Sunday, June 3, 2012

Pin It

Widgets

Gtalk မှာ မြန်မာ Font ပြဿနာ

ကယ်တော့ ကွန်ပျူတာပိုင်းမှာ ပြဿနာ တစ်ခုဖြစ်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သလို အဲဒီလို ဖြစ်လာတဲ့ ပြဿနာကိုဖြေရှင်း တဲ့နေရာမှာလည်း နည်းလမ်းပေါင်းစုံ ရှိနိုင်ပါတယ်။ (ရောဂါကိုအတိအကျသိမှ ဆေး အတိအကျသောက်လို့ ရသလိုပါ။)
Gtalk မှာဖြစ်တဲ့ မြန်မာဖောင့် တစ်ခြမ်းဘဲ ပေါ်တာနဲ့ ပတ်သက်လို့
Zawgyi Font ကို Unnistall မလုပ်ခင် ....
Gtalk Program ကို Uninstall မလုပ်ခင် ......
IE Update ဘာ/ညာ တွေကို ၀င်ရောက်မစစ်ဆေးခင် ....
အောက်မှာ ကျွန်တော်လုပ်ဖူးတာလေးကို စမ်းကြည့်စေချင်ပါတယ် ..။။ အပမ်းမကြီးပါဘူး ....။ Mouse နဲ့ Clickလေး (၇)ချက်လောက်နှိပ်ရုံလေးပါ...။
ပထမဆုံး ကိုယ်သုံးနေတဲ့ Web Browser တွေနဲ့ Gtalk ကို ပိတ်ထားလိုက်ပါ ...။

(၁) Start ကနေ Control Pannel သို့ ၀င်လိုက်ပါ ....။


(၂) Internet Options သို့ဝင်လိုက်ပါ ... ။


(၃) Internet Options Box ရဲ့ အပေါ်မှာပါတဲ့ Tab တွေထဲက Advanced ထဲသို့ ၀င်လိုက်ပါ။ အောက်နားမှာပါတဲ့ Reset ခလုတ်လေးကို နှိပ်လိုက်ပါ ...။


(၅) Reset Box မှာ အလယ်မှာပါတဲ့ Delete Personal Setting ကို (လိုအပ်ရင်) အမှန်ခြစ်လေးပေးလိုက်ပါ ....။ ပြီးရင် အောက်နားမှာပါတဲ့ Reset ကို နှိပ်လိုက်ပါ ....။


(၆) ခဏလောက်စောင့်လိုက်ပါ ....။ ဘေးနားလေးမှာ အမှန်ခြစ်အစိမ်းလေးတွေ ဖြစ်လာပါမယ်။ cmd box ခဏလောက်ပေါ်ချင်ပေါ်လာပါလိမ့်မယ် ....။


(၇) နောက်ဆုံးမှာ ဘေးနားလေးတွေမှာ အကုန်လုံး အမှန်ခြစ်အစိမ်းလေးတွေ ဖြစ်သွားပြီဆိုရင် Close ကိုနှိပ်ပြီး ပိတ်လိုက်ပါ ....။


မိမိသုံးမဲ့ Gtalk ကို Sing in ၀င်ကြည့်လိုက်ပါ ...။
အဆင်ပြေနိုင်ကြပါစေ ....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top