Wednesday, October 10, 2012

Pin It

Widgets

၂၀၁၂ ငြိမ်းချမ်းရေး နိုဘယ်ဆု လျာထားစာရင်းတွင် သမ္မတကြီး ဦးသိန်းစိန်ပါ၀င်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကြီးဦးသိန်းစိန် သည် ၂၀၁၂ခုနှစ် အတွက် ငြိမ်းချမ်ရေးနိုဘယ်ဆုရှင် လျာထားစာရင်းတွင် ပါ၀င် နေကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် တပ်မတော် အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲခဲ့ပြီးနောက်၊ အပြောင်း အလဲများစွာကို အနောက်နိုင်ငံ များက အံ့သြယူရလောက် အောင် ငြိမ်းချမ်းစွာ ပြောင်းလဲ နိုင်ခဲ့သူဖြစ်ပြီး အတိုက်အခံအင် အားစုများနှင့် ချစ်ကြည်ရင်းနှီးစွာ လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည့်အတွက်သမ္မတကြီးဦးသိန်းစိန်၏လုပ်ရပ်ကို အမေရိကန်နိုင်ငံအပါအဝင် အရှေ့၊ အနောက်နိုင်ငံများစွာက ချီးကျူးခဲ့ကြသည်။
၂၀၁၂ ခုနှစ်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုလျာထားစာရင်းတွင်
  • သမ္မတကြီး ဦးသိန်းစိန်၊ 
  • အကြမ်း မဖက်ငြိမ်းချမ်းစွာတော်လှန်ရေး ဆိုင်ရာ ကျွမ်းကျင်သော အမေရိ ကန်နိုင်ငံသား Dr. Sharp၊ 
  • ရုရှား လူ့အခွင့်အရေးအုပ်စု Memorial တည်ထောင်သူ Ms. Svetlana Gamnush Keina၊
  • အမှီအခိုကင်း သော ရုရှားမီဒီယာအဖဲွ့ Echo of Moscow တည်ထောင်သူ Mr. Alexei Venediktov
  • ဘာသာ ရေးအား လဲွမှားစွာအသုံးပြုခြင်း ကို ဆန့်ကျင်သူ နိုက်ဂျီးရီးယား နိုင်ငံသားနှစ်ဦး
တို့လည်း ပါ၀င်ကြ သည်။
၂၀၁၂ ခုနှစ်အတွက် ငြိမ်း ချမ်းရေးနိုဘယ်ဆုကို အောက်တို ဘာလ(၁၂) ရက်နေ့ တွင် ကြေညာမည်ဖြစ်ရာ သမ္မတကြီး ဦးသိန်းစိန် သာငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်လာပါက မြန်မာ နိုင်ငံသည် ဂုဏ်ယူစရာ နိုဘယ် ဆုရှင်နှစ်ဦး ပိုင်ဆိုင်တော့မည် ဖြစ်သည်။

စိုးဝင်းနိုင်
Yangon Media Group မှဖေါ်ပြပါသည်။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top