Friday, June 22, 2012

Pin It

Widgets

CPE TL-WA5210G အသုံးပြုခြင်း - (၅)

Power ပေး၍ စစ်ဆေးခြင်း
တကယ်ဆိုရင်တော့ CPE ကို ကိုယ်လွှင့်ချင်တဲ့ အမြင့်နေရာမှာ ထားပြီး Confi- guration ၀င်ရမှာပါ။ ဒါပေမဲ့ စစ်ဆေးစရာတွေကို အလွယ်တကူမြင်သာနိုင်အောင် ကိုယ်မြင်ရ တဲ့နေရာမှာထားပြီး လုပ်ကြပါမယ်။
CPE ကို Power ပေးလိုက်တာနဲ့ သူ့ရဲ့နောက်မှာပါတဲ့ LED မီးလုံးလေးတွေ လင်းလာ မှာဖြစ်ပါတယ်။ ဒီမီးလုံးလေးတွေ လင်းတဲ့ပုံစံကို အရင်ဆုံး စစ်ဆေးရပါမယ်။ သာမန်အခြေအနေ မှာဆိုရင်-
Power မီးလုံး - အမြဲတမ်းလင်းရပါမယ်။
LAN မီးလုံး - မှိတ်တုတ်မှိတ်တုတ် လင်းရပါမယ်။
Wireless Signal Strength မီးလုံး - အမြဲတမ်းလင်းရပါမယ်။
အောက်မှာကျွန်တော် နမူနာပုံလေးနဲ့ ဖေါ်ပြထားပါတယ်။ တကယ်လို့ သာမန်ပုံစံ မဟုတ်ဘဲ လင်းနေရင် ဆက်သွယ်ထားတဲ့ ကြိုးတွေ မှန်မမှန် စစ်ဆေးရပါမယ်။ ဒါမှမရရင် CPE ကို Reset ချကြည့်ဖို့လိုအပ်ပါမယ်။ (Reset ချပုံကိုတော့ နောက်မှာ ကျွန်တော်ရေးပေးပါမယ်။) ဒီလို Reset ချလို့မှ မရရင် Hard Ware ပိုင်းဖြစ်နိုင်တာကြောင့် နားလည်တတ်ကျွမ်းတဲ့သူနဲ့ ပြသင့်ပါတယ်။


CPE ကို Reset ချပြီးသွားရင်တော့ Power ပေးလိုက်တာနဲ့ မီးလုံးလေးတွေ လင်းတာ ကဒီလို လည်း ဖြစ်နိုင်ပါတယ် …။
Power မီးလုံး - အမြဲတမ်းလင်းရပါမယ်။
LAN မီးလုံး - မှိတ်တုတ်မှိတ်တုတ် လင်းရပါမယ်။
Wireless Signal Strength မီးလုံး - မီးမလင်းပါ။
အောက်မှာကျွန်တော် နမူနာပုံလေးနဲ့ ဖေါ်ပြထားပါတယ်။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top