Tuesday, February 25, 2014

Pin It

Widgets

မှတ်သားစရာလေးများ တဲ့ .... ဗျာ

  • လူတွေကို သူတို ့မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။
  • သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို ့ပင် အရေးပါလာပါလိမ့်မည်။
  • ကြားသမျှမယုံ၊ ရိှသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။
  • “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို ကြည့်ပြီးမှပြောပါ။
  • အနည်းဆုံးခြောက်လစေ့စပ်ထားပြီးမှ လက်ထပ်ပါ။
  • မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။
  • တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရိှသူသည် အများကြီးမအောင်မြင်နိုင်။
  • နက်နက်ရှိုင်းရိှုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်စိတ်ထိခိုက်နာကျင် ( အသည်းကဲွ) နိုင်သော်လည်း အချစ်သည် ဘဝမှာပိုပြီးပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
  • သဘောထားကဲွလဲွမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း မပြုပါနှင့်။
  • လူတွေကို သူတို ့၏ ဆွေမျိုးအသိုင်းအဝိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။
  • ဖြည်းဖြည်းပြောပါ။ သို ့သော် လျှင်မြန်စွာ စဉ်းစားပါ။
  • သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို ့သိချင်တာလဲ” လို ့။
  • ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ နက်ရိှုင်းသောစွန့်စားမှု ပါ၀င်နေသည်ကို သတိရပါ။
  • သင်ဆုံးရံှုးရချိန်တွင် သင်ခန်းစာယူပါ။
  • အနည်းငယ်သဘောထားကဲွလဲွမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို မထိခိုက်ပါစေနှင့်။
  • အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို ့ကြိုးစားပါ။
  • တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကိုသင့်အသံထဲမှာ ကြားရပါလိမ့်မယ်။
  • တစ်ချို ့အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
  • ကိုယ်ပြောသောစကားသည်ကိုယ့်ကိ ုပြန်သတ်သောစကားမဖြစ်ပါစေနှင့်။

တော်တော်လေး သဘောကျစရာတြွေဖစ်သလို မှတ်သားစရာလည်း ဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတာတွေကို ပြန်သုံးသပ်ကြည့်ရင် အထက်က အကြောင်းအရာလေးတွေနဲ့ အံဝင်ဂွင်ကျပါပဲ။ ကိုယ်တိုင်မှားယွင်းနေတာတွေပါသလို သူများ လွဲမှားနေတာတွေလည်း ရှိမယ်ထင်ပါတယ် ....။ ဘာဘဲပြောပြော မှတ်သားစရာလေးတွေအနေနဲ့တော့ ကျွန်တော့် Blog ထဲမှာ သိမ်းဆည်းထားလိုက်ပါပြီ။ တကယ်လိုက်နာနိုင်အောင် ကြိုးစားဖို့က ပိုပြီးအရေးကြီးမယ် ထင်ပါတယ်။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top