Thursday, February 27, 2014

Pin It

Widgets

http:// နှင့် https:// တို့ရဲ့ ကွာခြားချက်လေး


HTTP(Hypertext Transfer Protocol)
သူကတော့ ကျနော်တို. ကွန်ပြူတာတွေကနေ server လို.ခေါ်တဲ့ ဖိုင်တွေ၊ data(အချက်အလက်)တွေ သိမ်းထားတဲ့ ကွန်ပြူတာစက်ကြီးတွေဆီက website (www.google.com, www.myanmarfamily.org) စတာတွေရဲ. webpage (www.google.com/default, www. myanmarfamily.org/forum) တွေကို တောင်းပေးတဲ့ protocol လို.ခေါ်တဲ့ ကွန်ပြူတာအသုံးပြုတဲ့ ဆက်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။
အလွယ်ပြောရရင်တော့ အင်တာနက်ပေါ်က websites တွေကို ဖတ်ရှု၊ကြည့်ရှုနိုင်ဖို.သုံးတဲ့ protocol (စည်းမျဉ်းစည်းကမ်း၊နည်းဥပဒေသ)တွေပါပဲ။
http မဟုတ်ပဲ ftp (file transfer protocol) ဆိုရင်တော့ fileတွေကိုပဲ ပြောင်းရွေ.၊ကြည့်ရှုလို.ရမှာပါ။

HTTPS (Http Secure)
HTTPS ကတော့ http နဲ. secure(လုံခြုံရေး) ကိုပေါင်းစပ်ထားတာပါ။ http ကို ဥပမာပေးရရင် သော့မပါတဲ့ သေတ္တာလိုပါပဲ ဘယ်သူမဆိုဖွင့်နိုင်တယ်။ ံhttps ကတော့ သော့နဲ. သော့ခလောက်နဲ.ရှိတော့ သော့ပိုင်ရှင်ကပဲ ဖွင့်လို.ရတော့ ပိုပြီးလုံခြုံသွားစေပါတယ်။
့့အဲ့ဒီ https သုံးတဲ့ သော့နဲ.သော့ခလောက်ကိုတော့ Transport Layer Security (TLS) and Secure Sockets Layer (SSL) လို. ခေါ်ပါတယ်။

HTTPS ကို ဘာကြောင့်သုံးတာလဲ?
အင်တာနက်ပေါ်မှာ ကိုယ့်ရဲ. ဘဏ်အကောင့်နံပါတ်တွေ၊အကြွေးဝယ်ကဒ်နံပါတ်တွေ ပတ်ဝက်စ်တွေကို တခြားလူ (hacker) တွေ ယူသုံးလို.မရအောင် secure (လုံခြုံ)စေတဲ့အတွက် သုံးပါတယ်။

ဘာတွေပိုပြီး အဆင်ပြေသွားစေတာလဲ?
ဒါလဲ http နဲ. https ဆိုတဲ့အမည်နာမကွာခြားချက်လေးပါပဲ။ https (secure) ကတော့ ပိုမိုလုံခြုံစေတာပါပဲ။ အရာရာတိုင်းမှာ အဆိုးနဲ.အကောင်းရှိသလိုပေါ့။ https မှာလဲ အားနည်းချက်လေးရှိပါတယ်။ ဒါကတော့ သိပ်မသိသာပေမယ့်လို. https ဟာ http ထက် နည်းနည်းလေး ပိုမိုနှေးကွေးသွားတာလေးပါပဲ။

ဖြည့်စွက်ခြင်း ။ Port Number
ကျနော်တို. အင်တာနက်ပေါ်မှာ ပုံတွေ၊စာတွေ၊ဖိုင်တွေ၊အီးမေလး်တွေ စသဖြင့် ကွဲပြားခြားနားတဲ့ အချက်အလက်တွေကို ကွန်ပြူတာက လက်ခံတဲ့အခါမှာ ဘယ်ဟာကပုံဖြစ်တယ်၊ဘယ်ဟာကတော့ အီးမေလ်းဖြစ်တယ်၊ဘယ်ဟာကတော့ website ဖြစ်တယ်ဆိုတာကို ခွဲခြားသိနိုင်ဖို.အတွက် port numbers လို.ခေါ်တဲ့ လေယာဉ်ကွင်းက ဂိတ်တွေလို အမှတ်စဉ်လေးတွေကို အသုံးပြုပြီးခွဲထားပါတယ်။

http ရဲ. port number ကတော့ ၈၀ ပါ
https ရဲ. Port number က ၄၄၃ ပါ။

CREDIT to ZO from Myanmayfamily.org

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top