Tuesday, November 6, 2012

Pin It

Widgets

နှုတ်ဆက်ခွဲခွာချိန်

မတားပါနဲ့
ငါသွားမြှဖစ်မယ်......။

မနှောင်ဖွဲ့ပါနဲ့
ငါမေ့မြှဖစ်မယ်......။

နှစ်တွေကုန်ဆုံးမှုနဲ့ အတူ
အသက်ရှူရင့်မာခဲ့ပြီး
ဘဝရဲ့လှိုင်းတံပိုးများ
ငါ့ကိုတိုက်စားနေချိန်မှာ
အသက်ရှင်သန်ဖို့အရေး
ငါ လုံးထွေးရဦးမယ်......။


ငါ့ဘဝမှာ...
အနမ်းရွာကပန်းလည်း
မပွင့်လန်းချင်သေးပါ......။

အလှမ်းကွာဝေး၍
အရမ်းဆွေးရမဲ့လမ်းမှာလည်း
မလျှောက်လှမ်းချင်သေးပါ......။

တမာစကားတွေနဲ့
သကာပျားကိုလည်း
လှည့်ဖျားမနေချင်ပါ......။

ဒီအချိန်မှာ
ငါ့အတွက်လိုအပ်တာက
သံသယဓါးတစ်စင်းနဲ့
ငါ့ရင်တွင်းကို
နာကျည်းစွာ ပစ်ခွင်းချက်ပဲကွယ်......။

(၅.၆.၀၉)

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top