Browser တစ်ခုမှာ Home Page ကိုဘယ်လိုထားရမယ် ဆိုတာကတော့ အားလုံး သဘောသဘာဝချင်း တူပေမဲ့ Browser အမျိုးအစားပေါ်မူတည်ပြီး အနည်းငယ်စီ ကွဲပြားမှာ ဖြစ်ပါတယ်။ Home Page အနေနဲ့ Website တစ်ခုတည်းကို ထားလို့ရသလို Website နှစ်ခုသုံးခု ကိုလည်း တစ်ပြိုင်နက်တည်း ပေးထားလို့ရပါတယ်။ ကျွန်တော် တစ်ခုချင်းစီ ပြောပြပေးပါမယ်။
Internet Explorer သုံးသူများအတွက်
Home page တစ်ခုတည်း ထားချင်တယ်ဆိုရင်
Internet Explorer ကိုဖွင့်လိုက်ပါ။(Menu Bar ရှိသူတွေအတွက် Menu Bar မှ
Internet Options box ပွင့်လာရင် အပေါ်ဆုံးမှာ General ဆိုတဲ့ Tab ထဲသို့ ၀င်လိုက်ပါ။ အဲဒီမှာ Home Page ဆိုတာပါပါတယ်။ စာရိုက်လို့ရတဲ့ Box လေးထဲမှာ ကိုယ် Home Page ထားချင်တဲ့ Website လိပ်စာကို ရေးထည့်ပေးလိုက်ပြီး အောက်ဆုံးက
တကယ်လို့ Website နှစ်ခုသုံးခု ကို Home Page ထားချင်တယ်ဆိုရင်တော့
အဲဒီ Box ထဲမှာဘဲ Enter ခေါက်ပြီး Home Page ထားချင်တဲ့ Website လိပ်စာကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်....။
နောက်တစ်နည်း အနေနဲ့ အလွယ်ဆုံးလုပ်ချင်တယ်ဆိုရင်
ကိုယ်Home Page ထားချင်တဲ့ Website တွေကို Internet Explorer windows တစ်ခုတည်းမှာ ဖွင့်လိုက်ပါ။ ပြီးရင် အပေါ်မှာပြောထားသလို Internet Options ထဲသို့ဝင်ရောက်လိုက်ပြီး General Tab ထဲက Home အောက်မှာပါတဲ့
Mozilla Firefox သုံးသူများအတွက်
Website တစ်ခုတည်း Home Page ထားချင်ရင်....
Menu Bar မရှိပါက
General Tab ရဲ့ home page ရှေ့ကအကွက်မှာ ကိုယ် Home Page ထည့်ချင်တဲ့ Website လိပ်စာကို ရိုက်ထည့်ပေး လိုက်ပါ။
အောက်ဆုံးက
Website အများကြီး Home Page ထားချင်ရင်...
ကိုယ် Home Page ထားချင်တဲ့ Website တွေကို Firefox windows တစ်ခုတည်းမှာ ဖွင့်လိုက်ပါ။
အထက်ကနည်းအတိုင်း Options ထဲသို့ ၀င်ရောက်လိုက်ပါ။
home page အောက်နားလေးမှာ
Google Chrome အသုံးပြုသူများအတွက်
Chrome Browser ရဲ့ အပေါ်ညာဘက်ထောင့်မှာ ရှိတဲ့ ဂွပုံလေး
Setting အပိုင်းရဲ့ ညာဘက်မှာ On startup ဆိုတာပါပါတယ်။ အဲဒီအောက်က Open a specific page or set of pages. ဆိုတဲ့စာကြောင်းလေးရှေ့က အဖြူဝိုင်းလေးကို Click နှိပ်ပြီး Select လုပ်လိုက်ပါ။ ပြီးရင် အဲဒီ စာကြောင်းလေးရဲ့ အဆုံးက Set pages ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။
box တစ်ခုပွင့်လာပါမယ်။
Add a new page ရဲ့ ရှေ့က အကွက်မှာ ကိုယ် Home page ထည့်ချင်တဲ့ Website လိပ်စာကို ရိုက်ထည့် ပေးပြီး OK ကိုနှိပ်လိုက်ပါ။
တကယ်လို့ Website နှစ်ခုလောက်ကို Home Page ထားချင်တယ် ဆိုရင်တော့ အဲဒီအကွက်ထဲမှာ အောက်က Code ကို ရိုက်ထည့်ပေး (Copy>Paste လုပ်လိုက်ရင်လည်း ရပါတယ် :) ) လိုက်ပါ။ OK ကိုနှိပ်ပါ။
javascript:window.location.href='http://google.com/';window.open('http://www.facebook.com');window.focus();ဒီCode အနေနဲ့ က Google နဲ့ Facebook ကို Home Page ထားဖို့ နမူနာ ပေးထားတာပါ။ ကိုယ်ကြိုက်တာကို ထားချင်တယ် ဆိုရင်တော့ အဲဒီ Code ရဲ့ http://google.com နေရာနှင့် http://www.facebook.com နေရာတွေမှာ ကိုယ်ကြိုက်တာ ပြောင်းလို့ ရပါတယ်။
အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ .....
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea