Web စာမျက်နှာ ဆိုတာကတော့ Website/ Forum/ Blog တစ်ခုခုကို ဖွင့်ဖတ်တဲ့ စာမျက်နှာ တစ်ခုကို ဆိုလိုတာပါ။ ဗိုလ်လိုတော့ရင်တော့ Webpage ပေါ့။ Website ဆိုတာကြီးက ဒီ Webpage တွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ သဘောပေါ့ ...။
ဒီတော့ ကျွန်တော်တို့ Website တွေကို ၀င်ဖတ်ကြတဲ့အခါ ကိုယ်အရမ်းသဘောကျတဲ့ စာတွေတွေ့ကြစမြဲ ပါ။ အဲဒီစာမျက်နှာလေးတွေကို PDF ဖိုင်အနေနဲ့ လုပ်ပြီးသိမ်းထားလိုက်တော့ Internet Connection မရှိတဲ့ Offline အခြေအနေမှာပါ ဖတ်လို့ရတာပေါ့။ PDF အကြောင်းကိုတော့ ကျွန်တော် ဒီPost မှာ ရေးခဲ့ဖူးပါတယ် ...။
"Webpage ကို PDF အနေနဲ့ သိမ်းတာ လွယ်ပါတယ် ကွာ" လို့ ပြောရင်လည်း ခံရမှာပါ။ ဒါပေမယ့် သေသပ်လှပတဲ့ PDF ဖိုင်လေးတစ်ခု ဖြစ်လာတော့ ပိုပြီး ဖတ်ရတာ ကောင်းတာပေါ့ ....။ ဒီ Post မှာ အဲဒီအကြောင်းလေး ဆွေးနွေးချင်တာပါ ...။ ဆွေးနွေးတယ် ဆိုတာထက်
ပြန်လည်မျှဝေတယ် လို့ဘဲ ပြောရမှာပါ ...။ မြန်မာမိသားစုဖိုရမ် မှာ ကြီးကြပ်ရေးမှူး KznT ရေးသားထားတဲ့ Web စာမျက်နှာများ အား PDF အဖြစ်ဖန်တီးခြင်း ဆိုတဲ့ Post ကို ကိုးကားပြီး ဆွေးနွေးသွားမှာပါ။ ဒီ့အတွက် ဒီနေရာကနေ ကို KznT ကို ခွင့်တောင်းမိပါတယ်...။
Webpage တစ်ခုကို PDF ဖိုင်ပြောင်းဖို့အတွက် ကိုယ့်ကွန်ပျူတာမှာ Software လေးတစ်ခုတော့ တင်ထားသင့်ပါတယ် ...။ PDF ပြောင်းတဲ့ Software တွေအများကြီးထဲက ပေါ့ပေါ့ပါးပါးနဲ့ အလကားရတဲ့၊ သုံးရလွယ်တဲ့ doPDF လေးကို ညွှန်းချင်ပါတယ်။ တော်တော်များများ သုံးဖူး၊ သုံးနေကြမယ်ဆိုပေမဲ့ မရှိသေးတဲ့သူတွေ ရယူနိုင်အောင်လို့ Download Link လေး ညွှန်းပေးလိုက်ပါတယ်။
doPDF ဒေါင်းလုတ်ရယူရန် ( အဲဒီ Site ထဲက
Install လုပ်ခြင်းနှင့် သုံးစွဲရန် အတွက် Screenshots ပုံလေးတွေ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
ဒီ doPDF တင်ပြီးသွားရင်တော့ သာမန်အနေနဲ့ ကိုယ်သဘောကျတဲ့ Webpage တစ်ခုကို File Menu ထဲက Print လို့ပေးလိုက်ပြီး Print box ထဲမှာ doPDF ကိုရွေးပေးလိုက်ရင် ရပါတယ် ...။
ဒါပေမဲ့ Webpage ရဲ့ တစ်ခြားမလိုအပ်တဲ့ Gadget တွေ၊ Text တွေ၊ ပုံတွေပါ ပါလာတာမို့ PDF file သန့်သန့်လေး မရရှိနိုင်ပါဘူး ...။ ဒီတော့ PDF file သန့်သန့်လေးတစ်ခု ရအောင် ကြားထဲမှာ တစ်ဆင့် တော့ခံထားရပါမယ်။ အဲဒါကတော့ ကိုယ် PDF ပြောင်းချင်တဲ့ Webpage ကို Format လုပ်တဲ့ အပိုင်းပါ။ Webpage တစ်ခုကို Format လုပ်တယ်ဆိုတာကတော့ ကိုယ် PDF ပြောင်းချင်တဲ့ အပိုင်း၊ တစ်နည်းပြောရရင် doPDF ကိုသုံးပြီး (software)Print လုပ်ချင်တဲ့ အပိုင်းလောက် ကိုဘဲ မြင်တွေ့ နိုင်အောင်လုပ်တာကို ဆိုလိုတာပါ ....။
ဒီလိုလုပ်ဖို့အတွက်လည်း မခက်ခဲပါဘူး ....။ Internet ပေါ်မှအလကားပေးတဲ့ Format Service တစ်ခုခုကို သုံးလို့ရပါတယ် ....။ ကျွန်တော်သဘောကျတဲ့ Readable လေးနဲ့ ဆွေးနွေးချင်ပါတယ် ....။
Readable ကို အသုံးပြုနိုင်ရန် မိမိ Browser အတွက် ပြင်ဆင်ခြင်း
Readable ကို အသုံးပြုဖို့အတွက် ပထမဆုံး ဒီနေရာလေး သို့ ၀င်ရောက်လိုက်ပါ။- အဲဒီစာမျက်နှာရဲ့ အောက်ဆုံးမှ
ဆိုတာလေးကို နှိပ်လိုက်ပါ။
- နောက်စာမျက်နှာမှာ 1. Choose Style ရဲ့အောက်မှာ ကိုယ်ကြိုက်တဲ့ Fonts, Size, leading, line တွေကို ထောင့်က Drop down လေးတွေကနေ ရွေးပေးလို့ရပါတယ်။ ကိုယ်ပြောင်းလဲလိုက်တိုင်း အောက်မှာ Preview ကိုပြပေးနေမှာဖြစ်ပါတယ် ...။ ကိုယ်စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။
- ပြောင်းလဲလို့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ 3. Bookmarklet ဆိုတဲ့အောက်က Readable ဆိုတာလေးကို Mouse နဲ့ဖိဆွဲပြီး မိမိ Browser ရဲ့ Bookmarks Toolbar ပေါ်သို့ ဆွဲတင်လိုက်ပါ။ ( Drug and Drop သဘောပါ။)
- Google Chrome အသုံးပြုတဲ့သူတွေ အနေနဲ့ ကီးဘုတ်က Ctrl+Shift+B ကိုနှိပ်လိုက်ရင် Bookmark toolbar ပေါ်လာပါမယ်။
- Firefox သုံးသူတွေအနေနဲ့ New Tab ပုံလေးဘေးနားမှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက Bookmarks Toolbar ဆိုတာကို အမှန်ခြစ်ပေါ်လာအောင် Click လုပ်လိုက်ရင် ရပါတယ်။
- Internet Explorer သုံးသူတွေအနေနဲ့လည်း New Tab ပုံလေးဘေးမှာ Right Click နှိပ်ပြီး menu ထဲက Favorites Bar ဆိုတာကို အမှန်ခြစ်ပေါ်အောင် Click ပေးလိုက်ရင် ရပါတယ်။
ဒီလို ပြန်ပြောင်းမယ်ဆိုရင်တော့ Bookmark toolbar ပေါ်က ပထမလုပ်ထားတဲ့ Readable ကို Remove အရင်လုပ်ရပါမယ်။ (Remove လုပ်ဖို့အတွက် သူ့အပေါ်မှာ Right Click နှိပ်ပြီး Menu ထဲက Delete ကို နှိပ်လိုက်ရင် ရပါတယ်။)
ပြီးမှ Readable website သို့ဝင်ရောက်ပြီး အထက်မှာကျွန်တော် ဆွေးနွေးထားသလို ပြန်ပြီးချိန်ညှိမယ်၊ ပြီးရင် Readable ကို Mouse နဲ့ ဖိဆွဲပြီး Bookmark toolbar ပေါ်သို့ ပြန်တင်ပေးလိုက်လို့ ရပါတယ်။
ရှင်းပြနေတာသာ ကြာတာပါ။ တကယ်လုပ်ကြည့်ရင် လွယ်လွယ်လေးနဲ့ ခဏလေးဘဲ လုပ်ရမှာပါ ... :)
Readable ကိုအသုံးပြုပြီး Webpage ကို Format လုပ်ခြင်း
ကိုယ့် Browser ရဲ့ Bookmark Toolbar မှာပထမဆုံး အဲဒီ Post လေးကို ဖွင့်လိုက်ရင် အောက်က ပုံလိုလေး မြင်ရပါမယ်။
ဒီတော့ PDF file မလုပ်ခင်မှာ ဒီစာမျက်နှာကို Format လုပ်ပါမယ်။ Format လုပ်ဖို့အတွက် ကျွန်တော်တို့ ခုနက လုပ်ထားခဲ့တဲ့ Bookmark toolbar ပေါ်က Readable ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါမယ်။ ခဏလောက်စောင့်ပြီးရင်တော့ အောက်က ပုံလေးလို မြင်ရပါမယ်။
အဲဒီစာမျက်နှာ အနေအထား၊ အကျဉ်းအကျယ် ကို သဘောမကျရင် Readable website သို့ ပြန်လည်ဝင်ရောက်ပြီး ပြုပြင်နိုင်ပါတယ်။ သဘောကျပြီဆိုရင်တော့ အဲဒီစာမျက်နှာရဲ့ အောက်ဆုံးနား မှာပါတဲ့ Print ဆိုတာလေးကို သွားပြီးတော့ နှိပ်လိုက်ပါမယ်။
Print box လေးပွင့်လာပြီဆိုရင် Printer ရဲ့အောက်က Name မှာ doPDF ကိုရွေးပေးရပါမယ်။
doPDF - Save PDF file box ပွင့်လာရင် Browse ကနေ ကိုယ် Save လုပ်ချင်တဲ့ နေရာကို ရွေးပေးလိုက် ပါ။ ပြီးရင် အောက်မှာပါတဲ့ OK ကိုနှိပ်လိုက်ပါ။
doPDF အနေနဲ့ Loading လုပ်ပြီးရင် PDF file ကို ဖွင့်ပြပါလိမ့်မယ်။ အခုဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ သေသပ်လှပတဲ့ PDF file လေးတစ်ခုကို ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါတယ် ခင်ဗျာ ....။
ကိုယ်လုပ်ခဲ့တဲ့ စာမျက်နှာကို နဂိုအတိုင်းပြန်မြင်ချင်တယ်ဆိုရင် ညာဘက်အပေါ်ထောင့်လေးက အနက်ရောင်လေးနဲ့ ရေးပေးထားတဲ့ close ဆိုတာလေးကိုနှိပ်လိုက်ရင် ရပါပြီ ...။
မသုံးဖူးသေးတဲ့ မိတ်ဆွေတွေအနေနဲ့ သုံးကြည့်လို့ အဆင်ပြေရင်ဘဲဖြစ်ဖြစ်၊ မပြေရင်ဘဲဖြစ်ဖြစ် Comment မှာ ပြောဆိုဆက်သွယ်လို့ ရပါတယ် ....။
နောက် Post ကျမှ Browser Extensions ကနေ Format လုပ်တာလေး ဆွေးနွေးပါမယ်။
ခင်မင်လေးစားစွာဖြင့် ....
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea