၂ဖက်လုံးက တစ်ယောက်ကိုတစ်ယောက်ချစ်နေတာလဲဖြစ်နိုင်တယ်…
ဒါပေမဲ့ ဒါဟာ သူငယ်ချင်းအချစ်လဲမဟုတ်ဘူး… ၁၅၀၀ အချစ်လဲမဟုတ်ဘူး…. ၅၂၈ အချစ်လဲမဟုတ်ဘူး…
ချစ်သူရည်းစားလုပ်လို့မရရင်တောင် အထူးသူငယ်ချင်း တော့လုပ်နိုင်ပါတယ်…...
သူငယ်ချင်းကြားက ဘောဘောစိတ်ဓာတ် မကုန်သေးတာဖြစ်ရင်ဖြစ်မယ်…
မိသားစုဝင်တွေရဲ့သဘောတူညီချက် တိန်းစောင်းနေတာဖြစ်ရင်ဖြစ်မယ်…
ကိုယ့်ရဲ့ရှေ့ရေးအတွက်
ကတိမပေးနိုင်တာဖြစ်ရင်ဖြစ်မယ်…
တွေ့ဆုံချိန် စောလွန်းသေးလို့ တဖက်သားကို တန်ဖိုးထားရမှန်းမသိသေးတာဖြစ်ရင်ဖြစ်မယ်…
တွေ့ဆုံချိန်နောက်ကျလွန်းလို့ ကိုယ့်ရဲ့နံဘေးမှာ အခြားတစ်ယောက်ရှိနေတာဖြစ်ရင်ဖြစ်မယ်…
ကိုယ်ခေါင်းပြန်လှည့်တဲ့အချိန်နောက်ကျသွားလို့ တဖက်သားက ကိုယ့်ကို မစောင့်နိုင်တော့တာဖြစ် ရင်ဖြစ်မယ်…
တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်က ခန့်မှန်းနေတာနဲ့ စည်းမကျော်ရဲသေးတာဖြစ်ရင်ဖြစ်မယ်…
မိသားစုဝင်တွေရဲ့သဘောတူညီချက် တိန်းစောင်းနေတာဖြစ်ရင်ဖြစ်မယ်…
ကိုယ့်ရဲ့ရှေ့ရေးအတွက်
ကတိမပေးနိုင်တာဖြစ်ရင်ဖြစ်မယ်…
တွေ့ဆုံချိန် စောလွန်းသေးလို့ တဖက်သားကို တန်ဖိုးထားရမှန်းမသိသေးတာဖြစ်ရင်ဖြစ်မယ်…
တွေ့ဆုံချိန်နောက်ကျလွန်းလို့ ကိုယ့်ရဲ့နံဘေးမှာ အခြားတစ်ယောက်ရှိနေတာဖြစ်ရင်ဖြစ်မယ်…
ကိုယ်ခေါင်းပြန်လှည့်တဲ့အချိန်နောက်ကျသွားလို့ တဖက်သားက ကိုယ့်ကို မစောင့်နိုင်တော့တာဖြစ် ရင်ဖြစ်မယ်…
တစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်က ခန့်မှန်းနေတာနဲ့ စည်းမကျော်ရဲသေးတာဖြစ်ရင်ဖြစ်မယ်…
ဒါပေမဲ့ အတူတူမနေရရင်တောင် အချင်းချင်းက လက်တွေ့ပိုကျတယ်လို့ခံစားရတယ်… ဘယ်လိုနှလုံးသားရေးရာမှ မပတ်သက်တဲ့ ဆက်ဆံမှုမျိုးကို ဆက်လက်ထိန်းထားနိုင်တယ်…
သူတို့ရဲ့စိတ်ထဲမှာတော့ ရှင်းနေတယ်… ဒီလူ့ကို ဂရုစိုက်မှုဟာ သူငယ်ချင်းထက်ပိုတယ်…
အချင်းချင်းဆိုတာရှိနေလို့လဲ စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးခြင်းဆိုတာအပြည့်ပါဘဲ…
၂ယောက်သားဟာ ပေါ်ပေါ်တင်တင် လက်တွဲပြီးလျှောက်သွားလို့မရပေမဲ့ သူတို့ဟာ ပြောလို့မရတဲ့စကားမရှိတဲ့ သူငယ်ချင်းတြွေဖစ်လာခဲ့တယ်…
အချင်းချင်းမှာ ကြိုက်နေတဲ့သူရှိတယ်… သဝန်တိုတယ်လို့ ပါးစပ်ကနေ ပြောမထွက်ပေမဲ့ စိတ်ထဲမှာတော့နာနေတယ်…
တဖက်သား အရေးကြုံလာတဲ့အချိန်မှာ ကိုယ့်ဖက်ကတတ်နိုင်သလောက်ကူညီပေးတယ်… ဘယ်သူကဘယ်လောက်ပေးဆပ်လိုက်ရတယ်ဆိုတာမျိုး အငြင်းပွားနေတာမရှိဘူး…
တဖက်သားနေမကောင်းဖြစ်တဲ့အချိန်မှာ ကုသဖို့နည်းလမ်းကို ဦးနှောက်ညစ်ပြီးရှာတယ်… သူ့ဘေးမှာအဖော်ပြုပြီးပြုစုပေးချင်တယ်…
လူတိုင်းရဲ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးတော့ရှိကြမှာပါဘဲ… ရှေ့နောက်ဆန့်ကျင်တဲ့အပြုအမူမျိုးတွေနဲ့…
အစပိုင်းမှာတော့ သူငယ်ချင်းအဖြစ်ဘဲနေခွင့်ရတာကို မကျေနပ်တာရှိနိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီတိုင်းဟာ ပိုပြီး သင့်တော်ပါတယ်လို့ ခံစားလာရလိမ့်မယ်…
တဖက်သားရဲ့ စိတ်ခံစားချက်ကို ဂရုစိုက်ပေးတာက အချင်းချင်း ဒဏ်ရာရစေတာထက်ပို ပြီးအဆင်ပြေပါလိမ့်မယ်…
ချစ်သူဖြစ်ခွင့်မရရင်လဲ အထူးသူငယ်ချင်းလေးဖြစ်ခွင့်ရရင် ပိုမကောင်းဘူးလားဗျာ…
ခင်ဗျားတို့ရဲ့စိတ်ထဲမှာကော ဒီလို အထူးသူငယ်ချင်းကဘယ်သူပါလဲ?
နှလုံးသားရေးရာတော်တော်များများဟာ ဒီလိုအမှန်တရားတွေရှေ့မှာ ကျရှုံးတတ်ကြတယ်…
ခင်မင်မှုကနေ ချစ်ခြင်းကိုပြောင်းလဲနိုင်တယ်…
ချစ်ခြင်းကနေ မိသားစုသံယောဇဉ်ကို အဆင့်တိုးနိုင်တယ်…
၂ဖက်သားကတော့ ခင်မင်မှုကနေ မိသားစုသံယောဇဉ်ကို တိုက်ရိုက်အဆင့်တိုးနိုင်တယ်…
လူ့ဘဝဆိုတာ နှစ်တစ်ရာထက်မပိုပါဘူး…
စိတ်သိကိုယ်သိ အတွင်းသိဖြစ်လာခဲ့ရင်လဲ လွယ်လွယ်ကူကူ မစွန့်ခွာလိုက်ပါနဲ့…
တခါတလေမှာ ဒီလို အထူးသူငယ်ချင်း တွေဟာထာဝရတည်မြဲသွားတတ်တယ်…
ချစ်ခွင့်ပန်တာ သို့မဟုတ် ချစ်ခွင့်ပန်ခံရတာ ဟာ ကြောက်ဖို့မကောင်းဘူး…
ကြောက်ဖို့ကောင်းတာက နောက်ဆုံးရလဒ်က ရည်စားတစ်ယောက်ရလိုက်တာမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားခြင်းပါ…
ချစ်သူတွေသာဖြစ်လာခဲ့ရင်တောင် သူကကိုယ့်ပေါ်ဘယ်လိုမြင်တာလဲကို အလေးထားလာတတ်တယ်…
အခုလို ထိန်းကွတ်စရာမလိုဘဲ ပြောချင်ရာပြောလို့မရတော့ဘူး…
ချစ်သူတြွေဖစ်လာခဲ့ရင် တောင်းဆိုမှုတွေပိုများလာမယ်… ပိုင်ဆိုင်လိုစိတ်တြွေဖစ်လာမယ်… သဝန်တိုလာမယ်… ရန်ဖြစ်မယ်…
နောက်ဆုံးတော့လမ်းခွဲတဲ့ အဆင့်ထိရောက်မယ်…
ဒါကြောင့်ဒီတိုင်းဟာ အကောင်းဆုံးပါဘဲ…
လက်တွေ့ကျကျခံစားချက်လေးကို တန်ဖိုးထားနိုင်ပါစေဗျာ…
FreeIdea အရမ်းကြိုက်တဲ့ ချိုးငှက်ဟူသည်.... Blog ထဲကနေ ပြန်ပြီး မျှဝေလိုက်တာပါ ...။ မူရင်းရေးသားသူက ခေါင်းစဉ်ကို တချို့ခင်မင်မှုတွေဟာ ချစ်ခြင်းထက်မလျော့ဘူး... အီစီကလီ မဟုတ်ဘူး... အဖြူရောင်သံယောဇဉ်လို့ခေါ်တယ်... လို့ ပေးထားပေမဲ့ FreeIdea အနေနဲ့ အချစ် မှ ပေါက်ဖွားသော အဖြူရောင် သံယောဇဉ် လို့ ပြန်ပေးထားပါတယ် ....။ ခံစားချက်ကလေး တိုက်ဆိုင်နေလို့ အထူးကျေးဇူးတင်ပါတယ် ... ချိုးငှက် ခင်ဗျာ .....
အချစ်မှ ပေါက်ဖွားလာသော အဖြူရောင်သံယောဇဉ်ကိုခံစားရင်း
ReplyDeleteဒီ post လေးကအရမ်းကို မှန်ကန်ပြီး အဓိပ္ပါယ်ရှိပါတယ်....freeidea ရေ...တိုက်ဆိုင်လွန်းလို့ တော်တော်လေးအံ့သြမိတယ်ဗျာ။၊။။၊။ကျေးဇူးအရမ်းတင်တယ်......အဝေးက အရူးမလေးရေ...ဒီ post လေးဖတ်ပြီး မင်းကိုလွမ်းလိုက်တာကွာ.................
ReplyDelete