Thursday, September 27, 2012

Pin It

Widgets

Blog ရေးသားနည်း အခြေခံများ - ၂ (Blog ရေးသားဖို့ မှတ်ပုံတင်ခြင်း)

Blog တစ်ခုကို စတင်ရေးသားတော့မယ် ဆိုရင်တော့ Google ရဲ့ Service တစ်ခုဖြစ်တဲ့ Blogger သို့ဝင်ရောက်ပြီး Register လုပ်ကြရပါမယ်။ ဒီလိုလုပ်ဖို့အတွက် ....

www.blogger.com
သို့ ၀င်ရောက်လိုက်ပါ။ Blogger ထဲသို့ ရောက်ပြီဆိုရင်တော့ ညာဘက်ခြမ်းမှာ Log-in ၀င်ရောက်ဖို့ အတွက် ပေးထာတဲ့ User Name, Password box ကိုတွေ့ရပါမယ်။ (ဒီနေရာမှာ မိမိအနေနဲ့ Browser ရဲ့ တစ်ခြား Tab တွေမှာ Gmail ကို ၀င်ရောက်ထားပါက Login ၀င်ရောက်ဖို့ မေးမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ကိုယ် Blog ရေးချင်တဲ့ Gmail မဟုတ်ဘူးဆိုရင်တော့ ပထမ ဖွင့်ထားတဲ့ Gmail Account ကို Log-out ထွက်လိုက် ပြီးမှ Blogger ထဲသို့ ပြန်လည် ၀င်ရောက်ရမှာ ဖြစ်ပါတယ်။)


Log-in ၀င်ရောက်ပြီးတာနဲ့ မိမိအကောင့်အတွက် Profile တစ်ခုခု ( Google+ သို့မဟုတ် Blogger) ကို သတ်မှတ်ခိုင်းမှာ ဖြစ်ပါတယ်။ မိမိကြိုက်တာကို ရွေးချယ်ပေးလို့ ရပါတယ်။ Google+ ဆိုရင်တော့ Profile နဲ့ ပတ်သက်ပြီး လုပ်စရာတွေ ရှိနေမှာပါ။ Create a Limit blogger profile မှာ နှိပ်လိုက်ပါ။ (ဒီ Profile ဆိုတာက သိပ်အရေးကြီးတဲ့ အပိုင်းတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အကြောင်းတွေကို ဖေါ်ပြဖို့အတွက်၊ ဖတ်ရှုသူတွေ သိဖို့အတွက်လောက်ပါဘဲ။ မလုပ်မနေရမို့ လုပ်ရမှာပါဘဲ :) ) ဒီလို နှိပ်လိုက်တာနဲ့ Blogger Profile နဲ့ပတ်သက်ပြီး နောက်ထပ် တစ်ဆင့်တက်ပြီး မေးလာပါအုံးမယ်။
Display Name  >  ကိုယ်ကြိုက်တဲ့ နာမည်ကို ပေးလို့ရပါတယ်။ (ဖြစ်နိုင်ရင်အင်္ဂလိပ်လို ပေးတာ ကောင်းပါတယ်။ နောက်ပိုင်းမှာ ကိုယ့် Blog ရဲ့ Traffic လို့ခေါ်တဲ့ ၀င်ရောက်ဖတ်ရှုသူတွေ များ/မများ ဆိုတဲ့အပိုင်း၊ ဖတ်ရှုသူများအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အပိုင်း၊ ကိုယ့်Blog ကို ဖတ်ရှုသူတစ်ဦးက အလွယ်တကူရှာတွေ့ အောင်လုပ်ရမဲ့ အပိုင်း တွေမှာ ဒီ Profile အမည်က အတိုင်းအတာတစ်ခုအထိ အရေးပါနေလို့ပါဘဲ .....။)
အမည်ပေးပြီးရင်တော့ အောက်နာမှာပါတဲ့ Continue to Blogger ဆိုတဲ့ခလုပ်လေးကို နှိပ်လိုက်ပါ။

ဒီအဆင့်မှာတော့ ကိုယ့် Gmail အကောင့်နဲ့ ပတ်သက်ပြီး ဖေါ်ပြနေမှာဖြစ်ပါတယ်။ (ဒီနေရာမှာ မိမိ Gmail အကောင့်အနေနဲ့ အရင်တုန်းက Blog တည်ဆောက်ဖူးပြီးသားဆိုရင် တည်ဆောက်ခဲ့တဲ့ Blog အမည်ကိုလည်း ပြပေးနေမှာ ဖြစ်ပါတယ်။) ဘာဘဲဖြစ်ဖြစ် ကိုယ်က Blog အသစ်ရေးချင်တာဆိုတော့ ဘယ်ဘက်ခြမ်းက New Blog ဆိုတာလေးကို နှိပ်လိုက်ရမှာပါ။


Blog အသစ်တစ်ခုတည်ဆောက်ဖို့အတွက် စတင်ပါပြီ .....
Title    >   ဒီအကွက်မှာတော့ ကိုယ်ရေးသားမဲ့ Blog ရဲ့ အမည်ပါ။ Blog ရဲ့ ထိပ်ဆုံးမှာ ဖေါ်ပြနေမဲ့ အမည် ဖြစ်တဲ့ အတွက် လူအများစိတ်ဝင်စားမဲ့၊ ဆွဲဆောင်မှုရှိမဲ့ အမည်မျိုးကို ပေးဖို့ သင့်ပါတယ်။ ဒီ အမည်ကိုလည်း ဖြစ်နိုင်ရင် အင်္ဂလိပ်လို ပေးတာကောင်းပါတယ်။ ဒါမှ Google လို Search Engine Site တွေမှာ ကိုယ့် Blog ကို အလွယ်တကူ ရှာတွေ့နိုင်ပြီး ၀င်ရောက် လည်ပတ်တဲ့ သူတွေ များမှာ ဖြစ်ပါတယ်။
Address   >   ကိုယ့် Blog ရဲ့ လိပ်စာ ဖြစ်ပါတယ်။ Blog လိပ်စာ ဆိုတာ တော်တော် အရေးကြီးပါတယ်။ ကို်ယ်ပေးတဲ့ လိပ်စာအနေနဲ့ နောက်ပိုင်း သူငယ်ချင်းတွေကို ကိုယ့်Blog သို့ဝင်ရောက်ဖတ်ဖို့ ညွှန်းချင် ရင်ဘဲဖြစ်ဖြစ်၊ တစ်ခြား Forum တွေ၊ Facebook လိုမျိုး Social Network တွေမှာ ကိုယ့် Blog ကို Share ချင်ရင်ဘဲ ဖြစ်ဖြစ် ဒီ လိပ်စာကို ပေးရမှာ ဖြစ်ပါတယ်။ ဒီလိပ်စာအနေနဲ့ ကိုယ့် Blog ရဲ့ Home Page လို့ခေါ်တဲ့ မူလစာမျက်နှာရဲ့ လိပ်စာဖြစ်ပါတယ်။ လိပ်စာပေးတဲ့နေရာမှာ-
  • အင်္ဂလိပ်လိုပေးရပါမယ်။
  • လူအများနားလည်လွယ်၊ မှတ်မိလွယ်နိုင်တဲ့ စကားလုံးတွေကို သုံးသင့်ပါတယ်။
  • မှတ်ရခက်ခဲတဲ့ ( . - _ ) စတဲ့ သင်္ကေတတွေကို ဖြစ်နိုင်ရင် အသုံးမပြုပါနဲ့။
  • သီးခြားသင်္ကေတတြွေဖစ်တဲ့ ( @ % * ^ / } { ( ) ! ~ & $ ) စတာတွေကို အသုံးပြုလို့ မရပါဘူး။
  • ယခင် Blogger တွင် သုံးပြီး လိပ်စာရှိပါက အသုံးပြုဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး ။
ဒီ Address အကွက်မှာ ကိုယ်ရယူလိုတဲ့ လိပ်စာကိုရိုက်ထည့်ကြည့်ပါ။ (တစ်ခါတစ်ခါ ကိုယ်လိုချင်တဲ့ လိပ်စာက ရှိနှင့်ပြီးသားတွေမို့ မပေးတာတွေလည်း ရှိပါတယ်။ Gmail အသစ်လုပ်သလိုပေါ့။) များသော အားဖြင့်တော့ ကိုယ့် Gmail နဲ့ ဆင်တူတဲ့ လိပ်စာတွေ ပေးတတ်ကြပါတယ်။ ပေးကြည့်ပြီး ညာဘက်အစွန်မှာ အမှန်ခြစ်လေး ပေါ်လာမယ်။ အောက်နားလေးမှာ This blog address is available. ဆိုပြီးပေါ်လာရင်တော့ ဒီလိပ်စာကို အသုံးပြုလို့ ရပြီ ဖြစ်ပါတယ်။ သေချာမှတ်သားလိုက်ပါ။ Blogger အနေနဲ့ Free ရတယ်ဆိုပေမဲ့ လိပ်စာရဲ့ အဆုံးမှာတော့ သူ့ရဲ့ Domain ဖြစ်တဲ့ blogspot.com နဲ့ ဆုံးနေမှာ ဖြစ်ပါတယ်။ ဆိုလိုတာက Blog တစ်ခုရဲ့ လိပ်စာအနေနဲ့-
www.မိတ်ဆွေပေးလိုက်တဲ့လိပ်စာ.blogspot.com 
ဆိုပြီး ရလာမှာဖြစ်ပါတယ်။

Template   >  လိပ်စာ ရပြီဆိုရင် အောက်မှာ Template ကိုရွေးပေးရမှာ ဖြစ်ပါတယ်။ (မရွေးပေးဘဲ Create Blog ကိုနှိပ်လို့ရပေမဲ့ Blogger ရဲ့ Dynamic View နဲ့ဖြစ်သွားမှာမို့ နောက်ပိုင်း Template ပြောင်းတာကို မကျွမ်းကျင်ရင် အခက်တွေ့နိုင်ပါတယ်။) သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး ...။ အခုနေမှာ တစ်ခုခုကို ရွေးပေးလိုက်ပြီး နောက်မှ ပြောင်းရင်လည်း ရပါတယ်။ ကျွန်တော် ဥပမာအနေနဲ့ Picture Window ကိုရွေးပေးပြထားပါတယ်။ ပြီးရင်တော့အောက်ဆုံးမှာပါတဲ့ Create Blog! ကိုနှိပ်ရမှာ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ ကိုယ်ပေးထားတဲ့ Blog အမည်နဲ့ Windows တစ်ခုပွင့်လာပါပြီ


သူ့မှာပါတဲ့ အပိုင်းတွေကတော့-
(1) New Blog      >  နောက်ထပ် Blog အသစ်တည်ဆောက်ချင်ရင် သုံးလို့ရပါတယ်။
(2) Start posting >  Post လို့ခေါ်တဲ့ စာရေးသားခြင်း ကို စတင်ရေးသားတော့မယ် ဆိုရင် နှိပ်ပြီးရေးလို့ ရပါပြီ။
(3) Dismiss        >  အခုပွင့်နေတဲ့ Pop up လေးကို ပိတ်ဖို့အတွက် ပေးထားတာပါ။
(4) NewPost       > Post စတင်ရေးသားမယ်ဆိုရင် နှိပ်ရပါမယ်။
(5) Post & Page  > အရင်ရေးပြီးသား Post နှင့် Page တွေရှိရင် ကြည့်လို့ ရပါတယ်။
(6) Tools           > ဒီနေရာမှာပါတဲ့ Down Arrow (တြိဂံအနက်လေး) ကိုနှိပ်လိုက်ရင် Blog နဲ့ ပတ်သက်တဲ့ တစ်ခြားဝင်ရောက်လို့ရတဲ့ Setting ပိုင်းတွေကို ပြပေးပါမယ်။


(7) View blog     > ဒါကတော့ ကိုယ့်ရဲ့ Blog ကို User တစ်ယောက်အနေနဲ့ ပြန်ကြည့်တဲ့ ခလုတ်လေး ဖြစ်ပါတယ်...။

ကဲ ... ကျွန်တော်ရှင်းပြတာများလို့ စိတ်ရှုတ်မသွားပါနဲ့ သိအောင်လေး ပြောပြတာပါ။ အရေးမကြီးပါဘူး။ အခုနေမှာ ဘာဆက်လုပ်ရမလဲ လို့မေးရင် .... ဘာမှမလုပ်သေးဘဲ .... ကိုယ့်Blog ကို ကိုယ်ပြန်ကြည့် လိုက်ပါ ...။ ဒီအတွက် ဆိုတဲ့ ခလုတ်လေးကို နှိပ်ရပါမယ်။
ဒီလို နှိပ်လိုက်တာနဲ့ Blog ထဲသို့ရောက်ရှိပါမယ်။(Connection အပေါ်မူတည်ပြီး အနည်းငယ်စောင့်ရတတ် ပါတယ်။)
Blog စာမျက်နှာသို့ရောက်ပြီဆိုရင် ပထမဆုံး Browser ရဲ့ Address Bar မှာရှိတဲ့ ကိုယ့် Blog ရဲ့ လိပ်စာ ကိုအရင်ဆုံး စစ်ဆေးပြီး မှတ်သားထားရပါမယ်။ ဒီလိပ်စာဟာ ကိုယ့်Blog ကို ဘယ်သူဘဲ ၀င်ရောက်ပါစေ၊ ဘယ်နေရာကဘဲ ၀င်ရောက်ပါစေ ... အသုံးပြုရမဲ့ လိပ်စာ ဖြစ်ပါတယ်။

Blog စာမျက်နှာတစ်ခုရဲ့ ဖွဲ့စည်းပုံလေးကို အကြမ်းအားဖြင့် ပြောပြချင်ပါသေးတယ်။

(1)  Blog Header      >   ကိုယ့် Blog ရဲ့ ခေါင်းစဉ်ပါ။ (မကြိုက်ရင် ပြောင်းလို့ရပါတယ်။ နောက်မှ ဆွေးနွေးပေးပါမယ်။)
(2) Post Body          >   ကိုယ်ရေးသားသမျှစာတွေ ကို ဖတ်ရှုရမဲ့ နေရာဖြစ်ပါတယ်။ (လောလောဆယ် Post တစ်ခုမှ မရေးထားသေးရင်တော့ No Post လို့ဘဲ ပြနေပါမယ်။)
(3) Navigation Section >  ဒီနေရာက စာမျက်နှာတွေ၊ Post အဟောင်း/အသစ်တွေသို့ သွားလာလို့ရမဲ့ နေရာဖြစ်ပါတယ်။ (လောလောဆယ် ဘာမှ မရေးရသေးရင်တော့ မူလစာမျက်နှာကို ကိုယ်စားပြုတဲ့ Home ဆိုတာကိုဘဲ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။)
(4) Footer Section  >  Blog ရဲ့ အောက်ခြေအပိုင်း ဖြစ်ပြီး သူ့ရဲ့ မူလ သတ်မှတ်ချက်အနေနဲ့ Template အမည်ပြီးရင် Power by Blogger ဆိုတဲ့ စာကြောင်းကို တွေ့ရပါမယ်။ (ကိုယ့်စိတ်ကြိုက် Edit လုပ်တဲ့အပိုင်းကို နောက်မှ ဆွေးနွေးပါမယ်။)
(5) Slide Bar         >  ဒီနေရာလေးကတော့ Blog ကိုအလှဆင်တဲ့ နာရီပုံလေးတွေ၊ ကိုယ်သဘောကျတဲ့ Link တွေ၊ ဓါတ်ပုံတွေ စသည်ဖြင့် Gadget (Widget) တွေထည့်လို့ရတဲ့ နေရာပါ။ (ထည့်နည်းလေးတွေ နောက်မှ ဆွေးနွေးပေးပါမယ်...)

နောက်မှဆွေးနွေးမှာတွေ များနေပြီ လို့တော့ ဆန္ဒမစောလိုက်ပါနဲ့ ....
Blog တစ်ခုရေးတာကို အသေးစိတ်လေးတွေ လုပ်နိုင်အောင် ပြောပြပေးချင်တာပါ။
ကျွန်တော် တစ်အားကြီး ကျွမ်းကျင်လို့တော့ မဟုတ်ပါဘူး ...။ ကိုယ်ကြုံခဲ့ရတဲ့ အခက်အခဲတွေကို မိတ်ဆွေ (Blog ကိုအခုမှစတင်ရေးသားတဲ့) တွေမကြုံတွေ့ရဘဲ အဆင်ပြေနိုင်အောင်ပါ။

ကဲ ... အခုတော့ ကိုယ်စတင်ဖန်တီးလိုက်တဲ့ Blog တစ်ခု စတင်အကောင်အထည်ပေါ်လာပြီဆိုတော့ ..... နောက်Post တစ်ခုမှာ ပြန်ဆုံကြပါမယ်.....

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top