Friday, September 28, 2012

Pin It

Widgets

(၃) လပြည့် အမှတ်တရ ညီမချေ သီတာထွေးသို့ ...

"သီတာထွေး" သို့ သွေးမော်ကွန်းနှင့် သွေးသစ္စာ

(၁)

သြော်-------- မသတီစရာ အရေးကြောင့်
မဟီကမ္ဘာဆွေးပြီး
မှီစရာ ဝေးခဲ့ရရှာတဲ့
“သီတာထွေး” ရေ------
ဤကဗျာတေး၊
စီကာရေးရင်း
သွေးဖြင့်ဂုဏ်ပြုအပ်ပါသည်၊
သွေးဖြင့်မော်ကွန်းတင်ပါသည်၊
သွေးဖြင့် သစ္စာဆိုပါသည်။

(၂)

၂၀၁၂၊၂၈- မေ
ထိုညနေ၌
မိုးမြေပြိုလဲ၊ သွေးရဲရဲနှင့်
ကြေကဲွပုံပြင်၊ နိဒါန်းဆင်ခဲ့
တော်ဝင်မြတ်စွ၊ သမိုင်းလှစွာ
ရိုးမရင်ခွင်၊ ဖွားသန့်စင်သည့်
သဇင်တစ်ခက်၊ မိစ္ဆာလက်မှာ
ကြွေပျက်နွမ်းခြောက်၊ အသက်ပျောက်၍
တောက်ခေါက်သံတုတ်၊ လက်သီးဆုတ်ကာ
တုန်လှုပ်ချောက်ချား၊ ကြင်နာပွားလျက်
ကြားရသူဘို့၊ မျက်ရည်စို့ ---
ကြားရသူတိုင်း၊ ရင်မှာလှိုင်း ---
ကြားရသူတွေ၊ ဒေါသပွေ ---
ကြားရသူထိတ်၊ အံခဲကြိတ်ပြီး
အတိတ်ကောက်ကြောင်း၊ သမိုင်းဟောင်းတို့
ပြန်ပြောင်းသက်ဝင်၊ နိုးထရှင်ခဲ့
ဇာတ်စင်အလုံး၊ လှုပ်ရှားရုန်းဖို့
ပြည်ဖုံးကားကို၊ ဖွင့်လိုက်ပြီ။

(၃)

ရခိုင်သူလေး၊ “သီတာထွေး”ကြောင့်
ဟစ်ကြွေးဖော်ညွှန်း၊ ကမ္ဘာတစ်ဝန်းမှာ
ရမ်းဗြဲကျောက်နီမော်၊ ဟိုးဟိုးကျော်ခဲ့
ထုတ်ဖော်ဖွင့်ဟ၊ ပြောဆိုရပြီး
ကမ္ဘာ့သတင်း၊ ဖြစ်ရပ်တွင်းမှာ
ချက်ချင်းထိပ်ရောက်၊ နာမည်ပေါက်ကာ
ကြောက်ခမန်းလိလိ၊ ဆန်းကြယ်ဘိသော
မင်း၏ဖြစ်ရပ်၊ အထပ်ထပ်သည်
မှတ်တိုင်မော်ကွန်းဝင်ခဲ့ပြီ။

(၄)

“မသီတာထွေး” မင်းစတေးသည့်
သွေးနီတစ်စက်၊ ပန်းတစ်ခက်နှင့်
အသက်ခန္ဓာ၊ ဘဝတာသည်
ကြေညာထပ်လောင်း၊ သမိုင်းကြောင်းကို
မောင်းထုစည်တီး၊ ရိုက်ခတ်တီးကာ
မီးမောင်းပြထိုး၊ တပ်လန့်နှိုး၍
ရိုးသားကြိုးစား၊ အမျိုးသားတို့
နိုးကြားစည်းလုံးခဲ့ကြပြီ။

(၅)

ကိုးကွယ်ရာသန့်၊ မျိုးနွယ်သန့်သည့်
သန့်စင်နီထွေး၊ ရခိုင်သွေးကို
ညစ်ထေးပက်စက်၊ နင်းချေဖျက်၍
မိုးအက်မြေပြို၊ လောကငိုပြီး
မီးလိုပူပြင်း၊ တုံ့ပြန်ခြင်းတို့
ချက်ချင်း၊ ပဲ့တင်ထပ်ခဲ့ပြီ။

(၆)

ဘာသာမတူ၊ မျိုးမတူသည့်
အယူကဲြွပား၊ ငရဲသားတို့
လွဲမှားယုတ်မာ၊ ရက်စက်စွာဖြင့်
မိစ္ဆာအယူ
မိစ္ဆာအကျင့်
မိစ္ဆာစရိုက်၊ ပြုမှုမှိုက်၍
ငုံ့ခံလည်စင်း ၊ဆင်းရဲတွင်းမှာ
သက်ဆင်းတုန်လှုပ်၊ စုံးစုံးမြုပ်ကာ
မျိုးပြုတ်ပျက်စီးကြရပြီ။

(၇)

သာသနာရေး၊ ဘာသာရေး
အမျိုးသားရေး၊ လူမှုရေး
နယ်မြေအရေး၊ ကာကွယ်ရေး
ပြည်ထောင်စုရေး၊ စည်းလုံးရေးကို
သွေးဖြင့်ရေးပြ “ထွေး” နှမငယ်
ဘဝတူချင်း၊ နှမရင်းမို့
မင်းငိုသံများ၊ ငါတို့ကြား၏
မင်းမျက်ရည်ယို၊ ငါတို့စို၏
မင်းဒုက္ခဆူ၊ ငါတို့ပူ၏
ထပ်တူထပ်မျှ၊ အားလုံးဝအောင်
မျှဝေခံစား၊ ဖြစ်ပုံများကို
ကြားသိပါစ၊ မေးလိုလှ၏
ဘဝဖန်ခါ၊ သံသရာဝယ်
ကြမ္မာဂြိုလ်ဆိုး၊ ဤဖြစ်မျိုးနှင့်
မတိုးမကြုံ၊ အဆိုးဘုံမှာ
မဆုံစေလို၊ တောင်းဆုဆိုသည်
ပန်းလိုလန်းလှ၊ ပါစေသတည်း၊
စမ်းလို ချမ်းမြ ပါစေသတည်း။

(၈)

ပြည်သူပြည်သား၊ မျက်ရည်များဖြင့်
အားလုံးကြင်နာ၊ ကိုယ်ချင်းစာလျက်
ရင်မှာထွေးသိပ်၊ မေတ္တာစိတ်ကြောင့်
တိုးတိတ်ဖွဖွ၊ ဆုတောင်းကြသည့်
နှမငယ်လေး “သီးတာထွေး”
ဝေးလွင့်ကမ္ဘာ၊ ခြားခဲ့ပါလည်း
ရောက်ရာဌာန၊ ဘုံဘဝမှာ
ဒုက္ခဘေးဆိုး၊ ကင်းပါစေ
ရောက်ရာဌာန၊ ဘုံဘဝမှာ
ချမ်းမြသန့်စင်နိုင်ပါစေ၊
ရောက်ရာဌာန ဘုံဘဝမှ
နှမ သာဓုခေါ်ပါလေ။

(၉)

ဘာသာအရေး၊ အသက်ပေး၍
လူမျိုးအရေး၊ အသက်ပေး၍
ဒေသအရေး၊ အသက်ပေး၍
နိုင်ငံအရေး၊ အသက်ပေး၍
လေးစားတသ၊ ဂုဏ်ပြုရသည့်
နှမငယ်လေး၊ “သီးတာထွေး”ရယ်
မင်းသွေးအသက်၊ ဤမြေထက်မှာ
ရက်ပေါင်းများစွာ ----
လပေါင်းများစွာ -----
နှစ်ပေါင်းများစွာ ------
ရာစုပေါင်းများစွာ၊ ရှည်မြင့်ကြာလည်း
ကမ္ဘာတည်သရွေ့ ဒို့မမေ့ပါ
နေ့စဉ်ရက်ဆက၊် ကမ္ဘာပျက်တိုင်
အသက်တည်ရာ၊ ကိုယ်ခန္ဓာ၌
ညင်သာလှည့်ပြေး၊ နီနီစွေးသည့်
သွေးရှိနေသမျှ၊ သတိရပြီ
တမ်းတဂုဏ်ပြု၊ လွမ်းရတုကို
ပေါင်းစုမျှော်တွေး၊ သွေးဖြင့်ရေး၍
သွေးဖြင့်ဂုဏ်ပြုအပ်ပါသည်၊
သွေးဖြင့် မော်ကွန်းတင်ပါသည်၊
သွေးဖြင့်သစ္စာဆိုပါသည်။

စစ်တွေညိုသန့်




No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top