Thursday, October 4, 2012

Pin It

Widgets

Firefox အတွက် ဆေးမြီးတို

Blog ရဲ့ Template ပြောင်းနေတာနဲ့ Post တောင် မတင်ဖြစ်ပါဘူး ....။ နေမကောင်းတာလည်း ပါပါတယ်။ ဒီနေ့တော့ နည်းနည်းနေကောင်းတာနဲ့ Blog သို့ ရောက်ခဲ့တယ်။ ကွန်ပျူတာရှေ့ရောက်တော့လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတာနဲ့ ကျွန်တော့် Blog မိတ်ဆွေ အိမ့်မှူးသော် ရဲ့ Blog ထဲက ဟာသလေးတွေ ကို ထိုင်ဖတ်နေမိတယ် ....။
၁၂ ရာသီခွင် ဟာသ လေးတွေကို ဖတ်ရတာ ရယ်ရတော့ စိတ်ထဲမှာ ပေါ့သွားတာဘဲ ....။


ဒီတော့မှ Blog ရေးဖို့ ပြင်ဆင်တော့တာ ....။ Blog ရေးဖို့ Blogger ထဲသို့ ၀င်ရောက်ပြီး Browser (Firefox) ရဲ့ Tab တွေကိုလည်း မှားပိတ်လိုက်တယ် ....။

Blog Post ရေးနေတုန်း သူငယ်ချင်းတစ် ယောက်ရောက်လာတော့ ခုနက အိမ့်မှူးသော် Blog ထဲက ၁၂ ရာသီခွင် ဟာသ တွေအကြောင်း ပြောပြီး ရယ်ကြသေးတယ် ....။
ကျွန်တော်ပြောတာက သိပ်မပြည့်စုံတော့ သူကိုယ်တိုင် ဖတ်ချင်တယ် ပြောလာတယ် ....။
Tab တွေကလည်း ပိတ်လိုက်ပြီ၊ လိပ်စာ အပြည့်အစုံကိုလည်း မမှတ်မိတော့ Blog ထဲသို့ ပြန်ဝင်ပြီး အဆင့်ဆင့်ပြန်ရှာရမလို ဖြစ်နေတာ ....။
အဲဒီမှာ Browser ရဲ့ လက်ရှိဖွင့်ထားတဲ့ Tab တစ်ခုပေါ်မှာ Right Click နှိပ်လိုက်တယ်။ ပေါ်လာတဲ့ Menu လေးထဲက Undo Close Tab ဆိုတာလေးကို နှိပ်လိုက်တယ် ....။


အိမ့်မှူးသော် ရဲ့ ၁၂ ရာသီခွင် ဟာသ Post လေး Tab အသစ်တစ်ခုမှာ တန်းပွင့်လာပြီး ကျွန်တော်တို့ ဖတ်ခဲ့ကြပါတယ် ....။

နည်းပညာ၊ သတင်း၊ ဘာသာရေး တွေအပြင် ဟာသလေးတွေကိုပါ Blog မှာတင်ပေးနေတဲ့ အိမ့်မှူးသော် ကို အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ ....။

(ဒီ Undo Close Tab ဆိုတဲ့ menu လေးက ဘယ်လောက်ထိ ပြန်ပြီး Undo လုပ်လို့ရလဲ ဆိုရင် ကိုယ်ပိတ်ခဲ့သမျှ Tab တွေအကုန်လုံးပြန်ပြီးတော့ ဖွင့်လို့ရပါတယ် ...(Firefox ကိုမပိတ်သေးရင် ပြောတာပါ)။ ပိတ်ခဲ့တဲ့ Tab တွေကို သူ့နေရာအလိုက်တောင် ပြန်ဖွင့်ပေး ပါသေးတယ်...။ ဟဲ...ဟဲ ... New Tab ကို ပိတ်မိရင်တောင် New Tab ပြန်ဖွင့်ပေးပါတယ်။)

မသိသေး(သတိမထားမိသေး)တဲ့ မိတ်ဆွေများ အနေနဲ့ တစ်ချိန်ချိန် မှာ အသုံးတည့်မယ်ထင်ပါတယ် ...။ တစ်ခါတစ်လေမှာ ကိုယ်လုပ်လိုက်တဲ့ အမှားတစ်ခုကို ပြန်ပြီးပြင်ဆင်ရယူနိုင်တာ ပျော်စရာကောင်းပါတယ်။

အထူးသတိပြုရန်။
Internet ဆိုင်များတွင် အသုံးပြုကြသည့် မိတ်ဆွေများအနေနဲ့ ကိုယ်အသုံးပြုခဲ့သည့် Browser (Firefox) ကို သေချာပိတ်ခဲ့ပါ....။ Tab တွေအားလုံး ပိတ်ခဲ့ပြီဘဲ Google လောက်တော့ ထားခဲ့လို့ရပါတယ် ဆိုရင်တော့ ကိုယ်ကြည့်ခဲ့သမျှ နေရာကို နောက်လူက ၀င်ရောက်ကြည့်ရှုသွားနိုင်ပါတယ် .....။
 ချစ်ခင်လေးစားစွာဖြင့်....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top