Friday, November 30, 2012

Pin It

Widgets

Firefox 17 မှ Facebook Feature အသုံးပြုရအောင်

Mozilla Firefox အနေနဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှာ Firefox 17.0 ကို ဖြန့်ချိခဲ့ပြီး ဖြစ် ပါတယ် ...။ နိုဝင်ဘာလ (၂၃) ရက်နေ့မှာတော့ Firefox 18.0 Beta 1 ကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။
အခု ထုတ်လိုက်တဲ့ Firefox 17.0 မှာတော့ ထူးထူးခြားခြား အနေနဲ့ "Social API" လို့ခေါ်တဲ့ application programming interface (API) ကိုထည့်သွင်းပေးထားပါတယ် ....။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးသား သူ
နောင်နောင် မှာ Internet Journal မှာ အခုလို ဖေါ်ပြပေးထားပါတယ် ....
"နာမည်ကျော် လူမှုရေးကွန်ရက် Facebook ကို browser တွင် ပေါင်းစပ်ထည့်သွင်းပေးထားပြီး လုံခြုံရေးအားနည်းချက် ၂၉ ခုကို ပြင်ဆင်ပေးထားသည့် Firefox 17 ကို Mozilla မြှဖန့်ချိပေးခဲ့သည်။
Firefox 17 တွင် အသုံးပြုထားသည့် "Social API" ဟုခေါ်သော application programming interface (API) သည် developer များကို browser အတွင်းသို့ social media ၀န်ဆောင်မှုများနှင့် ချိတ်ဆက်နိုင်စေမည်ဟု သိရသည်။ ပထမဦးဆုံးအနေဖြင့် Facebook Messenger for Firefox ဟုခေါ်သည့် comment သစ်များအပါအဝင် Facebook chat session များနှင့် update များကို sidebar တစ်ခုအနေဖြင့် ဖော်ပြပေးပြီး ၎င်းသည် အသုံးပြုသူများအား Facebook ၀က်ဘ်ဆိုက်သို့ သွားရောက်ရန်မလိုဘဲ အသုံးပြုနိုင်စေမည် ဖြစ်သည်။ ထို့အပြင် message notification များမှ friend request များအထိ အမျိုးမျိုးသော tool များကို browser ၏ toolbar ရှိ icon သစ်များမှ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Firefox 17 တွင် feature သစ်ကို မိတ်ဆက်ပေးထားပြီး ၎င်းသည် နာမည်ကျော် Web Browser plug-in များဖြစ်သော Adobe Flash Player နှင့် Reader, Microsoft Silverlight, Oracle Java တို့၏ Update မဖြစ်သည့် ဗားရှင်းများကို အလိုအလျောက် တားမြစ်ပေးမည်ဟု သိရသည်။ Firefox 17 ကို Windows, Mac နှင့် Linux တို့အတွက် ဖြန့်ချိပေးထားပြီး အသုံးပြုသူများမှာ Mozilla ဆိုက်မှ download ရယူအသုံးပြုနိုင်သလို install လုပ်ထားသည့် Firefox browser မှလည်း အလိုအလျောက် upgrade ပြုလုပ်နိုင်မည်ဖြစ်သည်။"
ဒီတော့ FreeIdea တို့ ဒီFeature လေးကို သုံးကြည့်ရအောင်ဗျာ ...။
ဒီFeature ကို အသုံးပြုဖို့အတွက် ပထမဆုံး ကိုယ့်ရဲ့ ကွန်ပျူတာမှာရှိတဲ့ Mozilla Firefox အနေနဲ့ Version 17.0 ဖြစ်ဖို့တော့ လိုပါမယ် ....။
ကိုယ့်ကွန်ပျူတာရဲ့ Mozilla Firefox Version ဘယ်လောက်လဲ ဆိုတာကို စစ်ကြည့်ချင်ရင် အောက်ပါ နည်းအတိုင်း စစ်ကြည့်လို့ ရပါတယ်။
Firefox > Help > About Firefox


Help(menu) > About Firefox


တကယ်လို့ မစစ်ဆေးချင်ဘဲ (Auto Upgrade) မလုပ်ချင်ဘဲ Mozilla Firefox ရဲ့ နောက်ဆုံး Version ကို Manual Download လုပ်ချင်တယ်ဆိုရင်တော့ အောက်မှာ Download လုပ်နိုင်ပါတယ် ....။

ကိုယ့်ကွန်ပျူတာမှာ Mozilla Firefox 17.0 ရှိနေပြီ ဆိုရင်တော့ အောက်က Link လေးသို့ ၀င်ရောက်ရမှာ ဖြစ်ပါတယ်။
Messenger for Firefox
အဲဒီ Link ထဲမှာ Turn On ဆိုတာလေး ပါပါတယ်။ Click နှိပ်လိုက်ပါ။ Browser ရဲ့ ညာဘက် အပေါ်ထောင့်မှာ Facebook ပုံလေးတစ်ခု တက်လာပြီး Side bar တစ်ခု ပေါ်လာပါမယ်။
You've turn on Facebook Messenger for Firefox.
ဆိုပြီး မေးလာရင် OK ကိုနှိပ်ပေးလိုက်ပါ။

ညာဘက်က Side bar ထဲမှာ Facebook သို့ Log in ၀င်ရောက်ဖို့ ပြောပါလိမ့်မယ်။ Log In ဆိုတာလေးကို နှိပ်လိုက်ရင် New Tab တစ်ခုပွင့်လာပြီး Facebook Log in ပုံစံ ပါလာပါမယ်။ ကိုယ့်ရဲ့ Facebook Account ( email, password) ကို ဖြည့်သွင်းပြီး Log In ကို နှိပ်ပေးလိုက်ပါ။
Page Loading ပြီးသွားရင်တော့ ညာဘက်က Side bar နေရာမှာ ကိုယ့်သူငယ်ချင်းများနဲ့ Chat လို့ရတဲ့ Messenger လေး အသက်ဝင်နေပါပြီ ....။

ဒီအချိန်မှာ Facebook page နေရာမှာ (Log out မထွက်ဘဲ) တစ်ခြား website တစ်ခုခုကို ဖွင့်ရင်လည်း ဒီ Messenger လေးက ပျောက်မသွားသလို၊ New Tab ခေါ်ပြီး website တွေခေါ်ကြည့်ရင်လည်း စာမျက်နှာ တိုင်းမှာ Messenger လေး ပါပြီးသား ဖြစ်နေမှာပါ ....။
Website တွေမှာ စာတွေဝင်ဖတ်ရင်း Chat နေလို့ ရတာပေါ့ :)
ဒါ့အပြင် Facebook profile page ကိုဖွင့်မထားဘဲ သူငယ်ချင်းအသစ် လက်ခံတာတွေ၊ Message အသစ်ရောက်တာတွေ၊ တစ်ခြား Notification တွေကိုပါ တစ်ချိန်တည်းမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

Facebook ကို Log Out ထွက်ချင်ရင်တော့ ညာဘက်အပေါ်ထောင့်လေးက Facebook (f) ပုံလေး ကို Click နှိပ်လိုက်ရင် Menu လေးကျလာပါမယ်။ အပေါ်ဆုံးမှာ ကိုယ့်ရဲ့ Facebook အမည်ကိုတွေ့ရပါမယ်။ အဲဒီ အမည်ပေါ်မှာ Click နှိပ်လိုက်ရင် Facebook page ပွင့်လာပါမယ် ။ အရင်တုန်းက ကျွန်တော်တို့ Logout ထွက်သလိုဘဲ ထွက်လိုက်ရင် Messenger လေးပါ Logout ဖြစ်သွားမှာပါ။

ဒီ Messenger ကို Firefox မှာ မထားချင်တော့ဘူးဆိုရင်တော့ ညာဘက်အပေါ်ထောင့်လေးက Facebook (f) ပုံလေး ကို Click နှိပ်လိုက်ရင် Menu လေးကျလာပါမယ်။ အောက်ဆုံးမှာ Remove from Firefox ဆိုတာလေး ပါပါတယ်။ Click နှိပ်လိုက်ရင် အောက်ကပုံလေးလို Box တစ်ခုပွင့်လာပြီး Conform လုပ်ပါလိမ့်မယ်။ Remove Facebook Messenger ဆိုတာလေးကို နှိပ်လိုက်ရင် ပျောက်သွားပါပြီ ...။


 ပြန်ထားချင်ရင်တော့  Messenger for Firefox ဆိုတဲ့ Link သို့သွားပြီး Turn On ဆိုတာကို နှိပ်ပေးရမှာပါ ....။

အဆင်ပြေနိုင်ကြပါစေ ....။

1 comment :

  1. အစ်ကို link ကို တစ်ချက်လောက်ဝင်ကြည်ပေးပါအုန်းမရလိုပါ

    ReplyDelete

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top