ကျွန်တော် နမူနာလေးတွေ ပြပေးထား ပါတယ် ....။


TEXT SIZE(2)
TEXT SIZE(4)
TEXT SIZE(5)

ဒီတော့ ကျွန်တော်တို့ လေ့ကျင့်ခဲ့တာလေးတွေ ပြန်ပေါင်းပြီး စမ်းကြည့်ကြရအောင်ပါ ....။
အောက်မှာ ကျွန်တော် ရေးပြထားတာကို စမ်းပြီး Code ရေးကြည့်ပါ ....။


MARQUEE စမ်းကြည့်ခြင်း


အဖြေ
<marquee><b><u>MARQUEE</u></b><font color=blue size=4> စမ်းကြည့်ခြင်း </font></marquee>

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top