Monday, October 1, 2012

Pin It

Widgets

မျှားနတ်မောင် နှင့် အင်တာဗျူး

မနက်အစောကြီး ကျွန်တော့်ဆီသို့ မျှားနတ်မောင် ရောက်လာတယ် .... လက်ထဲမှာလည်း စာရွက်တစ်ရွက်နဲ့ ..... သူ့စာရွက်ထဲမှာတော့ အသက်(၃၀) ကျော်ပြီး အိမ်ထောင်မကျသေးတဲ့ သူတွေကို စစ်တမ်းကောက်ယူပြီး ရှေ့ဆက်သွားမဲ့ လမ်းစဉ် (၇) ရပ် ..... ဟာ ... အလွတ်ကျက်ထားတဲ့ စာသားနဲ့ ရောသွားလို့ ..... ဟတ်...ဟတ် ... လူပျို(သိုး)ကြီးတွေ ဘာဆက်လုပ်မယ် ဆိုတာကို မေးမြန်းစုံစမ်းဖို့ မျှားနတ်မောင် ညီလာခံက ဆုံးဖြတ်လိုက်တဲ့ အကြောင်းရေးထားတယ် ....။ (သူ့မိန်းမ ကတော့ အပျို(သိုး)ကြီးတွေဆီ သွားပြီး မေးနေတယ် ပြောပါတယ်။)

ကျွန်တော့်ရှေ့ရောက်တော့ ပါလာတဲ့ လေး နဲ့ မျှား ကို စားပွဲပေါ်တင်လိုက်ပြီး Sony အသံဖမ်းစက်လေးကို ထုတ်လိုက်တယ်။ ဘေးလွယ်အိပ်ထဲပါလာတဲ့ Apple ipad2 ကိုထုတ်ပြီး ကျွန်တော်ပြောသမျှ လိုက်ရေးဖို့ ပြင်ဆင်နေလေရဲ့ ....။ ရာသီဥတု ပူလို့ထင်တယ် .... ကျွန်တော့်အခန်းထဲက ပန်ကာ သာသာ အလုပ်လုပ်ပေးနိုင်တဲ့ Panasonic (လက်ဟောင်း) အဲယားကွန်းကို တစ်ချက်စောင်းကြည့်ပြီး နှခေါင်းချုံ့ လိုက်သေးတယ် .....။

ဒီည Facebook မှာ ဘာတွေတင်ရင်ကောင်းမလဲလို့ တွေးနေတုန်း သူ့အသံကို ကြားလိုက်ရတယ် ...
မျှားနတ်မောင် - "နာမည်လေးပြောပါအုံး"
ကျွန်တော် - "ကျွန်တော့်နာမည် FreeIdea ပါ ခင်ဗျာ ..."
ဖြေရင်းနဲ့ ခန္ဓာကိုယ်ကို နည်းနည်း ပြင်ထိုင်လိုက်တယ် .... ဆံပင်ကို နည်းနည်းသပ်လိုက်တယ်....
မျှားနတ်မောင် - "ရတယ် ... နေတတ်သလို နေပါ ... ရုပ် ကို မဖမ်းထားဘူး ... အသံဘဲ ဖမ်းမှာ ..."
ဟာ .... သေရော .... တိန် ...(ကျွန်တော် နည်းနည်းတော့ ရှက်သွားပါသည်။ သို့သော် လက်ညှိုးကို မကိုက်ပါ။ အကျင်္ီစ, ကိုမလိမ်ပါ။)
မျှားနတ်မောင် - "အသက်က ..."
ကျွန်တော် - "၃၃ နှစ်ပါ ..."
မျှားနတ်မောင် - "ဒီနှစ် သီတင်းကျွတ်ရင် အိမ်ထောင်ပြုဖို့ အစီအစဉ် ရှိ/မရှိ နဲ့ တစ်သက်လုံး အိမ်ထောင်ပြုဖို့ အစီအစဉ် ရှိ/မရှိ သိချင်ပါတယ် .."
လာပြန်ပြီ ဒီ ....အစီအစဉ် ရှိ/မရှိ ဆိုတဲ့ စကား SkyNet မှာ ခဏခဏ ကြားနေရလို့ နားဝနေပြီ....
ကျွန်တော် - "ကျွန်တော် ဒီသီတင်းကျွတ်မှာ အိမ်ထောင်မပြု သလို တစ်သက်လုံးလည်း အိမ်ထောင် မပြုပါဘူး ခင်ဗျာ ..."
မျှားနတ်မောင် ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်လိုက်တယ် ....ကျွန်တော့်အဖြေကို သိပ်ကျေနပ်ပုံတော့ မရဘူး ....။
မျှားနတ်မောင် - "နည်းနည်း ပြောပြစမ်းပါအုံး ... ဘာကြောင့်လဲ လို့ ..."
ကျွန်တော် - "ဒီလိုပါဗျာ ... ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အိမ်ထောင်ရေး တွေက ကျွန်တော့်ကို မိန်းမမယူဖို့ တိုက်တွန်းနေသလိုဘဲ ....။ ဦးဟိုဒင်း တို့မိသားစုဆိုရင် နေ့တိုင်း တကျက်ကျက် နဲ့ ရန်ဖြစ်နေကြတာ နားကိုငြီးနေတာဘဲ ....။ ကိုဟိုဟွာ တို့ကျပြန်တော့လည်း လင်မယားနှစ်ယောက် အပြိုင်ရွဲ့ နေကြတာ သားသမီးလေးတွေ ခမျာ သနားပါတယ်ဗျာ ....။ ဦး...."
ကျွန်တော့်စကားမဆုံးခင်မှာ မျှားနတ်မောင်က လက်ကာပြလိုက်တယ်....
မျှားနတ်မောင် - "ခင်ဗျားက အဆင်မပြေတာတြွေကည့်ပြီးဘဲ ပြောနေတာကို အဆင်ပြေတဲ့ ဦး.... တို့ ၊ ကို... တို့ ကျတော့ မမြင်ဘူးလား..."
ကျွန်တော် - "မြင်တာပေါ့ဗျာ .... သူတို့က အဆင်ပြေတာမဟုတ်ပါဘူး ... မိန်းမကြောက်တဲ့ သူတွေလေ။ ကြောက်တာမှ မ.ယ.က ဥက္ကဌမိန်းမ,ကြောက် ရတဲ့သူတွေထဲမှာ ဥက္ကဌခန့်လို့တောင်ရတဲ့သူလို့ ုဆိုလိုတာပါ ... နေရာကို လုနေကြတာ။ ကျွန်တော်က မိန့်မယူရင် ဒီလူတွေလို ကြောက်မှာမဟုတ်တော့ အဆင်ပြေမှာ မဟုတ်ဘူးဗျ..."
မျှားနတ်မောင် တစ်ချက်တော့ တွေဝေသွားသည်။ စဉ်းစားအဖြေထုတ်နေဟန်လည်း ပေါ်သည်။ ပြီးမှ ...
မျှားနတ်မောင် - "ကဲ ... ထားပါတော့ ခင်ဗျား မျိုးဆက် ဆိုတာကိုရော ထည့်မစဉ်းစားဘူးလား..."
ကျွန်တော် - "စဉ်းစားပါတယ် ခင်ဗျာ .... ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က မကောင်းတော့ ရလာမဲ့ ကျွန်တော့်မျိုးဆက် ကလည်း ကောင်းမှာမဟုတ်ဘူးလေ .... ဒီတော့ မကောင်းတဲ့မျိုးဆက်ကို လောကကြီး မှာမထားခဲ့ချင်ဘူး .... လောကကြီးကို ဒုက္ခမပေးချင်တဲ့ သဘောပေါ့ဗျာ ..."
မျှားနတ်မောင် တစ်ချက်မော့ကြည့်ပြန်သည် .... ဘေးဘယ်ညာကိုလည်း ဝေ့ကြည့်လိုက်သေးသည်။ အခန်းထောင့်မှ ဘီယာဘူးခွံ၊ ပုလင်းခွံ များကို တွေ့ပြီးမှ ခေါင်းတဆတ်ဆတ်ညှိပ်လိုက်ပြီး ....
မျှားနတ်မောင် - " ခင်ဗျားအသက်ကြီးလာရင် ဆေးပေးမီးယူ လိုတယ် ဆိုတာကိုကော ထည့်မတွက်ဘူးလား"
ကျွန်တော် - "ဟား ....ဟား .... မလုပ်ပါနဲ့ မျှားနတ်မောင် ရေ ..... ဆေးပေးမီးယူ မရဘဲ မီးပေးဆေးယူ ဖြစ်နေပါအုံးမယ် ... အဟတ်.... ကျွန်တော့်ရုံးက ဦး ...."
ဒီတစ်ခါလည်း လက်ကာလိုက်ပြန်ပါသည် ..... သူမေးရမဲ့ မေးခွန်းတွေနဲ့ အချိန်ကို တွက်ထားလို့နဲ့တူတယ်။ သီးခြားဖြေရှင်းချက်များကို လက်မခံပါ ....။
မျှားနတ်မောင် - "ခင်ဗျား ရှေ့ဆက်ပြီး ဘယ်လိုနေထိုင်သွားမလဲ.."
မျှားနတ်မောင် နည်းနည်းစိတ်တိုလာပုံတော့ ရပါသည်။ လေသံက မာလာသည်။
ကျွန်တော် - " ကျွန်တော်က ၀န်ထမ်းဆိုတော့ အသက် (၆၀)ထိ နိုင်ငံတော်က တာဝန်ယူပါလိမ့်မယ်။ အသက်(၆၀)ပြည့်လို့ ပင်စင်ယူပြီးရင် ရတဲ့ နိုင်ငံတော် ဆုကြေးငွေကို အသက်(၇၀)ထိ ဆယ်နှစ် ထိုင်သုံးပါ မယ်။ အသက်(၇၀) ပြည့်ရင်တော့ ဖြူးဘိုးဘွားရိပ်သာမှာ သွားနေပါမယ် ခင်ဗျာ ... နောက်ပိုင်း ကတော့ ဘိုးဘွားရိပ်သာရဲ့ အစီအစဉ်အတိုင်း ပါဘဲ ...."
ဒီတစ်ခါ ခန္ဓာကိုယ်ကို ပြင်ပြီးထိုင်သူက မျှားနတ်မောင် ပါ ...။ စိတ်တိုလွန်းလို့နဲ့ တူပါတယ် .... သူ့ ipad2 ကြီးကို ပိတ်ပစ်လိုက်တယ်။ Sony အသံဖမ်းစက်လေးကို ပါ ပိတ်လိုက်ပြီး မျက်နှာနီနီကြီးနဲ့ ကျွန်တော်ကို မော့ကြည့်လိုက်တယ် ....
မျှားနတ်မောင် - " ခင်ဗျားမှာ တစ်ခြားဘာပြောစရာရှိသေးလဲ"
အသံဖမ်းစက်တွေပိတ်ပြီးမှ မေးတာဆိုတော့ မှတ်တမ်းမတင်တော့ဘူး ဆိုတဲ့ သဘောပေါ့ ....
ကျွန်တော် - " မျှားနတ်မောင် ဒီကပြီးရင် ဘယ်သူတွေကို မေးရအုံးမှာလဲ ..."
မျှားနတ်မောင် - " ဒီနေ့တော့ ခင်ဗျားတစ်ယောက်ဘဲ ..။ ဒီကပြီးရင် အပြန်မှာ ကလေးတွေကို ကျောင်းဝင် ကြိုရမယ်၊ စျေးတစ်ခါတည်း ၀ယ်သွားရမယ်၊ ကျုပ်မိန်းမက သူ့အမေအိမ်ဝင်အုံးမှာဆိုတော့ နောက်ကျမယ်။ ဒီတော့ ချက်ပြုတ်ရမယ်၊ လျှော်ဖွတ်ရမယ်။ မီးလာတုန်းလေး ရေတင်ရမယ်။ ကလေးတွေကို ထမင်းခူးခပ်ကျွေးရမယ် ... ဟူး .... မလွယ်ဘူးဗျို့ ...အလုပ်တွေရှိသေးတယ် .... ပြန်ပြီ ..."
ပြောရင်နဲ့ မျှားနတ်မောင် လှည့်ထွက်သွားခဲ့သည် ..... အော် ...... ဒါ့ကြောင့် ဒီမျှားနတ်မောင် အောင်သွယ်ပေးလို့ မိန်းမရတဲ့သူတွေ မိန်းမကြောက်နေကြတာကို းးးးးးးးးးးးးးးးးးးး

ပြုံးပျော်ရွှင်နိုင်ကြပါစေ .....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top