Saturday, October 27, 2012

Pin It

Widgets

အမေ့ ဆီသို့ အိတ်ဖွင့်ပေးစာ

သို့
မေမေ ....
ပူလောင်နေတဲ့ မီးလောင်မှု ဒါဏ်ရာတွေ၊ မိသားစုတွေရဲ့ စိုးထိတ်ငိုကြွေးသံတွေ၊ တိုက်ခိုက်နေကြတဲ့ ဓါးသံ လှံသံတွေ၊ ထိန်းကွပ်နေတဲ့ သေနတ်သံတွေ ကြားက သွေးစွန်းနေတဲ့ သားရဲ့လက်တစ်ဖက်နဲ့ ဒီစာကို ရေးလိုက်တာပါ ....။

အမေ့ ရဲ့ သား (၁၄) ယောက်ထဲက သားငယ်တစ်ယောက်အနေနဲ့ အခုခံစားနေရတဲ့၊ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်လေးတွေကို မေမေ သိအောင် ရင်ဖွင့်ပြတဲ့ စာလေးတစ်စောင်ပါ ....။ သားမိသားစုဝင်တွေ ရဲ့ ကိုယ့်အိမ် ပေါ်မှာနေပြီး သွေးမြေကျနေကြရတာကို ဆက်ကြည့်နေဖို့ သားမှာခွန်အားတွေ မရှိတော့ပါဘူး မေမေ ရယ် ...။ "သားမိသားစုဝင်တွေရဲ့ ကိုယ့်အိမ်ပေါ်မှာ" လို့သာ သားသုံးနှုန်းလိုက်ပေမယ့် တကယ်တော့ ဒီမိသားစုဟာ အမေ့ရဲ့ မိသားစုတွေ ဖြစ်သလို ဒီအိမ်ဟာလည်း အမေ့ရဲ့ အိမ် ပါဘဲ မေမေ ရယ် ....။

မှတ်မိပါသေးတယ် မေမေ .... ၁၉၄၈ ခုနှစ်မှာ သားတို့ ညီကို (၁၄) ယောက်ရဲ့ မိသားစုတွေ စုပေါင်းပြီး အမေ့အိမ်လေးကို ထူထောင်ခဲ့ကြတာကိုလေ ....။ လှပတဲ့ အမေ့အိမ်၊ ငြိမ်းချမ်းတဲ့ အမေ့အိမ်၊ တိုးတက်တဲ့ အမေ့အိမ်လေး ဖြစ်လာဖို့အတွက် သားတို့တွေ ၀ိုင်းပြီး ကြိုးစားခဲ့ကြတာပါ ...။ တစ်ချို့အခြေအနေ လေးတွေကြောင့် အိမ်တွင်းရေး ပြဿနာလေးတွေ

ရှိခဲ့ကြပေမဲ့ ညီအစ်ကိုချင်း အာဃာတ မထားဘဲ ခွင့်လွှတ်နားလည်ပြီး ရှေ့ဆက်သွားခဲ့ကြတာပါ ....။

သားတို့ မိသားစုဟာ အမေ့ခြံစည်းရိုးရဲ့ အနောက်ဘက်မှာ နေထိုင်ပြီး ဆင်းရဲနွမ်းပါးစွာနဲ့ဘဲ အမေ့ကို အလုပ်အကျွေးပြုနေတာပါ မေမေ ...။ ဘင်္ဂလားပင်လယ်ပြင်ကြီးရဲ့ ရက်စက်တဲ့လှိုင်းဒါဏ်၊ လေဒါဏ်တွေ ကို ခါးစည်းခံရင်း ... ဒီပင်လယ်ပြင်မှာရှိတဲ့ သဘာဝ သယံဇာတ (ငါး၊ ပုဇွန်၊ ပုလဲ၊ ရေနံ၊ သဘာဝဓါတ်ငွေ့) တွေကို အမေ့အတွက် ပေးဆပ်နေတာပါ ...။ ဘာဘဲဖြစ်ဖြစ် အမေ့အိမ်လေး လှပနေမယ်၊ တိုးတက်နေမယ်ဆိုရင် စိတ်ထဲမှာ ကြည်နူးနေမိပါတယ် အမေ ရယ် ...။

သားရဲ့မိသားစုတွေအနေနဲ့ ဆင်းရဲကြပါတယ် ....။ ပညာရေး နိမ့်ကျသလောက် ကျန်းမာရေးပိုင်းမှာလည်း မလုံလောက်တဲ့ အခြေအနေလေးတွေပါ။ "ညဘက်ရောက်တိုင်း ပတ်ဝန်းကျင်က လျှပ်စစ်မီး ထိန်ထိန်ညီး နေတဲ့ သားအစ်ကိုကြီးတွေရဲ့ အိမ်တွေကို ကြည့်ပြီး ပီတိဖြစ်ရင်း .... အမှောင်ထဲကပဲ အမေ့ ကိုရှိခိုးကန်တော့ နေမိတာပါ ....။"

သားကိုယ်တိုင် သဘာဝဘေးအန္တရာယ် ဆိုတာကြီးကို တစ်ဦးတည်း လည်စင်းခံ လာခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး .... အမေ ....။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်၊ မေလ(၂) ရက်နေ့မှာ အစ်ကိုကြီး ဧရာဝတီ မှာတိုက်ခတ်သွားတဲ့ နာဂစ် မုန်တိုင်းသတင်းကြားရတော့ သားတကယ်စိတ်မကောင်း ဖြစ်ခဲ့မိတာပါ။ အဲဒီအတွက်လည်း ဆင်းရဲပေမဲ့ သားတတ်နိုင်သလောက် အစ်ကိုကြီးကို ကူညီခဲ့ပါသေးတယ် ....။ အစ်ကို ကြီးက သားလို မုန်တိုင်းနဲ့ပတ်သက်ပြီး ဒါဏ်မခံဘူးတော့၊ အတွေ့အကြုံမရှိတော့  မိသားစုဝင် (၁၃၈၃၆၆) ယောက်တောင် အသက် ပေးလိုက်ရတယ် မေမေရယ် ... သားတကယ်နှမြောတသ ဖြစ်မိ ပါတယ် ....။ ၂၀၁၀၊ အောက်တိုဘာ(၂၂) မှာတော့ သားကိုဒုက္ခပေးမယ့် ဂီရိ ဆိုတဲ့ မုန်တိုင်း ၀င်ရောက်ခဲ့ ပါတယ် ....။ သားသိပ်ချစ်တဲ့ သားရဲ့မိသားစုဝင်တွေနဲ့ ကွဲကွာခဲ့ရပေမဲ့ ညီကိုတွေဆီက အတိုင်းအတာ တစ်ခုထိ အကူအညီတွေ ရခဲ့တဲ့အတွက် ၀မ်းသာခဲ့ရပါတယ် ....။ ကျေးဇူးလည်း တင်ပါတယ် မေမေရယ်။

သားရဲ့ အိမ်လေးအနီးက ရွှေသဘာဝဓါတ်ငွေ့ ကိုပဲ အမေ့အိမ်လေးလှပဖို့ အသုံးချပါ မေမေရယ် .... ဒီနေရာက ပင်လယ်ပြင်ကြီးဆိုတော့ အမေ့အိမ်လေးကို မထိခိုက်ပါဘူး ....။ သားရဲ့ အစ်ကိုကြီး ကချင် မှာရှိတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြီး ကိုတော့ မလုပ်လိုက် ပါနဲ့ ....။ သားတို့ ညီကိုတွေ သိပ်ပြီး တန်ဖိုးထားချစ်ခင်ရတဲ့ ဧရာဝတီမြစ်လေး ပျောက်သွားမှာ စိုးလို့ပါ ....။ ဒီ့အတွက် အမေ့ကို သားတို့ ဘာဘဲ လုပ်ပေးရ လုပ်ပေးရ လုပ်ပေးပါမယ် ...။ တောင်းပန်ပါတယ် မေမေ ရယ် ....။ ကိုကြီး ကချင် ခမျာလည်း သူ့အိမ်တွင်းရေးပြဿနာလေးတွေနဲ့ အမေ့ကို စိတ်ထိခိုက်စေမှာပေါ့ ....။ သူကိုယ်တိုင် ညီညွတ်လာအောင် ကြိုးစားမယ် ထင်ပါတယ် .....။ သားတို့လည်း သူ့ကို ညီညွတ်စေချင်နေတာပါ .....။

အခု ဒီကာလတွေ အတောအတွင်းမှာတော့ ဘေးဒုက္ခဆိုးကြီးကို သားရင်ဆိုင်နေရပါပြီ မေမေ ရယ် ...။ အမေ့ရဲ့ အနောက်ဘက်ခြံစည်းရိုးကို စောင့်ရှောက်ရတဲ့ သားတစ်ယောက်အနေနဲ့ "ဒီတာဝန်ကို ငါကျေပွန် ပါ့မလား" လို့တောင် တစ်ခါတစ်ခါ တွေးနေမိတယ် ....။ ဒါပေမယ့် မေမေ စိတ်ချပါ ....။ သားရဲ့ မိသားစုဝင် တွေစည်းလုံးကြပါတယ် ...။ အမေ့ခြံစည်းရိုးကို ချိုးဝင်မှာကို မပြောနဲ့ အမေ့အိမ်လေးရဲ့ အနောက်ဘက်တံခါကို လာခေါက်ခဲ့ရင်တောင် သားတို့အသက်နဲ့လဲပြီး ကာကွယ်သွားမှာပါ ....။ အခုလည်း ကာကွယ်နေကြပါတယ် .....။ ဆင်းရဲတဲ့ဘဝမှာ စီးပွားရေးကို အားစိုက်မလုပ်နိုင်ဘဲ ... အမေ့မြေ၊ အမေ့ရေ၊ အမေ့ပိုင်နက် အတွက် ဇာတိမာန်သံစဉ်တွေဟစ်ရင်း သားတို့ တွန်းလှန်သွားမှာပါ ....။
သားတို့ငယ်ငယ်တုန်းက အမေဆိုပြခဲ့ဘူးတဲ့ သီချင်းစာသားလေး သတိရနေတုန်းပါ ....
"ကမ္ဘာ မကျေ၊ မြန်မာပြည်
တို ့ဘိုးဘွား အမွေစစ်မို ့
ချစ်မြတ်နိုးပေ။
ပြည်ထောင်စုကို အသက်ပေးလို ့
တို ့ ကာကွယ်မလေ
ဒါတို ့ပြည်၊ ဒါတို ့မြေ တို ့ပိုင်နက်မြေ။
တို ့ပြည်၊ တို ့မြေ အကျိုးကို
ညီညာစွာ တို ့တစ်တွေ
ထမ်းဆောင်ပါစို ့လေ
တို ့တာဝန်ပေ
အဖိုးတန် မြေ။"
ဆိုတာလေ ....။ ဒီမြေဟာ သားတို့ဘိုးဘွားတွေရဲ့ အမွေအနှစ်အစစ်အမှန် မဟုတ်ဘူးလား မေမေပြောပါ ...။ ဒီစစ်မှန်တဲ့ ဘိုးဘွားမြေကို အသက်ပေးပြီး ကာကွယ်နေတဲ့ သားရဲ့ မိသားစုဝင်တွေ ကော မှားနေကြ လို့လား မေမေရယ် ...။

"ဥပဒေအတိုင်းလုပ်ကြရမယ်" ဆိုပြီး အမေ ဆုံးမ,ချင်တယ်ဆိုတာကို သားသဘောပေါက်ပါတယ် ....။ ဒါပေမဲ့ အဲဒီဥပဒေ ဆိုတာကြီး မပေါ်ပေါက်လာခင်မှာ သားတို့ အထွဋ်အမြတ်ထားတဲ့ ဘုရားပုထိုးတော်တွေကို ဗလီတွေနဲ့ အစားထိုးသွားမှာ သားအရမ်းစိုးရိမ်မိလို့ပါ ....။
လူသားချင်း စာနာထောက်ထားတယ် ဆိုလား ????? သားက ဗဟုသုတနည်းတော့ သိပ်ကျယ်ကျယ်ပြန့်ပြန့် မသိပါဘူး .....။ သားသဘောပေါက်တာကတော့ "လူဆန်တဲ့၊ လူလိုအကျင့်စရိုက် လက္ခဏာရှိတဲ့၊ လူစိတ်ရှိတဲ့ သူတွေကို စာနာထောက်ထားသင့်တယ် ဆိုတာပါ ....။" ဆန့်ကျင်ဘက်အနေနဲ့ "လူမဆန်တဲ့၊ လူလိုအကျင့်စရိုက်လက္ခဏာမရှိတဲ့၊ လူစိတ်မရှိတဲ့ သူတွေအတွက်တော့ ဒီ လူသားချင်း စာနာထောက်ထားတယ် ဆိုတဲ့ စကားလုံးကြီးကို မသုံးပါနဲ့ .... မတန်လို့ပါ ....။"
အမေလည်း ပြုပြင်ပြောင်းလဲရေးတွေနဲ့ အမေ့အိမ်လေး တိုးတက်ဖို့ လုပ်နေရလို့ သားတို့နဲ့ အလှမ်းဝေးသွား တယ်ထင်တယ် ....။ အမေ့ကို သားပြောချင်ပါတယ် ....။ သားရဲ့မိသားစုဝင်တွေထဲမှာ
  • ရခိုင်လူမျိုး
  • ကမန် မျိုးနွယ်စု
  • ခမွီး မျိုးနွယ်စု
  • ဒိုင်းနက် မျိုးနွယ်စု
  • မရမာကြီး မျိုးနွယ်စု
  • မြို မျိုးနွယ်စု
  • သက် မျိုးနွယ်စု
ဆိုတာတွေဘဲ ရှိပါတယ် အမေရယ် .....။ တစ်ခြားမပါပါဘူး ....။

သားတို့ရဲ့ အမေ့အိမ်လေးကို တည်ဆောက်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း က မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲမှာ
"ကိုယ့်အမျိုးကိုချစ်ရုံနဲ ့ဒီ့ပြင် အမျိုးကိုလည်းမုန်းဖို ့မလိုဘူး၊ သို့သော်လည်း အမျိုးအကျိုးကို လာထိတဲ့သူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့ ဒါကငါတို ့အမျိုးရဲ့ ရန်သူအဖြစ်ဖြင့်သာ နှိမ်နှင်းခြင်းဖြစ်တယ်၊ ဘယ်လူမျိုးဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး"
ဆိုပြီး မိန် ့ခဲ့ဖူးတယ်လေ ....။ အခု ရိုဟင်ဂျာ ဆိုတဲ့ သူတွေက သားတို့မြေမှာနေတယ်၊ သားရဲ့ မိသားစု တွေကို စော်ကားတယ်၊ သားတို့ပိုင်တဲ့ အမေ့အိမ်ကို ကျူးကျော်ဖို့ ကြိုးစားနေပြီ အမေ ....။ ဒီလို အမျိုးကို လာထိရင်တော့ သားရဲ့ မိသားစုဝင်တွေက နှိမ်နင်းမှာဘဲ .... အမေနားလည်ပေးပါ ....။ အမေပြတ်သားပေးပါ ....။
သားတို့လည်း ကိုယ့်မိသားစုဝင်တွေရဲ့ အသက်ကို ဘယ်အသေခံချင်ပါ့မလဲ အမေရယ် ....။ အမေ့အိမ်လေး လုံခြုံဖို့၊ ဘိုးဘွားပိုင်အမွေအနှစ်လေး မဆုံးရှုံးဖို့ သားတို့ ရပ်တည်နေတာပါ ....။
အမေတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ပါ ....။ ဒီကောင်တွေက လူမျိုးအချင်းချင်း လို့ပြောရလောက်အောင် အမေမွေးခဲ့တဲ့ သားတွေထဲမှာ ရိုဟင်ဂျာ ဆိုတာပါလို့လား အမေပိုသိမှာပါ .... (သား ဒေါသစိတ်တွေလွှမ်းနေလို့ ပြောမှားဆိုမှား ရှိတယ်ဆိုရင် ရှိခိုးတောင်းပန်ပါတယ် မေမေရယ် ....။) နားလည်မှုတွေထားနေတဲ့ကြားက အိမ်ရှင်ကို ပြန်စော်ကားရင်တော့ ခွင့်မလွှတ်နိုင်ဘူးဗျာ ....။ အံမယ် .... သူတို့ကများ .... သင်ခန်းစာယူပြီး ပြုပြင်ဦးမယ် ဆိုပဲ ... အဟတ် ... သိပ်လည်း ရယ်စရာပြောတတ်တဲ့ ကောင်တွေပဲ ....။ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး သံယောဇဉ်တြွေဖစ် လာအောင် လှုံ့ဆော်သွားအုံးမယ်တဲ့ .... ဘာလဲ ...
  • မိကောင်းဖခင်သားသမီးတွေကို မုဒိမ်းကျင့်စော်ကားလို့ မဝ ကြသေးဘူးလား?
  • ဒီမြေက သယံဇာတတွေကို ရယူလို့ အတောမသတ်နိုင်ကြသေးဘူးလား?
  • ဘာသာ၊ သာသနာ ကို စော်ကားလို့ စိတ်တိုင်းမကျကြသေးလို့လား?
  • ဒီမြေကိုပါ အပိုင်သိမ်းပြီး ငါတို့ အမေ့အိမ်လေးကို ဖျက်ဆီးချင်ကြတာလား?
တစ်ခါတည်းပြောထားလိုက်မယ် ရိုဟင်ဂျာ ......
"အမေ့အိမ်ရဲ့ အနောက်တံခါးက ၀င်မယ်ဆိုရင် ငါတို့မိသားစုကို အရင်သတ်နိုင်မှ မင်းတို့ဝင်လို့ရမယ်ကွ ....။ အဲ ... ငါတို့လည်း မင်းတို့လို လူမဆန်တဲ့ အကောင်တွေနဲ့ အတူတူနေဖို မပြောနဲ့ မင်းတို့မျက်နှာကို မြင်တာနဲ့ ဓါးကို ဆွဲထုတ်လောက်အောင်ကို အသည်းနာလွန်းလို့ပါ .....။"

စာရှည်လွန်းလို့ အမေဖတ်ရတာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့တယ်ဆိုရင် သားကို ခွင့်လွှတ်ပါ ခင်ဗျာ ....။
အရှေ့မြောက် ဘက်မှာ လူဦးရေ သန်း ၁၃၀၀ ကျော် ရှိတဲ့ တရုတ်နိုင်ငံ၊ အနောက်မြောက် ဘက်မှာ လူဦးရေ သန်း ၁၂၀၀ ကျော် ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘက်မှာ လူဦးရေ သန်း ၁၅၀ ခန့်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်၊ အရှေ့ဘက်မှာ လာအို၊ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အမေ့အိမ်လေးရဲ့ လုံခြုံမှု အတွက် စိုးရိမ်လို့ပါ .....။ အိမ်နီးချင်းတွေဆိုပေမဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတည်တကျရှိပြီး ရပ်တည်နေကြတဲ့ အိမ်နီးချင်းတွေကိုတော့ သားအနေနဲ့ မပြောလိုပါဘူး ....။ နိုင်ငံအတည်တကျမရှိ၊ လူမျိုးအတည်တကျမရှိတဲ့ အုတ်ကြားမြက်ပေါက် ကလေကချေ တွေက မြန်မာလူမျိုး ဆိုပြီး အသံကုန်ဟစ် လို့မဝ သေးတဲ့အပြင် ဒီမြေဒီရေ ကိုတောင် လာထိပါးမယ် ဆိုရင်တော့ အသက်နဲ့လဲပြီး ကာကွယ်ရမှာပါ ...။ ဒီလိုကောင်တွေနဲ့ အတူတူနေတာနဲ့ စာရင် အသက်ချင်းလဲပြီး သေသွားတာကမှ သားအတွက် မွန်မြတ် တယ်လို့ ခံယူထားပါတယ် မေမေရယ် .....။
ကဗျာဆရာကြီး (ဆရာဇော်ဂျီ) က သားကို ကဗျာလေးတစ်ပုဒ် ပေးသွားခဲ့တယ် မေမေ ....
သင်သေသွားသော်
ဪ..လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။
(ဇော်ဂျီ)
တကယ်လို့ သားသေသွားခဲ့မယ်ဆိုရင်တောင် ....
  • အမေ့ရဲ့ အနောက်ဘက်အိမ်ယာလေးမှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးပြီး ပျော်ရွှင်မြူးတူးနေကြတဲ့ သားတို့ရဲ့ အမျိုးအနွယ်(မြန်မာ) တွေကိုဘဲ ရှိစေချင်မိတယ် ....။ 
  • သားတို့ အမြတ်တစ်နိုးတန်ဖိုးထားကြတဲ့ "ရခိုင်စာပေ၊ ရခိုင်ဘာသာစကား" ကိုလည်း အမေ့အိမ်လေးထဲမှာ မှတ်မှတ်ရရ ရှိနေစေချင်မိတယ် ....။ 
  • သားတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း အထွဋ်အမြတ်ထားရာ စေတီပုထိုးမြောက်များစွာလည်း ညီအစ်ကိုတွေအားလုံး ရှိခိုးကန်တော့ နိုင်အောင် မပျောက်မပျက် ရှိနေစေချင်မိတယ် ....။
သား တစ်ယောက်အနေနဲ့ အမှားတွေလုပ်နေတယ်လို့ အမေယူဆခဲ့ရင် .... အမေ့အိမ်လေးအတွက် လုပ်ခဲ့တဲ့ အမှားမို့ အမေပေးတဲ့ အပြစ်ကို ကျေကျေနပ်နပ် သားခံယူသွားမှာပါ ....။

လွမ်းမိပါတယ် အမေ ရယ် ...
အေးချမ်းတည်ငြိမ်ပြီး တရားဥပဒေစိုးမိုးတဲ့ အစ်ကိုကြီးတွေရဲ့ အိမ်တွေကိုလေ......

တမ်းတမိပါတယ် အမေ ရယ် ....
စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာပြည့်စုံနေတဲ့ အစ်ကိုကြီးတွေရဲ့ အိမ်တွေကိုလေ.....

အားကျမိပါတယ် အမေ ရယ် ....
ချမ်းသာကြွယ်ဝမှုတွေရှိတဲ့ အစ်ကိုကြီးတွေရဲ့ အိမ်တွေကိုလေ ......

ဆုတောင်းမိပါတယ် အမေ ရယ် ....
သားတို့ညီအစ်ကို တစ်တွေ ပျော်ရွှင်စွာနဲ့ အမေ့အိမ်လေးထဲမှာ ကမ္ဘာတည်သ၍ နေထိုင်နိုင်ကြပါစေလို့ .....

အမေ့ကို စိတ်ဒုက္ခဖြစ်စေတဲ့၊ အမေ့ကို ချစ်တဲ့ သားဆိုးလေး .... ရခိုင်

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top