Internet သုံးသူ တော်တော်များများ အသုံးပြုနေကြတဲ့ Google Talk ခေါ် Gtalk ကတော့ မသိတဲ့သူ မရှိသလောက်နေမှာပါ ....။ ဒီနေ့ အဲဒီ Gtalk ထဲမှာ စာတွေသိမ်းထားမယ်၊ လိုအပ်ရင် ကိုယ်သိမ်းထားတဲ့ စာတွေကို ပြန်ရှာပြီး ဖတ်မယ်၊ မလိုတော့တဲ့ စာတွေကို ဖျက်ပစ်မယ် .... စသည်ဖြင့် လုပ်တဲ့ အကြောင်းလေး ဆွေးနွေးချင်ပါတယ် ....။
တစ်ခါတစ်ခါ Internet သုံးရင်းနဲ့ သဘောကျတဲ့ စာတွေကို တွေ့ရင် သိမ်းထားချင်ကြမှာပါ ....။ ကွန်ပျူတာထဲမှာ Notepad နဲ့သိမ်းတာကျတော့ ပျက်သွားနိုင်သလို တစ်ခြားကွန်ပျူတာ ပြောင်းသုံးရင် ပြန်ကြည့်ဖို့ အဆင်မပြေနိုင်ပါဘူး ...။ Memory Stick နဲ့ ယူသွားပြန်တော့လည်း Virus ရန်ကို ကြောက်ရသလို ပစ္စည်းတစ်ခု ကိုင်ပြီးသွားရတာ အလုပ်ပိုတာပေါ့ ... :)
ဒီတော့ ကိုယ်ဘယ်နေရာမှာဘဲ Internet သုံးသုံး ကိုယ်သိမ်းထားတဲ့ စာဖိုင်တွေကို Gtalk ကနေပြန်ခေါ်ပြီး ဖတ်ရုံပါဘဲ ....။
ကဲ .... လုပ်ကြည့်ရအောင်ဗျာ ....။
ထုံးစံအတိုင်းပြောရရင် သိပြီးသား မိတ်ဆွေတွေအတွက် မရည်ရွယ်ပါဘူး ခင်ဗျာ .....။
အဆင့်(၁)
ကိုယ့်ရဲ့ Gtalk ကို Log-in ၀င်ရောက်လိုက်ပြီး အောက်ဆုံးနားဘယ်ဘက်မှာ ပါတဲ့ +Add ဆိုတာကိုနှိပ်လိုက်ပါ။ (သူငယ်ချင်း အသစ် Add လုပ်တဲ့ သဘောပါဘဲ) အလယ်က box ထဲမှာ
ping@pingbooth.com
ဆိုတာကို ရိုက်ထည့်ပြီး အောက်က Next နဲ့ ဆက်သွားပါ။
နောက်တစ်ဆင့်မှာ Finish ကိုနှိပ်ပေးလိုက်ပါ။
အဆင့်(၂)
ping@pingbooth.com အနေဖြင့် Online ဖြစ်ပြီ ဆိုတာနဲ့ အောက်ကပုံလေးလို Message တစ်ခု တက်လာပါမယ် ...။
အသုံးပြုနည်း
ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ Chatting ထိုင်သလိုပါဘဲ .... ping@pingbooth.com ရဲ့ Chat Box ကိုခေါ်လိုက်ပါ။
ပြီးရင် Message box နေရာမှာ help လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ သူ့ကို အသုံးပြုလို့ရတဲ့ commend တွေကို ပြပေးပါလိမ့်မယ်။
ဒီအထဲမှာ အသုံးပြုလို့ရတဲ့ Commend တွေကတော့
store = ကိုယ်သဘောကျတဲ့ စာသားတွေကို သိမ်းထားချင်တဲ့ အခါမှာ သုံးပါတယ်။ သုံးနည်း ကတော့ store ကိုရိုက်ထည့်ပြီးရင် space bar တစ်ချက်ခံလိုက်ပါ။ ပြီးရင် ကိုယ်သိမ်းထားချင်တဲ့ စာသားတွေကို Paste လုပ်လိုက်ပါ။ Enter ခေါက်လိုက်ပါ။
I have store your note. ဆိုတဲ့ Message ပြန်ပို့လာပါမယ် ...။ ဒါဆိုရင် Note တစ်ခု သိမ်းပြီး သွားပါပြီ။
find = ကိုယ်သိမ်းထားတဲ့ note တွေကို ပြန်ရှာချင်တဲ့ အခါ အသုံးပြုပါတယ်။ ဒီနေရာမှာ ပြန်ရှာနည်း (၂) မျိုးရှိပါတယ် ။ ကိုယ်သိမ်းထားတဲ့ note တွေအားလုံးကို ရှာချင်တယ် ဆိုရင်တော့ find လို့ရိုက်ပြီး Enter နှိပ်လိုက်ရုံပါဘဲ ...။
ဒါမှမဟုတ် အကြောင်းအရာနဲ့ ရှာချင်တယ် ဆိုရင်တော့ find ကိုရိုက်ပြီးရင် Space bar တစ်ချက်ခံပြီး ကိုယ်ရှာချင်တဲ့ Note မှာပါတဲ့ အကြောင်းအရာ အနည်းငယ် ကို ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် Enter နှိပ်လိုက်ရင် Note တွေအားလုံးထဲက ကိုယ်ရှာတဲ့ အကြောင်းအရာပါတဲ့ Note တွေလောက်ကိုဘဲ ရှာပေးမှာ ဖြစ်ပါတယ် ။
delete = ကိုယ်သိမ်းထားတဲ့ Note တွေထဲက မလိုချင်တဲ့ Note တွေကို ဖျက်ချင်တဲ့အခါ အသုံးပြုပါတယ် ...။ သာမန်အနေနဲ့ နောက်ဆုံး သိမ်းခဲ့တဲ့ Note ကို 1 လို့သတ်မှတ်ပါတယ် ...။ ကိုယ်ဖျက်ချင်တဲ့ Note ရဲ့ နံပါတ်ကို မသိရင် find ကိုသုံးပြီး ရှာလို့ရပါတယ်။ အဲဒီမှာ Note တွေကို နံပါတ်အစဉ်လိုက် ပြပေးပါမယ်။ delete လုပ်ဖို့အတွက် message box မှာ delete လို့ရိုက်ပြီး space bar တစ်ချက်ခံရပါမယ်။ ပြီးရင် ကိုယ် delete လုပ်ချင်တဲ့ Note ရဲ့နံပါတ်ကို ရိုက်ထည့်ပြီး Enter နှိပ်ရပါမယ် ...။ သူက တကယ်ဖျက်မယ်ဆိုရင် yes ကိုရိုက်ပါ။ မဖျက်ချင်ရင် no ကိုရိုက်ပါ ဆိုပြီး ပြောလာပါမယ် ...။ ဖျက်မယ် ဆိုရင်တော့ yes လို့ရိုက်ပြီး Enter နှိပ်ရပါမယ်....။ သူက ဖျက်ပြီးကြောင်းပြန်ပြောပြီး ကျန်နေသေးတဲ့ Note တွေကို ပြပေးပါလိမ့်မယ်။
help = ဒီ ping@pingbooth.com ကို အသုံးပြုရာမှာ သိသင့်တာတွေကို ပြပေးဖို့အတွက် သုံးပါတယ်။ အသုံးပြုပုံကတော့ message box မှာ help လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် ရပါပြီ ...။ ဘယ်လို အသုံးပြုရမယ် ဆိုတာကို message ပြန်ပို့ပြီး ပြောပါလိမ့်မယ် ...။
Gtalk ထဲမှာ ကိုယ်သဘောကျတဲ့ စာတွေကို သိမ်းထားနိုင်ကြပါစေ ခင်ဗျာ ....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea