(သားအိမ်နဲ့နို့) အကြိတ် ကင်ဆာလည်းဖြစ်သေး တယ်။ သူမစိတ်ဓါတ်ကျပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေချိန် မန္တလေး၊ စက်မှုနေ နန်းမွေဖောင်ရဲ့ ဖခင် ဦးအိုက်ရီနဲ့တွေ့ပြီး အနာရှိလျင် ဆေးရှိကြောင်း အမျိုးဖြစ်တဲ့ လားရှိုး ရပ်ကွက် ၆ နေ ဒေါ်ရွှေကျောင်းအိမ် မှာ သွားနေစေကာ ဣဿရမူလီရွက်ကို နေ့တိုင်း တစ်နေ့ သုံးလေးရွက်လောက် အစိမ်းလိုက် ဝါးစားခိုင်းတယ်။ ဒီလိုနဲ့ နောက်တစ်နှစ် ဆေးသွားစစ်ကြည့်တော့ ဘီပိုး စီပိုးနဲ့ သူမရဲ့ အကြိတ်ကင်ဆာ လည်း လုံးဝပျောက်သွားတာတွေ့ရတယ်။ အခုတိုင် သူမက ဝဝဖြိုးဖြိုးကျန်းကျန်းမာမာ ပြုံးပြုံးရွှင်ပဲ။ ယခုသူမ (၃ရ လမ်း၊ အလယ်ဘလောက်၊ ရန်ကုန်)နေပါတယ်။ ဣဿရမူလီဟာ ဘီပိုးစီပိုးအပြင် ကင်ဆာပိုး၊ ကင်ဆာအမျိုးမျိုးကိုလည်း ဣဿရမူလီက ကောင်းစွာတားဆီး သုတ်သင်နိုင်ကြောင်း သိရပါတယ်။
ဘီပိုး စီပိုး
လူ့အသည်းကို ဒုက္ခပေးတဲ့ ဘီပိုးစီပိုးကို ဒီဣဿရမူလီက ကောင်းစွာတိုက်ဖျက်နိုင်စွမ်းရှိပါ တယ်။ နိုင်ငံခြားသွားဖို့ ဆေးစစ်မအောင်တဲ့ လူငယ်လူရွယ်တွေ တချို့ဘီပိုးကြောင့် ရည်ရွယ်ချက်တွေ ပျက်ခဲ့တာလည်းရှိခဲ့တယ်။ ဒါပေမယ့် ဣဿရမူလီကို သုံးစဲြွပီး ဆေးပြန်စစ်တဲ့အခါဘီပိုးကင်းစင်ပြီး နိုင် ငံခြား ပညာသင်သွားရတဲ့ ကလေးတွေလည်း ရှိခဲ့တယ်။ စီပိုးရှိတဲ့ စာရေးသူရဲ့ ဒကာတစ်ယောက်က စီပိုးကုဖို့အတွက် ထိုင်းနိုင်ငံမှာ ဆေးသွားထိုးတယ်။ စီပိုးဆေးက အားပြင်းလွန်းလို့ ဆံပင်တွေတောင် ကျွတ်တယ်။ လူလည်း အတော်ကို နှုန်းချိတယ်လို့ ပြောတယ်။ ဆေးဖိုးကလည်း သိန်း ၂၀/၃၀ မကကုန်မယ်လို့ ပြောတယ်။ ဒါတောင်မှ ရောဂါပျောက်မပျောက် မသေခြာသေးဘူးတဲ့။ အချိန်လည်း ခန့်မှန်းလို့ မရသေးဘူးတဲ့။ ဒါကြောင့် ကျန်းမာရေးအတွက် မကုန်သင့်တာတွေ မကုန်အောင် မဆုံးရှုံး သင့်တာတွေ မဆုံးရံှုးအောင် ဣဿရမူလီ စတဲ့ ငွေကုန်ကြေးကျနဲတဲ့ အစွမ်းထက် တိုင်းရင်းဆေး အကြောင်းကို သိထားသင့်ပါတယ်။ စီပိုးက အသည်းကို လွန်စွာ ထိခိုက်တဲ့ ရောဂါဖြစ်လို့ အသည်းခြောက်၊ အသည်းကင်ဆာ အထိ ဖြစ်စေတယ်။ ဒါပေမယ့် ဣဿရမူလီကြောင့် အသည်းခြောက်ဖြစ် သူများ နှလုံးသွေးကြောကျဉ်း ရောဂါပျောက်ကင်းသွားကြောင်း စောငုဝါ ရေးသားတဲ့ “ဣဿရမူလီနွယ်ပင် နှင့် ကင်ဆာဘေးအန္တရာယ် လျှော့ချရေးု”စာအုပ်ထဲမှာ ရောဂါပျောက်သွားသူတွေ အများကြီးတွေ့ခဲ့ရတယ်။ အသည်းကင်ဆာဖြစ်တဲ့ ဆရာကြီး ဦးစိန်ထွန်းရဲ့ ဖခင်ကြီး၊ နှလုံးသွေးကြော ကျဉ်းဖြစ်တဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောနွဲ့ အပြင် အေအိုင်ဒီအက်စ် ဝေဒနာသည်များလည်း ဣဿရမူလီက ထိန်းထားနိုင်ကြောင်း သိရပါတယ်။ဣဿရမူလီအကြောင်းလည်း အခု လူသိများလာတယ်။ အစွမ်းထက်တဲ့ ဆေးတစ်လက်ဖြစ်ကြောင်း လည်း ထင်ရှားလာတယ်။ စောငုဝါ (ပျဉ်းမနား) ရေးတဲ့ “ဣဿရမူလီနွယ်ပင် နှင့် ကင်ဆာဘေးအန္တရာယ် လျှော့ ချရေးု” စာအုပ်ကြောင့်လည်း ဆေးရဲ့အာနိသင်ကို လူသိများစေပြီး ဆရာစောငုဝါလည်း စေတနာအပြည့်နဲ့ လူနာတွေကို ကူညီနေတာကြားသိရလို့ စာရေးသူ ဝမ်းသာမိပါတယ်။ ဆေးပင်ရရှိနိုင်တဲ့ နေရာတွေကို လည်း ညွှန်ပြထားပါတယ်။ စောငုဝါ (ပျဉ်းမနား) ရေးသာတဲ့ ဣဿရမူလီအကြောင်း သိကောင်းစရာ အနှစ်ချုပ်ကိုိ ကောက်နှုတ်တင်ပြလိုပါတယ်။
ဣဿရမူလီအကြောင်း သိကောင်းစရာ အနှစ်ချုပ် ကောက်နှုတ်ချက်
ဣဿရမူလီသမိုင်းဣဿရမူလီနွယ်ပင်သည် မြန်မာပြည်ဒေသအချို့နှင့် မိုးနည်းဒေသများမှာသဘာဝအတိုင်း ပေါက်ရောက် ရှင်သန် လေ့ရှိ၏။ ယခုအခါ ကချင်ပြည်နယ်နှင့် မြန်အောင်ဒေသများအထိ ပေါက်ရောက်ရှင် သန်နိုင်ကြောင်း သိရ၏။ ရှေးအခါက ဣစ္ဆာသယအပင်အဖြစ် အမှောင့်ပယောဂ အကာအကွယ်အဖြစ် ယူဆစိုက်လေ့ရှိ၏။ အချို့က ကလေးဆေးအဖြစ်နှင့် အဂ္ဂိရတ် လုပ်ငန်းများအတွက် စိုက်ကြ၏။
ယခုအခါ ဣဿရမူလီ ဆေးအစွမ်းကြောင့် ယုံကြည်အားထား၍ ဆန္ဒရှိသူများ ဝိုင်းစိုက်လာကြလေပြီ။ ထို့ကြောင့် မကြာသောကာလတွင် အလွန်ငွေကုန်၍ အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်သော ဘီပိုး၊ စီပိုး၊ အသည်းခြောက်၊ ကင်ဆာနှင့် နှလုံးသွေးကြေားကျဉ်း ရောဂါများကို ထိရောက်စွာ ကုသရင်ဆိုင်နိုင်မည့် ဣဿရမူလီအပင်များ ဒေသအနှံ့မှာ ရှိလာနိုင်ပေမည်။ ထိုအခါ ဣဿရမူလီ ဆေးအစွမ်းဖြင့် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် ကြောက်စရာရောဂါဝေဒနာကို ရင်ဆိုင်စိန်ခေါ်နိုင်မည်ဟု ယုံကြည်မိပါ၏။
ဣဿရမူလီအာနိသင်
ခါး၏။ ဖန်၏။ ပူ၏။ လက် (၂) လုံးခန့် အရွက်ကို ဝါးစားရုံနှင့် အချို့ဝေဒနာရှင်များ ထူးခြားသော ဆေး တုန့်ပြန်မှု ခံစားရ၏။ လူမှာ အပူသမား အအေးသမားရှိ၏။ အထူးသဖြင့် အပူသမားများ ဆေးတုန့်ပြန်မှု ခံစားရ၏။ ရေရှည်မီှဝဲသူများ တေဇောဓါတ်စွမ်းအားကြောင့် အလွန်အေးသော ဆောင်းရာသီ မျိုးမှာတောင် ရေချိုးမှ အဆင်ပြေ၏။ ဒေသနှင့် အာဟာရပေါ် မူတည်၍ အချို့အရွက်များမှာ လက်ဝါးခန့်၊ ဗာဒံရွက်ခန့်ကြီး၏။ ထို့ကြောင့် ဣဿရမူလီအရွက်ကို အနည်းဆုံး (အသေးဆုံး) မှ စားသင့်၏။ အဆင်ပြေမှ တိုးစားသင့်၏။
ဣဿရမူလီဆေးအစွမ်း
ဣဿရမူလီအရွက် ဆေးအစွမ်းဖြင့် (၁) ဘီပိုး (၂) စီပိုး (၃) အသည်းခြောက် (၄) ကင်ဆာ (၅) နှလုံးသွေးကြောကျဉ်းရောဂါများ သက်သာပျောက်ကင်း၏။
မီှဝဲစားသုံးပုံ
အရွက် လက် (၂) လုံးခန့်ကို စတင်ဝါးစား၍ ရေသောက်ရ၏။ အဆင်ပြေက တိုး၍ ၀ါးစားနိုင်၏။ ရောဂါဝေ ဒနာပေါ် လိုက်၍ နံနက်၊ ည တစ်ကြိမ်စီ တစ်နေ့ (၃) ကြိမ် ၀ါးစားပြီး ရေသောက်ရ၏။ အရွက်အစို လတ်ဆတ်ပါက ပိုေကောင်း၏။ စစ်မှန်က ပဉ္စငါးပါးလုံး ဆေးဖက်ဝင်၏။ ပဉ္စငါးပါးလုံး အန့ံအရ သာ ဆေးဖက်ဝင်မှု တူညီ၏။ ကြာရှည်က ပဉ္စငါးပါး အခြောက်များ အနံ့ပျောက်သွားတတ်၏။
ကင်ဆာအဖု၊ အကျိတ်များကို ဣဿရမူလီအရွက် ထုချေ၍ အုံရ၏။ နှလုံးသွေးကြောကျဉ်း ဝေဒနာအတွက် ဣဿရမူလီတစ်ရွက်နှင့် ငရုတ်ကောင်းတစ်စေ့ ၀ါးစား ရေသောက်ရ၏။ နုလျှင် အချို့ တစ်ကြိမ်စားရုံနှင့် သက်သာပျောက်ကင်း၏။ အချို့ တစ်နေ့တစ်ကြိမ်စား၍ (၄) ရက်မှ (၂၀) ရက်အတွင်း သက်သာပျောက်ကင်းနိုင်၏။
နှလုံးသွေးကြောကျဉ်း ရောဂါကို နေပြည်တော် လယ်ဝေးမြို့နယ် တောင်သုံးလုံး ဇေတဝန် ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တဝေပုလ္လ၏ ပဲွတွေ့ ကုသအောင်မြင်နေသည့် နည်းဖြစ်၏။ (၁၉၈၆-၈၇) ခုနှစ်က နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားနေရသော အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စောနွဲ့လည်း ဟိန္ဒူလူမျိုးအကြီးအကဲ ဘာဘူကြီးက ဣဿရမူလီ (၁) ရွက်နှင့် ငရုတ်ကောင်း (၁) စေ့ ၀ါးစား ရေသောက်ရုံနှင့် မခဲွစိတ်ရဘဲ သက်သာပျောက်ကင်းခဲ့သော နည်းဖြစ်၏။ ဒီနည်းနဲ့ အရှင်ဝေပုလ္လမှ ဆက်၍ ကုသအောင်မြင်နေခြင်းဖြစ်၏။
ဣဿရမူလီ (၂) မျိုး
ဣဿရမူလီ (အဖို)ပင်ကို အင်္ဂလိပ်လို Birth Wort လို့ခေါ်ပြီး မျိုးစု Genus သည် Aristolochia ဖြစ်ပြီး မျိုးစိတ် Species သည် Indica ဖြစ်၍ မျိုးရင်း Family မှာ Aristolochiaceae ဖြစ်သည်။
ဣဿရမူလီ (အမ)ပင်ကို အင်္ဂလိပ်လို Birth Wort) လို့ခေါ်ပြီး Genus သည် Aristolochia ဖြစ်ပြီး မျိုးစိတ် Species သည် Macro phyla ဖြစ်၍ မျိုးရင်း Family မှာ Aristolochiae ဖြစ်သည်။
ပုံသဏ္ဌာန်
အပင် = ပင်ပျော့နွယ်ပင်မျိုးဖြစ်၏။ အခေါက်ကြမ်းပြီး ညိုမဲွသော အရောင်ပေါ်တွင် စိမ်းပြာရောင်အကွက် များရှိ၏။ အကိုင်းအခက်များ သေးသွယ်၏။ ဖူးပွင့်သီးသော နွယ်ကိုင်းမျျားနှင့် အရွက်ပြောင်အောင် ခူးသော် ကိုင်းများ ခြောက်သွားလေ့ရှိ၏။
အရွက်= ရွက်လွှဲထွက်သည်။ သဘောင်္သီးပုံသဏ္ဌာန်ရှိ၏။ ထိပ်ပိုင်းသည် ရွက်ရင်းထက် ကျယ်၏။ ရွက်ထိပ်ချွန်၏။ ရွက်လယ်ကြော ထင်ရှား၏။ ရွက်နားချော၍ အနည်းငယ်တွန့်၏။ အသေးဆုံးလက်မခန့်မှ လက်ဝါးသဏ္ဌာန်ခွက်ခန့် အထိကြီး၏။
အပွင့် = ရေတကောင်းပုံသဏ္ဌာန်ရှိပြီး နှုတ်ခမ်းတစ်ဖက်ရှည်၍ ပွင့်သည့်အခါ ခရမ်းညိုရောင်ရှိ၏။ အရင်းပိုင်း စိမ်းဖန့်ဖန့်ရှိ၏။ သဘာဝအပင်များမှ တန်ဆောင်မုန်း နတ်တော်လများတွင် ပွင့်၏။ စိုက်ပျိုးပြုစုသော အပင်များ မိုးးကျသည်နှင့် ဖူးပွင့်တတ်၏။
အသီး = အစိမ်းရောင် ကျောက်ဖရုံသီးပေါ်တွင် အမြှောင်း (၆) မြှောင်းပါ၏။ အမြှောင်းများ ခုံး၍ အတွင်းသို့ ချိုင့်ဝင်နေ၏။ အသီးခြောက် တစ်မြှောင်းတွင် ပြား၍ အတောင်ပါသည့် သုံးထောင့်ပုံ အစေ့များစွာပါ၏။ တပို့တဲွလတွင် အသီးရင့်လေ့ရှိ၏။
ဣဿရမူလီ၏ ဆေးဖက်ဝင် အစိတ်အပိုင်းနှင့် ဆေးအစွမ်း
ဣဿရမူလီအပင်၏ ပဉ္စငါးပါးလုံး အနံ့၊ အရသာ တူ၏။ ဆေးဖက်ဝင်၏။ အသီးခြောက်၊ အပွင့်ခြောက်၊ အရွက်ခြောက်၊ အကိုင်းခြောက်များ အားလုံး အနံ့တူ၏။ ရေစိမ်ထားက ရေမှာ အနံ့များ ပျော်ဝင်သွား၏။ အထူးသဖြင့် အမြစ်၊ အရွက်များကို အသုံးပြုကြ၏။ အချို့ ရေနွေးကြမ်းလုပ်သောက်ကြ၏။
ဣဿရမူလီသည် ခါး၏။ ဖန်၏။ အဆိပ်အမျိုးမျိုးကို နိုင်၏။ ချောင်းဆိုးရောဂါ၊ နှလုံးရောဂါ၊ ကလေးများ အူအတွင်း ဖြစ်တတ်သော ရောဂါ အစာမကြေရောဂါ၊ အဆစ်ကိုက်ခဲ ဖောရောင်ခြင်းတို့ကို ပယ်ဖျောက်နိုင်၏။ ဥတုသွေးမှန်စေ၏။ သွေးလွန်နာ၊ သွေးဖောက်ပြန်အနာနှင့် မူးဝေသော ဝေဒနာတို့ကို ချမ်းသာစေနိုင်၏။ သွေးထဲရှိ ကိုလက်စထရောကို လျော့ချနိုင်၏။ သွေးကို သန့်စေနိုင်၏။ အနာကြီးရောဂါ ဝေဒနာများကို သက်သာစေနိုင်၏။
အမြစ်
(၁) အမြစ်ကို သွေးလိမ်းသော် မြွေ၊ ကင်းစသည့် အဆိပ်များ ပြေစေ၏။
(၂) အမြစ်မှုန့်နှင့် ဂျုံပြာ ဆတူရော၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်နှင့် ကိုယ်လက် ကိုက်ခဲခြင်းကို လူးပေးလျှင် သက်သာစေနိုင်၏။
(၃) အမြစ်မှုန့် (၂) ဆနှင့် ချင်းခြောက်မှုန့် (၁) ဆကို ရေနှင့် တစ်နေ့ (၂) ကြိမ် သောက်က သွေးဝမ်း အစာမကြေ လေရောဂါနှင့် ၀မ်းကြောတင်းခြင်း ပျောက်၏။
(၄) အမြစ်ကို သွေး၍ သောက်ခြင်း၊ လျှာကို ပွတ်ပေးခြင်း ငန်းဖမ်း၊ နှုတ်ခမ်း၊ မေး၊ ပါး၊ လျှာ၊ အာလေးခြင်း များ ပျောက်၏။
(၅) အမြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ဆားစိမ်းအနည်းငယ်ရော၍ ရေနွေးနှင့် သောက်သော် ဥတုသွေးထိန် ချုပ်ခြင်း ပျောက်ပြီး မှန်စေ၏။
(၆) အရွက်ရည် (သို့) အမြစ်ကို သွေး၍ လျှာကို အနည်းငယ်မျှ ပွတ်ပေးသော် ကလေးများ သူငယ်နာဝမ်းပျက်၍ အဖျားဝင်ခြင်းကို ပျောက်စေ၏။
(၇) အမြစ်ကို သားဖွားလွယ်ဆေး မီးယပ်အတွက်ပျောက်ဆေး၊ အဖျားပြတ်ဆေးအဖြစ် အသုံးပြုနိုင်၏။
(၈) အမြစ်ကို ဓနိခေါက် မီးအုံညှစ်ရည်နှင့် သွေးလိမ်းသော် နို့ကင်ဆာ၊ အဖုအကျိတ်ပျောက်၏။
အရွက်
(၉) အရွက်ညှစ်ရည် တစ်ဇွန်းနှင့် ဆားမီးဖုတ် အနည်းငယ်နှင့် နံနက်၊ ည (၂) ကြိမ် သောက်က ရေဖျဉ်း ရောဂါနှင့် ချောင်းခြောက်ရောဂါပျောက်၏။
(၁၀) အရွက် (၂-၃) ရွက်နှင့် ငရုတ်ကောင်း (၈-၁၀) ရော၍ အမှုန့်ကြိတ်ပြီး (၁၅) မိနစ် တစ်ကြိမ် တစ်ဇွန်းသောက်သော် မြွေအဆိပ်နှင့် တိရစ္ဆာန်ဆိ်ပများ ပြေ၏။
(၁၁) အအေးမိ၊ အအေးပတ်၍ သွေးကြော၊ လေကြောများ ထိခိုက်ပြီး အေးစက် သတိလစ်နေသော် အထက်အမှုန့်ဆေးကို အတွင်းဆေး၊ အပြင်ဆေးအဖြစ် အသုံးပြုနိုင်၏။
(၁၂) ဣဿရမူလီ (၁) ရွက်နှင့် ငရုတ်ကောင်း (၁) စေ့ကို တစ်နေ့ (၁) ကြိမ်ဝါးစားလျှင် နှလုံးသွေးကြောကျဉ်းရောဂါ သက်သာပျောက်ကင်းနိုင်၏။ နုလျှင် (၁) ကြိမ် နှင့်် (၄) ကြိမ်အတွင်းနှင့် အချို့ (၃) ပတ်အတွင်း သက်သာမှု ရနိုင်၏။
သတိပြုရန်
- ဣဿရမူလီသည် အပူဆေးဖြစ်၍ အထူးသဖြင့် အပူသမားများ အနည်းဆုံးမှ စသုံးသင့်၍ တည့်လျှင် တိုးစား၍ ရ၏။
- ဣဿရမူလီကို ရေရှည်သုံးစဲွသူများ ၎င်း၏ အခိုးသတ်ရန် နှမ်းလှော်စားပေးရ၏။ နှမ်းပျစ်မုန့်များ စားပေးရ၏။ အဆင်ပြေလျှင် ရေချိုးပေးရ၏။
- ဣဿရမူလီ ရေရှည်သုံးစဲွ၍ ဆံပင်ကျွတ်သူများ အုန်းဆီးနှင့် နှမ်းဆီ အနည်းငယ်ထည့်လိမ်းလျှင် ပြေ၏။
ဣဿရမူလီနှင့် ဆင်တူရိုးမှားအပင်
- ဣဿရမူလီအပင်နှင့် ဆင်တူရိုးမှား နွယ်ပင် တစ်မျိုးရှိနေ၏။ အလွယ်မြင်ရုံနှင့် လွှဲမှားနိုင်၏။ ဣဿရမူလီအရွက် ပုံသဏ္ဌာန်က အညှာရင်းသေး၍ အဖျားကြီးပြီး အနည်းငယ် ချွန်၏။ ဒေသနှင့် အာဟာရပေါ်မူတည်၍ လက်မအရွယ်မှ လက်ဝါးခန့်နှင့် ဗာဒံရွက်ခန့်အထိကြီး၏။
- ရွက်လယ်ကြောင်း ထင်ရှား၍ ချောပြီး အနည်းငယ် လှိုင်းတွန့်၏။
- ဆင်တူရိုးမှား အပွင့်သည် ဣဿရမူလီအပွင့် ပုံသဏ္ဌာနှင့် ဆင်သော်လည်း သေးငယ်၏။ အရွက်သည် အညှာရင်းကြီး၍ အဖျားသို့ ရှူးသွားပြီး ချွန်၏။ အာဟာရပေါ် မူတည်၍ လက်ဝါးခန့်ထိ ကြီး၏။ အရွက်၏ အောက်ဖက်အကြော အလွန်ထင်ရှား၍ ပွရောင်းရောင်းရှိပြီး အနည်းငယ်ကြမ်း၏။
- ဣဿရမူလီအသီးတိုင်း အတွင်းဖက်သို့ ချိုင့်ဝင်နေသော အမြှောင်းပါ၏။ ဆင်တူရိုးမှားအပင်မှ အသီးတိုင်း (၆) မြှောင်း ပါသော်လည်း အပြင်သို့ ခုံးထွက်နေသော ဇောင်း (၆) ခုထင်ရှား၏။
- ထို့ကြောင့် ဆင်တူရိုးမှားအပင်၏ ဆေးစွမ်း ရှိမရှိ မသိရသော်လည်း ဣဿရမူလီအပင်၏ ဆွေးစွမ်းကို မမီ မတူညီနိုင်ဟု ယုံကြည်၏။
ဣဿရမူလီ အပင်များ စိုက်ပျိုး ပြုစုရာတွင်-
- ဣဿရမူလီအစေ့များကို အပင်ဖောက်ရာတွင် နွေကုန်မိုးကူးအချိန်တွင် အပင်ပေါက် အကောင်းဆုံးဖြစ်၏။ အပင်ငယ်များ နှုတ်ယူစိုက်ပျိုးရာတွင် ပြုစုမှု ကောင်းလျှင် ရှင်သန်ရုံမက ကျန်ခဲ့သော အမြစ်မှာလည်း အပင်ပွားများ ထွက်လာတတ်၏။
- ယေဘူယျအားဖြင့် ဣဿရမူလီနွယ်ပင်များသည် ဒေသအနံှ့မှာ ပေါက်ရောက် ရှင်သန်လေ့ရှိသော်လည်း အထူးသဖြင့် အညာဒေသများမှာ ပိုမိုဖြစ်ထွန်းကြောင်း လေ့လာသိရှိရပါ၏။ အထက်ပိုင်း ကချင်ပြည်နယ် နမ္မားနှင့် အောက်ပိုင်း မြန်အောင်ဒေသများအထိ ပေါက်ရောက်ရှင်သန်နေပါ၏။ မြန်အောင်ရှိ ဣဿရမူလီအပင်ကို ဘိုးဘွားတွေ စိုက်ခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ထိ ရှိပြီဖြစ်ကြောင်း သိရပါ၏။
ဣဿရမူလီ အပင်ကို ဖျက်ဆီးလေ့ရှိသော အဖျက်ပိုးများ
- အပင်ငယ် ပျိုးပင်ငယ်များကို ခရု၊ ပက်ကျများ အများဆုံး ဖျက်ဆီးလေ့ရှိ၏။ မိုးကာလ ခရုပေါက်စများက အပင်ငယ်များကို အများဆုံး ဖျက်ဆီးတတ်၏။
- ပျိုးပင်များကို ခရု၊ ပက်ကျိနှင့် လိပ်ပြာကပေါက်ဖွားသော ခူကောင်တစ်မျိုးက ဖျက်ဆီးလေ့ရှိ၏။
- ပျိုးပင်ငယ်များမှာ အစိုဓါတ်များသည့် အချိန် အလွန်သေးငယ်သော ပျတစ်မျိုးကရောက်၍ ရိကျသေဆုံး တတ်၏။
- ပျိုးပင်အရွက်များနှင့် နွယ်ပင်အရွက်များကို လိပ်ပြာမှ ပေါက်ဖွားသော ခူကောင်ငယ်များနှင့် အကောင်ကြီးများ စားသောက်ဖျက်ဆီးတတ်၏။ အကောင် အသေးအကြီး အနည်းအများပေါ် လိုက်၍ ပျက်စီးဆုံးရံှုးမှု များနိုင်၏။
- ဣဿရမူလီနွယ်ပင်ကို အပင်များပေါ် တင်ထားလျှင် နွယ်တက်သွား၍ အရွက်ခူးသည့်အခါ ခက်ခဲနိုင်၏။
- ဣဿရမူလီနွယ်ကိုင်း အဆစ်တိုင်းမှာ နွယ်တက်နှင့် အရွက်များ ထွက်၍ ဖူးပွင့််တတ်၏။ အဆစ်တိုင်းမှ အရွက်များ ခူးယူရာတွင် အရွက်ကုန်အောင် ခူးယူရာတွင် (၂-၃) ရွက်ခန့် ချန်ထားသင့်၏။
- စိုက်ပျိုးပြုစုသော အပင်များမှ အာဟာရကောင်းလျင် (၃-၄) လအတွင်း ဖူးပွင့်သီးတတ်သလို မိုးကျလျှင်လည်း ဖူးပွင့်သီးတတ်၏။ ပြုစုအား ကောင်းလျှင် တစ်နှစ်တွင် (၂) ကြိမ်မျှ ဖူးပွင့်သီးတတ်၏။
- အဖူးများ ပွင့်၍ ၀တ်မှုန်ကူးပြီးလျှင် မြေသို့ ကြွေကျတတ်၏။ ၎င်းအဖူးများကို ကောက်ယူသန့်စင်၍ ဆေးအဖြစ် တိုက်ရိုက်သုံးနိုင်သလို အရိပ်ထဲမှာ အခြောက်လှမ်း၍ လိုအပ်သလို အသုံးပြုနိုင်၏။ အရွက်ကဲ့သို့ ဆေးစွမ်းရှိ၏။ ၎င်းကို ဆေးလုံး ဆေးပြားကဲ့သို့ ငုံထား၍လည်းကောင်း၊ ၀ါးစား၍ အသုံးပြုနိုင်၏။ (၂-၃) ပွင့်သည် ဣဿရမူလီ အရွက်သေးတစ်ရွက်နီးပါး အာနိသင်ရှိ၏။
- အပွင့်ကို ငုံထားရုံနှင့် ခံတွင်းရှင်း၍ သလိပ်ကြေ၏။ ချောင်းးဆိုးကင်း၏။ ရင်ချောင်၍ သလိပ်ပွမှု ကင်း၏။ ခံတွင်းလိုက်၏။
ထို့ကြောင့် ဣဿရမူလီနွယ်ပင် (သို့မဟုတ်) ကင်််ဆာပျောက်ဆေးပင်ကို ဒေသအလိုက်မှာ ဆန္ဒရှိသောသူများ ၀ိုင်းဝန်းစိုက်ပျိုးပြီး “လိုအပ်လျှင် သုံး၍ ဆန္ဒရှိလျှင် မျှဝေ” ရန် လှုံ့ဆော် တိုက်တွန်း လိုက်ရပါသည် . . . ဟု စောငုဝါ (ပျဉ်းမနား) က ရေးသားထားပါသည်။
ဣဿရမူလီအသုံး ကျပုံကို သိရှိလာသည်နှင့် အမျှ နောင်တွင် အသုံးလည်း များလာပေမည်။ အသုံးများလာသည်နှင့် အမျှ အပင်ကို မျိုးပွား စိုက်ပျိုးသူလည်း များစွာ လိုအပ်လှပါတယ်။ ဣဿရမူလီဆေးအကပျိုးကို သိရှိလာကြပြီး စီးပွားအဖြစ် စိုက်ပျိုးနိုင်ကြပါပြီ။ ဆေးရွက်တစ်ရွက်ကို တချို့ ကျပ်ငါးရာကျပ်တစ်ထောင် စသဖြင့် ရောင်းချဝယ်ယူနေတာကိုလည်း ကြားသိနေရပါတယ်။ စာရေးသူအနေနဲ့တော့ စီးပွားဖြစ် စိုက်နိုင်လေ ပိုကောင်းလေပါ။ နောက်ပိုင်း အဆင့်မီဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ခဲ့ရင် ကမ္ဘာ့လူသားများ ခံစားနေရတဲ့ ရောဂါဝေဒနာဆိုးများကို ဣဿရမူလီနဲ့ စိန်ခေါ်နိုင်တဲ့အဆင့်အထိ ဆန္ဒရှိပါတယ်။ ယခုအခါတချို့ရောဂါသည်များက အလကားရသည့် ဆေးကို တန်ဖိုး မထားတတ်သည့်အပြင် အထင်လည်း မကြီးတတ်ကြပေ။ ငွေကြေးအကုန် အကျများမှ ရောဂါပျောက်မည်ဟု ထင်ကြသည်။ ဒီဣဿရမူလီကတော့ ဘေးထွက်ဆိုးကျိုး နည်းပါးပါတယ်။ တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံမသုံးသင့်ပေ။ ဆေးရွက် (၂-၃) ရွက်ကို မတ်ခွက်ထဲထဲ့ပြီး လက်ဖက်ရည်သောက်သလို တစ်နေကုန် ရေနွေးဖြည့်ပြီး သောက်သော်လည်း ဆေးရဲ့ အခါးဓါတ်က မပျယ်ပဲ ရှိနေတယ်။ ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တချို့ လက်ဖက်ရည်အစား ဒီဣဿရမူလီရွက်ကိုပဲ သောက်တာလည်း ရှိတယ်။
ဣဿရမူလီဆေးအတွက် စုံစမ်းနိုင်သော နေရာများ-
- စောငုဝါ ပျဉ်းမနား
- ရဲမှူးကြီး ဆရာထက်ခေါင် ပျဉ်းမနား
- ကျောင်းအုပ်ဆရာကြီး ဦးကောင်းထက်အောင်၊ ပညာပန်းတိုင်ဘော်ဒါ၊ ပျဉ်းမနား
- ချောင်းဦးမြို့၊ မအုပ်ကျောင်း (စစ်ကိုင်း)
- ဦးကောမလ၊ ရွှေမဂ္ဂင်စာသင်တိုက်၊ မန္တလာရာပြည့်တိုက်၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးတောင်ခြေ။
- ဒေါက်တာဘဒ္ဒန္တမုနိကုမာရ၊ မြို့နယ်သံဃနာယကဆရာတော်၊ ပျဉ်းမနားမြို့
- နေပြည်တော် လေဆိပ်အနီး၊ တပ်ဦးကျောင်း ဆရာတော်။
- နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကျောင်းရွာ
- မကွေးတိုင်း၊ ထနောင်းလှရွာ
- တောင်တွင်းကြီး၊ ဂွေးချောင်းရွာ၊ ဂွေးချောင်းကျောင်း
- မုံရွာ၊ အရာတော်မြို့နယ်၊ ပါရမီရွာ အနီး တောထဲ
- တောင်သုံးလုံးဆရာတော်ဘဒ္ဒန္တဝေပုလ္လ၊ ဇေတဝန်ပရိယတ္တိစာသင်တိုက်၊ သာဝတ္ထိ၊ လယ်ဝေးမြို့နယ်။
- ဦးပါမောက္ခ၊ တောင်စွန်းကျောင်း၊ အလယ်တောရကျောင်းတိုက်၊ ဓမ္မစေတီလမ်း၊ ဗဟန်း၊ ရန်ကုန်။
- ကရင်ဘော့ကျိုက်ကျောင်း၊ ဘားအံမြို့။
ပုံထဲက အပင်ကို ကြည့်ပြီး မိမိတို့ နီးစပ်ရာမှာ စုံစမ်းမေးမြန်းနိုင်ပါကြောင်း။ ဘေသဇ္ဇဒါနအဖြစ် အိမ်တိုင်းမှာ တပိုင်တနိုင်စိုက်ပျိုးနိုင်ကြပြီး လူထုကျန်းမာရေးအတွက် အားကိုးနိုင်သော ဆေးကောင်းတစ်လက် အကြောင်း တင်ပြလိုက်ရပါတယ်။
မေတ္တာဖြင့်
တောင်တန်းသာသနာပြု ဆရာတော်
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း-တန့်ယန်း)
မဟာကမ္မဋ္ဌာနာစရိယ၊ တက္ကသီလမဟာဓမ္မာစရိယ M.A Buddhism, A.M (Sri Lanka)
မူရင်းလင့်
ဣဿရမူလီ
ReplyDeleteဤ ဆေးပင်ကို အလိုရှိသူများ ပဲခူးတိုင်း ဒေသကြီး၊ မိုးညိုမြို့နယ်၊ ထိန်တောအုပ်စု၊ ရေသပြာရွာ... ဦးချစ်-ဒေါ်စိန်ကြည် တို့၏ နေအိမ်တွင် ရရှိနိုင်ပါသည်။ ဖုန်းနံပါတ်-၀၉၄၂၁၁၂၄၁၂၁၊ eamil- nethwe@gmail.com
ဣဿရမူလီပင် ကို စားလျှင် ကျောက်ကပ်ပျက်စီး စေတယ်ဆိုတာ မှန်ပါသလားရှင့်
ReplyDeleteမန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် မည်သည့်နေရာတွင်ရနိုင်လဲ သိရိှပါကပြောကြားပေးစေလိုပါတယ် ကျေးဇူးတင်ပါတယ်
ReplyDeleteမန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် မည်သည့်နေရာတွင်ရနိုင်လဲ သိရိှပါကပြောကြားပေးစေလိုပါတယ် ကျေးဇူးတင်ပါတယ်
ReplyDelete