Saturday, June 9, 2012

Pin It

Widgets

HTML Sample Post (1) Text Style

ကဲ ... စပြီးရေးကြည့်ကြရအောင် ....
ဘာရေးမှာလဲ ?
စာလုံးအထူ (bold) စာကြောင်းလေး တစ်ကြောင်း အရင်ရေးကြည့်ကြတာပေါ့ ....။
ကျွန်တော် ရှေ့က Post မှာ ရေးပြခဲ့သလို Notepad ကိုဖွင့်လိုက်ပါ ။ ပြီးရင် အောက်မှာ ကျွန်တော်ရေးပြထား သလို ရေးလိုက်ပါ။(အနီရောင်က ကျွန်တော် တမင်ပြထားတာပါ။)

<b> This is testing the HTML bold text </b>

ပြီးရင်တော့ ဖိုင်အမည်မှာ နောက်က .html ထည့်ပြီး Save လုပ်လိုက်ပါ။ Browser တစ်ခုခုနဲ့ ဖွင့်ကြည့်လိုက်ပါ။
This is testing the HTML bold text

ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အသုံးပြုလိုက်တဲ့ HTML Code က <b></b> ဆိုတဲ့ Code ဖြစ်ပါတယ်။ အနီရောင်နဲ့ ရေးပြထားတဲ့ စာသားနေရာမှာ ကိုယ်ကြိုက်တဲ့ စာသားကို အင်္ဂလိပ်လိုရော မြန်မာလိုပါ အစားထိုးလို့ရပါတယ် ။ သူနဲ့ အတူတူပဲ စာလုံးစောင်း(Italic) ဆိုရင် <i></i> ပါ။ အောက်က မျဉ်းတားထားတဲ့ (Underline) ဆိုရင် <u></u> ပါ။ ဒီလိုလေးတွေပေါ့ ...။
<i> This is testing the HTML italic text </i>
This is testing the HTML italic text


<u> This is testing the HTML underline text </u>
This is testing the HTML underline text

စမ်းပြီး ရေးကြည့်လိုက်ပါ။
Post -1 အတွက် မှတ်စရာလေးကတော့ ....
စာလုံးကို Bold အနေနဲ့ ရေးချင်ရင်  <b> </b> ကိုသုံးမယ် ။
စာလုံးကို Italic အနေနဲ့ ရေးချင်ရင်  <i> </i> ကိုသုံးမယ် ။
စာလုံးကို Underline အနေနဲ့ ရေးချင်ရင်  <u> </u> ကိုသုံးမယ် ။

တစ်ခုလောက် ပြောချင်ပါသေးတယ် ။ ဒီ လိုရေးတာတွေကို ဘယ်နေရာမှာ သုံးရမလဲ? ဆိုတဲ့ မေးခွန်း ပါ။ ကျွန်တော်လည်း အစ, တုန်းက ဒီလိုထင်ခဲ့ပါတယ်။ တကယ်တော့ Blog တွေ၊ Website တွေ Forum တွေမှာ အသုံးတည့်ပါတယ်။ အဲဒီအထဲတွေမှာ အဆင်သင့်ရေးလို့ရအောင် Tools တွေ ထည့်ပေးထားပေမဲ့ ဘယ် Code က ဘယ်လိုအလုပ်လုပ်တယ် ဆိုတာကို သိထားတော့ ပိုပြီး အဆင်ပြေပါတယ် ....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top