ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်စကားကို ကြိုက်သနည်း ။
အယဉ်တစ်ကန့် နုတစ်ကန့်တည့်
အခန့်တစ်ထပ် သန့်တစ်ထပ်တည့်
သမာသ်ပုဒ်သစ် သိပ်သည်းကျစ်၏
မာန်ယစ်ကြွားဝါ အတ္တပါမူ
တမာလိုခါး ထိုစကား ။
အဆန်းမဖက် ရိုးသက်သက်တည့်
အခက်မပါ အလွယ်သာတည့်
ရက်ရွာလူမျိုး ပြောဆိုရိုးတည့်
အကျိုးရိှရာ အမှန်ပါမူ
သကာချိုပျား ထိုစကား ။
ဇော်ဂျီ
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea