Friday, July 27, 2012

Pin It

Widgets

Facebook က Email တွေကြောင့် :( သလား?

ကမ္ဘာတစ်ဝန်းလုံးက အသုံးပြုနေကြတဲ့ Social Network တစ်ခုဖြစ်တဲ့ Facebook ကတော့ တကယ်လည်း အကြိုက်တွေ့စရာကောင်းပါတယ် ....။ သူငယ်ချင်း မိတ်ဆွေတွေကို ဆက်သွယ်ရလွယ်ကူသလို သတင်းစုံ သိရပြီး ကိုယ်သိတာလေးတွေကို အလွယ်တကူ ပြန်မျှဝေနိုင်တယ် ....။ ဓါတ်ပုံတွေကို Image Hosting ကြားခံသုံးစရာမလိုဘဲ တိုက်ရိုက်တင်နိုင်တာက အားသာချက်ဖြစ် နေသလို သူ့မှာပါတဲ့ Comment စံနစ် ကလည်း နှစ်ခြိုက်စရာ ကောင်းလှပါတယ် .....။ ပြောမယ်ဆိုရင်တော့ အများကြီးပါဘဲ ....။ ခက်နေတာက Facebook အကောင့်ဖွင့်တုန်းက သုံးခဲ့တဲ့ ကိုယ့်ရဲ့ Gmail ထဲမှာ တစ်နေ့တစ်နေ့ email ပေါင်းများစွာ ရောက်ရှိလာတဲ့ ကိစ္စပါ ....။ ဒါကလည်း တကယ်တော့ ကျွန်တော်တို့ အသုံးပြုသူတွေ ဘက်ကနေပြီးတော့ ပြုပြင်ပေးထားလို့ ရပါတယ် ...။ ကျွန်တော် ဘယ်လိုပြုပြင်ရမယ်ဆိုတာလေး ရေးပေးပါမယ်။ (တကယ်တော့ ရေးပေးထားတဲ့ နေရာတွေ အများကြီးရှိ သလို သိပြီး၊ တတ်ပြီး သူတွေလည်း အများကြီး ဖြစ်မှာပါ ...။) မသိသေး၊ မတတ်သေးတဲ့ သူ တစ်ဦးတစ် ယောက်ကများ ကျွန်တော့် Blog ထဲက ဒီ Post လေးကို မျက်စိလည်ပြီး ရောက်လာ ဖတ်ရှုခဲ့မိမယ် ဆိုရင် ..... ဒီ Post လေးကို ရေးတင်လိုက်ရတဲ့ အတွက် ပေးလိုက်ရတဲ့ အချိန် (30) မိနစ်အတွက် ကျွန်တော် နှမျောမိမှာ မဟုတ်ပါဘူး ....။ ကဲ ... ဒီလိုလေး လုပ်လိုက်ရအောင် ....


အဆင့်(၁)
ကိုယ့်ရဲ့ Facebook အကောင့်နဲ့ www.facebook.com သို့  Login ၀င်လိုက်ပါ။

အဆင့်(၂)
Login ၀င်ပြီးသွားရင် ညာဘက်အစွန် အပေါ်ထောင့်နာမှာပါတဲ့ Home ရဲ့ ဘေးက တြိဂံအနက်လေးကို နှိပ်လိုက်ပါ။ Menu လေးတစ်ခု ကျလာပါမယ် ။ အဲဒီ Menu ထဲက Account Settings ကိုနှိပ်ပြီး ဆက်ဝင်လိုက်ပါ။

အဆင့်(၃)
Account Setting windows ပွင့်လာရင် ဘယ်ဘက်ခြမ်းမှာ Setting တွေပါပါမယ်။ အဲဒီထဲက Notifications ကိုနှိပ်လိုက်ပါ။

အဆင့်(၄)
ဘယ်ဘက်ခြမ်းမှာ Notification နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ကို တွေ့ရမှာဖြစ်ပါတယ် ...။ အဲဒီထဲက ကိုယ့်ဆီသို့ Email မပို့စေလိုတဲ့ အချက်တွေရဲ့ ဘေးက Edit ဆိုတာလေးကို နှိပ်ပြီး ပွင့်လာတဲ့ Notification Settings တွေရဲ့ ဘေးက အဖြူရောင် လေးထောင့်ကွက် ထဲက အမှန်ခြစ်လေးတွေကို Click နှိပ်ပြီး ဖြုတ်ပေးလိုက်ပါ။ အောက်မှာပါတဲ့ Save Changes ဆိုတာလေးကို နှိပ်လိုက်ပါ ....။



(ကိုယ်အမှန်ခြစ်ဖြုတ်ချင်တာလေးတွေကို သေချာဖတ်ကြည့်ပြီး လုပ်တာကောင်းပါတယ်။)
အဆင်ပြေနိုင်ကြပါစေ ....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top