Monday, September 17, 2012

Pin It

Widgets

Facebook သို့ Log-in ၀င်မရခဲ့ရင် ....

CBox မှာ မိတ်ဆွေတစ်ယောက် မေးထားတာလေးပါ ....။
ayekyimg:
အစ်ကို ကျွန်တော်တစ်ခုမေးကြည့်ချင်လို့ပါ ဖြစ်နိုင်မယ်ဆိုယင်တော့ မေးသို့ပေးပို့စေချင်ပါတယ် ကျွန်တော်ကွန်ပျုတာမှာ ဇေ့စ်ဘုတ်ကို လုံးဝ၀င်လို့မရဖြစ်နေတယ်အကို sing inသွားလိုက်တိုင်း တခြားဖိုင်တစ်ခုချည်းပြောင်းသွားတယ်အစ်ကို ဒါကဘာဖြစ်တယ်ဆိုတာကို လုံးဝလေ့လာလို့မရဖြစ်နေလို့ လှမ်းပြီးအကူအညီတောင်းလိုက်တာပါ။
အမှန်တကယ် ၀န်ခံရရင်တော့ ဒီအဖြေနဲ့ပတ်သက်ပြီး ဘာ့ကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာကို ကျွန်တော် သေချာမသိပါဘူး ....။ မေးလ် ထဲသို့ပို့ပေးဖို့က e-mail လိပ်စာCbox မှာ မေးတဲ့အခါ email သို့ပို့ပေးစေချင်ပါက email လိပ်စာကို ရိုက်ထည့်ပေးခဲ့ စေချင်ပါတယ်။ ဒါမှမဟုတ် Submit ရှေ့က အကွက်မှာ email လိပ်စာရေးထည့်ပြီး Submit ကိုနှိပ်ရင်လည်း ရပါတယ် ခင်ဗျာ။ မထားခဲ့တော့ ခက်နေတာနဲ့ Post တင်လိုက်တာပါ။
ကျွန်တော် လေ့လာဖတ်မိသလောက် ဖြေရှင်းနည်းလေးတွေ အောက်မှာရေးပေးလိုက်ပါတယ်။ လိုက်လုပ်ကြည့်လို့ အဆင်မပြေရင် ပြန်ပြောပေးစေချင်ပါတယ်။


ကိုယ့်ကွန်ပျူတာရဲ့ Web Browser တွေမှာရှိတဲ့ "cookie" တွေကို ရှင်းထုတ်လိုက်ပါ။
ဒီနေရာမှာ မေးထားတဲ့ မိတ်ဆွေအနေနဲ့ ဘယ်Windows သုံးတယ် ဘယ်Browser သုံးတယ် ဆိုတာကို ရေးပေးမထားတော့ ကျွန်တော်သုံးနေတဲ့ Windows 7 (32 bit) နှင့် Mozilla Firefox ကိုဘဲ နမူနာထားပြီး ရှင်းပြပေးပါမယ်။

Mozilla Firefox တွင် Cookie ရှင်းထုတ်ရန် ....
Mozilla Firefox Browser ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှ Firefox ဆိုတဲ့ ခလုတ်လေးကို နှိပ်ပါ။ Menu လေးတစ်ခု ကျလာပါက Options > Options သို့ ၀င်ရောက်လိုက်ပါ။(ပုံ-၁) သို့မဟုတ် Menu Bar ရှိပါက Tools > Options သိုဝင်လိုက်ပါ။(ပုံ-၂)

(ပုံ-၁)

(ပုံ-၂)
Options Box ပွင့်လာပါက Privacy Tab သို့ဝင်ရောက်လိုက်ပါ။ Firefox will: နေရာတွင် Use custom settings for history ကိုရွေးပေးလိုက်ပါ။

အောက်တွင်ပေါ်လာသော Show Cookies... ခလုတ်လေးကို နှိပ်လိုက်ပါ။
Cookies box ပွင့်လာပါမယ်။ ဒီ box လေးရဲ့ အပေါ်မှာပါတဲ့ Search: နေရာတွင် www.facebook.com ဟုရိုက်ထည့်လိုက်ပါ။ Facebook နှင့်ပတ်သက်သည့် Cookies များကို တွေ့ရပါမယ်။ အောက်နားလေးမှာပါတဲ့ Remove Cookies ခလုတ်လေးကို နှိပ်လိုက်ပါ။ ((၅) ခုရှိရင် (၅) ကြိမ်နှိပ်ပေးရပါမယ်။) အားလုံးဖျက်ပြီးသွားရင် Close နှင့်ပိတ်လိုက်ပါ။


ကိုယ့်ကွန်ပျူတာရဲ့ Web Browser တွေမှာရှိတဲ့ "cookie" တွေကို ရှင်းထုတ်လိုက်ပါ။
အပေါ်မှာ ကျွန်တော်ပြောထားသလိုဘဲ Options ထဲသို့ဝင်လိုက်ပါ။ ပြီးရင် Advanced Tab သို့ ၀င်ရောက် လိုက်ပါ။ အောက်က Tab လေးတွေထဲက Network tab သို့ ထပ်မံဝင်ရောက်လိုက်ပါ။ Cache Web Content  နေရာရဲ့ ညာဘက်မှာရှိတဲ့ Clear Now ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။ တစ်ဆက်တည်းဘဲ အောက်က Offline Web Content and User Data ရဲ့ ညာဘက်က Clear Now ကိုလည်း နှိပ်လိုက်ပါ။

Firefox ကို ပိတ်လိုက်ပြီး ပြန်ဖွင့်ပါ။ www.facebook.com သို့ဝင်ရောက်ကြည့်လိုက်ပါ။

ဒီနည်းလေးနဲ့ အဆင်မပြေသေးဘူးဆိုရင် အောက်ပါအတိုင်း ဆက်လုပ်ကြည့်ပါ။
အထက်ကနည်းလမ်းအတိုင်း အဆင့်ဆင့်သွားပြီး Options ကိုဖွင့်လိုက်ပါ။ ပွင့်လာရင် Privacy Tab သို့ဝင်ရောက်လိုက်ပါ။ History အောက်တွင်ပါသည့် clear all current history ဆိုတဲ့ စာကြောင်းလေးကို နှိပ်လိုက်ပါ။ Box လေးတစ်ခုပွင့်လာရင် အလယ်မှာပါတဲ့ Cookies နှင့် Cache တို့ရဲ့ ရှေ့က အဖြူရောင် Box လေးကို အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးရင် အောက်မှာပါတဲ့ Clear Now ကိုနှိပ်လိုက်ပါ။ နောက်က Options box ကို OK နဲ့ပိတ်လိုက်ပါ။ Firefox ကို Restart လုပ်ပြီး Facebook သို့ ၀င်ရောက်ကြည့်လိုက်ပါ။

နောက်တစ်ချက်က ကွန်ပျူတာရဲ့ Internet Settings တွေကို Default Setting သို့ ပြန်ထားလိုက်ပါ။ ဒီလို Internet Settings ကို Default ထားတဲ့နည်းကိုတော့ ဒီနေရာလေးမှာ ကျွန်တော်ရေးပြခဲ့ဖူးပါတယ်။

တကယ်တော့ Facebook သို့ဝင်ရောက်လို့မရဘူးဆိုတဲ့နေရာမှာ တစ်ခြားစစ်ဆေးစရာလေးတွေ ရှိနေပါသေးတယ်။ ဥပမာ - ကွန်ပျူတာရဲ့ Time and Date Setting မှန်/မမှန် စစ်ရပါမယ်။ အချိန်၊ ရက်စွဲတွေ လွဲမှာနေရင် Facebook တို့ G-Talk, G-Mail တို့ကို ၀င်ရောက်တဲ့နေရာမှာ ပြဿနာရှိနိုင်ပါတယ်။
နောက်တစ်ချက်က တစ်ခါတစ်ရံမှာ Windows Firewall ကလည်း ပိတ်တတ်ပါသေးတယ်။ ဒါ့ကြောင့် Firewall ကို Off လုပ်ထားပေးလိုက်တာကောင်းပါတယ်။
နောက်တစ်ချက်က တစ်ချို့ AntiVirus Program တွေကလည်း ပိတ်တတ်ပါသေးတယ်။ Virus ကြောင့်လည်း တစ်ချို့ Website တွေ ဖွင့်မရတာတွေ ရှိပါတယ်။
ကွန်ပျူတာရဲ့ DNS Server Setting ကြောင့်လည်း ဒီလိုဖွင့်မရတာတွေ ရှိပါတယ်။

ကျွန်တော် သိသလောက်လေး ပြန်ရှင်းပြပေးတာပါ ....။
စမ်းကြည့်စေချင်ပါတယ် ခင်ဗျာ .....
အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ .....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top