Sunday, October 14, 2012

Pin It

Widgets

Gmail web site အတုလုပ်ပြီး Account နှင့် password များ ခိုးနေသည်

 သိထားသင့်တဲ့ သတင်းစကားလေး မို့လို့ တိုက်ရိုက်မျှဝေလိုက်ပါသည်။
( မြန်မာမိသားစုဖိုရမ် မှ အထူးအသင်းဝင် ဇော်ရဲပိုင် ဖေါ်ပြထားချက် ဖြစ်ပါသည်။)

ဒီနေ့လည် ကျွန်တော့်ညီ က ကျွန်တော့်ထံ သို့ လင့် တခုပေးပြီး အဲဒီ SITE က GMAIL WEB SITE အသစ်လား ဟုမေးရာ ကျွန်တော် ၀င်ရောက် ကြည့်လိုက်ရာ မြင်လိုက်ရသော WEB SITE ကြောင့်
ကျွန်တော့်ညီအား အဲဒီ SITE မှာ ဘာ USERNAME , PASSWORD နဲ့ မှ ရိုက်ပြီး မဝင်ရန် အမြန် ကြောင်းကြားရပါသည်။

ဘာကြောင့်လဲဆိုတော့

အဲဒီ SITE က GMAIL WEB SITE အတုပါပဲ ...
ပူးတွဲပါ ပုံ FAKEGMAIL.JPG ကိုကြည့်ပါ။





တကဲ့ အစစ် GMAIL WEB SITE က ပူးတွဲပါပုံ REALGMAIL.JPG ပါ။


ကွာခြားချက်ကတော့ ....

  • GMAIL အတု SITE ရဲ့ လိပ်စာက(လောလောဆယ် Browser ရဲ့ Tab တစ်ခုခုမှာ Gmail ဖွင့်ထားတယ်ဆိုရင် ဒီ Link ကို စမ်းပြီးမနှိပ်ကြည့်ပါနဲ့ Gmail ကို LogOut လုပ်ပြီးမှ နှိပ်ကြည့်ပါ။) http://tdbear.freehostia.com.freehostia.com/  ဖြစ်ပြီး GMAIL အစစ် WEB SITE နဲ့ ဆင်တူရိုးမှားဖြစ်အောင် လုပ်ထားပါတယ် ...တကဲ့ GMAIL SITE အစစ်ရဲ့ လိပ်စာဟာ  HTTPS://WWW.GOOGLE.COM ဒါမှမဟုတ် HTTPS://MAIL.GOOGLE.COM နဲ့ စ ရမှာဖြစ်ပါတယ်။GMAIL အတု SITE မှာ FREE SPACE ဟာ 3.2 GB ကျော်ကနေ စတင်ရည်တွက်နေပြီး
  • တကဲ့အစစ် GMAIL SITE မှာကတော့ 7.4 GB ကျော်နေပါပြီ ....
ဒါကြောင့် မတော်တဆ အဲဒီ SITE ထဲရောက်သွားခဲ့ရင် ဘာမှ မရိုက်ပဲ အဲဒီ PAGE ကို ပိတ်ချလိုက်ပါ။
ကျွန်တော့် အထင်ကတော့ မသမာသူတွေဟာ သူများတွေရဲ့ GAMIL ACCOUNT တွေကို ခိုးဖို့ အစီအစဉ်နဲ့ အခုလို စနစ်တကျ လုပ်ထားခြင်းပါ။
တကယ်လို့များ အဲဒီ SITE ကနေ GMAIL ထဲ ၀င်သွားခဲ့သူများရှိပါလျှင် ကိုယ့်ရဲ့ PASSWORD ကို တကဲ့ GAMIL လိပ်စာ အစစ်အမှန် ဖြစ်တဲ့ HTTPS://MAIL.GOOGLE.COM မှဝင်ပြီး အမြန် ပြောင်းကြပါ။

အဲဒီမှာ မေးစရာ ရှိနေပါလိမ့်မယ် ...
အဲဒီ GMAIL အတု SITE ကနေ ၀င်လဲ ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပဲလို့ ....
ဟုတ်ပါတယ် ....
ကိုယ်လဲ ဖတ်နိုင်ပါတယ် ...
ကိုယ့် PASSWORD ရသွားတဲ့ သူတို့လဲ ဖတ်နိုင်ပါတယ် ...

ဘာကြောင့်လဲဆိုတော့ ...

အဲဒီ GMAIL အတု SITE က ရိုက်သွင်းလိုက်တဲ့ USERNAME နဲ့ PASSWORD ကို မှတ်သားထားလိုက်ပြီး
တကဲ့ GMAIL SITE အစစ်ဆီသို့ FORWARD ဒါမှမဟုတ် DIVERT လုပ်အောင် PROGRAM သွင်းထားတာပါ။
ဒါကြောင့် ကိုယ့်ရဲ့ MAIL တွေကို ဖတ်နိုင်တာပါ။ ကိုယ်ဖတ်နေတဲ့ အချိန်မှာ သူတို့က ကိုယ့်ရဲ့ USERNAME နဲ့ PASSWORD ကိုရသွားပါပြီ။
နောက်ဆုံး ကိုယ့် PASSWORD ရသွားတဲ့ သူက PASSWORD အသစ်ပြောင်းလိုက်ရင် ကိုယ့် ACCOUNT ပါ ဆုံးသွားမှာဖြစ်ပါတယ်။

COMPUTER လောကမှာတော့ PHISHING (ဖစ်ရှင်း ) လို့ခေါ်ပါတယ် ...
ငါးမျှားတဲ့ FISHING အသံထွက်အတိုင်းပါပဲ ...
အဓ္ဓိပယ် လဲ ဆင်တူပါပဲ ။
ငါးတွေကို ငါးမျှားချိတ်မှာ အစာတတ်ပြီးဖမ်းသလို အခုဟာက USERNAME နဲ့ PASSWORD တွေကို SITE ဆင်တူရိုးမှား ဘန်းပြပြီး ခိုးတာပါ။

ဘယ်လိုကာကွယ်မလဲ

  • MAIL တွေမှာ ပါလာတဲ့ လင့်တိုင်းကို မနှိပ်ပါနဲ့။
  • နှိပ်ခဲ့လို့ရှိရင်လဲ ကိုယ့်ကို ခေါ်ဆောင်သွားတဲ့ WEB SITE ရဲ့ ADDRESS က ဟုတ် မဟုတ် ၊ မှန် မမှန် စစ်ဆေးပါ။
  • အခုလို USERNAME PASSWORD တွေ ရိုက်ရမဲ့နေရာတွေမှာ ပိုသတိထားပါ။
  • အကောင်းဆုံးကတော့ ADDRESS BAR မှာ ကိုယ်တိုင်ရိုက်ထဲ့တာ အကောင်းဆုံးပါပဲ။
  • PASSWORD ကိုလဲ မကြာခဏပြောင်းပေးပါ။

ခရက်ဒစ်မပေးနိင်ခြင်းအတွက် တောင်းပန်ခြင်း..

ကျွန်တော် ဒီအကြောင်းအရာကို သူငယ်ချင်းက မေးပို့ ပေးလို့ ..တစ်ဆင့် ပြန်လည်မျှဝေခြင်းပါ.. ကိုယ်တိုင်လည်း စဉ်းစားကြည့်တော့ ဖြစ်နိင်ချေက ပိုများနေတာတွေ့ ရလို့ မြန်မာမိသားစုမှ မောင်နှမများ password အခိုးခံရခြင်း ကင်းဝင်းအောင် တင်ပြခြငး်ဖြစ်ပါတယ်..ဘယ်သူ့ဆီက ဒီသတင်း ရလဲ ဆိုတာတော့ ကျွန်တော် အတိအကျမသိပါဘူး.. အဲ့ဒီအတွက် ဒီကနေပဲ ဒီအကြောင်းအရာရေးတဲ့ ပိုစ့်ပိုင်ရှင်ကို တစ်ခါတည်း တောင်းပန်လိုက်ပါတယ်..

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top