Sunday, September 30, 2012

Pin It

Widgets

Soluto ဆိုတဲ့ PC Management Software အကြောင်း

ဒီနေ့တော့ Soluto ဆိုတဲ့ Cloud-based PC management Service တစ်ခုအကြောင်း ဆွေးနွေးချင် ပါတယ်။
Soluto Service အနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာကို Management လုပ်နိုင်တဲ့ အပြင် ကွန်ပျူတာနဲ့ ပတ်သက် တဲ့ System ပိုင်းဆိုင်ရာ အချက်အလက်များကိုလည်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်....။ Web Application တစ်ခုဖြစ်တာကြောင့် သူ့ကို အသုံးပြုဖို့ Internet Connection လိုအပ်မှာ ဖြစ်ပါတယ်။
User တစ်ယောက်အနေနဲ့ အကောင့်တစ်ခုမှာ ကွန်ပျူတာ (၅) လုံးအထိ Free ထိမ်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက Android phone တွေမှာလို Application တွေကို ရယူနိုင်ပြီး တိုက်ရိုက် Install / uninstall လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Drop box လိုမျိုး Online Storage ကို တစ်ခါတည်း ထည့်သွင်းပေးထားပြီး မိမိရဲ့ Files တွေကို ထည့်သွင်းထားလို့ရပါတယ်။
ကိုယ့်ကွန်ပျူတာကို ဘယ်တုန်းက Windows တင်မိမှန်းမသိတော့တာကိုတောင် သူကပြန်ပြောပြ နိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Soluto ပါ။

Soluto ကို 2008 ခုနှစ်မှာ စတင်တွေ့ရှိ(ရေးသား) ခဲ့ပြီး အဓိကကျတဲ့ ပုဂ္ဂိုလ်တွေကတော့
Tomer Dvir (Cofounder, CEO), Ishay Green (Cofounder), Roee Adler (Chief Product Officer) တို့ဖြစ်ကြပါ တယ်။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) နေ့မှာ Beta Version 1.1.1091 ဖြင့် စတင်ဖြန့်ဖြူးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၉) မှာတော့ Metro Style အနေဖြင့် စတင်ခဲ့တာပါ။ Windows 8 အတွက် ဦးတည် နေပေမဲ့ ကျန်တဲ့ Windows တွေမှာလည်း အသုံးပြုလို့ ရပါတယ်။

Soluto ရဲ့ Dashboard ကို Apps, Background Apps, Frustrations, Internet, Protection, Hardware စသည်တို့ဖြင့် ဖွဲ့စည်းထားပါတယ်။
Apps ထဲမှာတော့ Soluto မှ အဆင်သင့်ပေးထားတဲ့ Application တွေကို ရယူနိုင်မှာပါ။
Background Apps ထဲမှာတော့ ကိုယ့်ကွန်ပျူတာမှာ နောက်ကွယ်က အလုပ်လုပ်နေတဲ့ Application တွေနဲ့ ကွန်ပျူတာကို နှေးကွေးစေတဲ့ အမျိုးအစားဆိုရင် ဘယ်လိုလုပ်သင့်တယ် ဆိုတာကိုပါ ပြောပြထားပါတယ်။
Frustrations ထဲမှာတော့ ကိုယ့်ကွန်ပျူတာပေါ်မှာသုံးသွားတဲ့ Programs တွေရဲ့ ထိခိုက်မှုတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
Internet ထဲမှာတော့ ကိုယ့်ကွန်ပျူတာမှာ ဘယ် Browser ကိုသုံးထားတယ်၊ Add-On အနေနဲ့ ဘာတွေတင်ထားတယ်၊ Internet လိုင်းအနေနဲ့ ဘာကိုသုံးထားတယ် စတာတွေကို စစ်ဆေးနိုင်တဲ့အပြင် Home page, Search Engine တွေကိုလည်း ထည့်သွင်းပေးလို့ရပါတယ်။
Protection ထဲမှာတော့ Windows ရဲ့ Firewall အခြေအနေ၊ တင်ထားတဲ့ Antivirus အမျိုးအစားနဲ့ Update ဖြစ်/မဖြစ်၊ Windows Update ဖြစ်/မဖြစ် စတာတွေကို စစ်ဆေးနိုင်မှာပါ။
Hardware ထဲမှာတော့ ကိုယ့်ကွန်ပျူတာရဲ့ CPU, RAM, Motherboard, Graphics စတဲ့ပစ္စည်းတွေရဲ့ အမျိုးအစားနဲ့ အခြေအနေတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Hard Drives ရဲ့ လက်ရှိအခြေအနေတွေကိုလည်း အသေးစိတ် ပြပေးမှာပါ...။
အသေးစိတ် သိချင်ရင်တော့ www.soluto.com မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

အခုဆက်လက်ပြီး ဒီ Soluto ကို ကွန်ပျူတာမှာ Install လုပ်တဲ့ အပိုင်း ဆက်ပြီးဆွေးနွေးပါမယ်....။
ပထမဆုံး Soluto Installer ကို Download ရယူရမှာဖြစ်ပါတယ်။
Download လုပ်ဖို့အတွက်-
https://www.soluto.com သို့ဝင်ရောက်ပြီး ပေါ်မှာနှိပ်လို့ရယူနိုင်သလို
http://www.filehippo.com/download_soluto မှာလည်း ရယူနိုင်ပါတယ်။

Download လုပ်ပြီးသွားရင်တော့ ရလာတဲ့ Installer ကို Double Click နှိပ်ပြီး Run ရမှာဖြစ်ပါတယ်။ (Instal လုပ်နေစဉ်မှာ Internet Connection လိုအပ်ပါတယ်။)
Run လိုက်တာနဲ့ License Agreement တောင်းလာပါမယ်။ အောက်မှာပါတဲ့ I Agree-Install ဆိုတာကို နှိပ်ပေးရပါမယ်။ ဒါက Install ရဲ့ အဆင့်(၁)ပါ။


အဆင့်(၂) အနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာကို Restore Point တစ်ခုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ကွန်ပျူတာရဲ့ အခြေအနေပေါ်မူတည်ပြီး အချိန်အနည်းငယ်ကြာတတ်ပါတယ်။ ဒီအချိန်မှာ ဆိုတာလေးကိုနှိပ်ပြီး တစ်ခြားကိုယ်သုံးချင်တာတွေ သုံးနေလို့ရပါတယ်။


အဆင့်(၃) အနေနဲ့ကတော့ 15036 kb ရှိတဲ့ Soluto files တွေကို ဒေါင်းလုတ်ချမှာ ဖြစ်ပါတယ်။ မိမိရဲ့ Internet Connection အပေါ်မူတည်ပြီး အချိန်ကြာတတ်ပါတယ်။ Minimize လုပ်ပြီး တစ်ခြားအလုပ်တွေ လုပ်နေလို့ ရပါတယ်။

ပြီးသွားရင်တော့ ကွန်ပျူတာရဲ့ အချက်အလက်တွေအတွက် စစ်ဆေးမှာ ဖြစ်ပါတယ်။
 စစ်ဆေးပြီးသွားရင်တော့ Soluto ရဲ့ Home Page ပွင့်လာပြီး Account လုပ်ဖို့အတွက် Email တောင်းခံလာမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ email ထည့်ပြီးသွားရင် အောက်မှာပါတဲ့ Get Started ကို နှိပ်ပေးရပါမယ်။ (လောလောဆယ် အကောင့်မလုပ်ချင်သေးရင်တော့ အောက်မှာပါတဲ့ Skip This Step ဆိုတာလေးကို နှိပ်ပြီးကျော်သွားလို့ ရပါတယ်။)

email ထည့်ပြီး ဆက်သွားခဲ့မယ်ဆိုရင်တော့ မိမိအကောင့်ရဲ့ Soluto စာမျက်နှာသို့ရောက်ရှိသွားပြီး မိမိကွန်ပျူတာကို စစ်ဆေးပြုပြင်နိုင်ပြီ ဖြစ်ပါတယ် ...။ Application တွေ Install လုပ်မယ်ဆိုရင်တော့ မိမိပေးထားတဲ့ email သို့ဝင်ရောက်ပြီး အကောင့်ကို Activate လုပ်ပေးရမှာဖြစ်ပါတယ်။

Internet Connection ရှိတဲ့ ကိုယ်ပိုင်ကွန်ပျူတာ၊ ရုံးကွန်ပျူတာတွေအတွက် သင့်တော်တဲ့ Service တစ်ခုဖြစ်ပြီး Windows ရဲ့ Boot loading Time ကိုလည်း မြန်ဆန်အောင် ကူညီပေးမှာပါ ....။ Soluto ကို Install လုပ်ပြီးလို့ Computer ကို Re-Boot လုပ်ခဲ့မယ်ဆိုရင်တော့ ကွန်ပျူတာ စတင်ပွင့်လာတဲ့အခါ Booting နဲ့ ပတ်သက်ပြီး စစ်ဆေးစရာတွေကို စစ်ဆေးမှာဖြစ်ပါတယ်။ ပြီးရင် ကွန်ပျူတာအနေနဲ့ Boot လုပ်တဲ့ အချိန်ဘယ်လောက်ကြာတယ်ဆိုတာကို တစ်ခါတည်း ပြောပြပေးမှာ ဖြစ်ပါတယ်။


စမ်းပြီးသုံးကြည့်ရအောင် ရေးသားပေးခြင်းဖြစ်ပါတယ် ....။
သိပြီးသား မိတ်ဆွေတွေကိုတော့ တောင်းပန်ပါတယ်  ခင်ဗျာ ......။
ခင်မင်လေးစားစွာဖြင့် ......။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top