Tuesday, July 3, 2012

Pin It

Widgets

CPE TL-WA5210G အသုံးပြုခြင်း - (၉)

IP ပြောင်းလဲခြင်း
Security Key ထည့်ပေးလိုက်ရုံလောက်နဲ့ လုံခြုံမှုအပြည့်အဝ မရှိသေးပါဘူး။ ဘာလို့လဲဆို တော့ ကျွန်တော်တို့ CPE ရဲ့ IP Number က သူ့ရဲ့ မူရင်းဖြစ်တဲ့ 192.168.1.254 မှာဘဲရှိနေသေးလို့ ပါ။ ဒါ့ကြောင့် ကိုယ့် Network ထဲကဘယ်သူမဆို CPE ရဲ့ Control Panel ထဲသို့ ၀င်ရောက်ပြုပြင်နိုင် ပါတယ်။ ဒီ့အတွက်ကြောင့် CPE ရဲ့ IP Number ကို ပြောင်းပေးရပါမယ်။ (ဒီလို IP ပြောင်းတဲ့နေရာမှာ ရည်ရွယ်ချက်တွေ၊ နည်းလမ်းတွေ၊ သတ်မှတ်ချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော့်အနေနဲ့ အလွယ်ဆုံး Configuration လုပ်ဖို့ဘဲ ရည်ရွယ်တဲ့အတွက် ဒီနေရာမှာ အကျယ်တဝင့်မပြောလိုပါဘုူး။) CPE ရဲ့ IP ကိုပြောင်းပေးဖို့အတွက် Configuration Windows ရဲ့ ဘယ်ဘက်ခြမ်းမှာပါတဲ့ Network သို့ဝင်ရောက်လိုက်ပါ။ ညာဘက်ခြမ်းမှာပါတဲ့ IP Address အကွက်မှာ မူရင်းအနေနဲ့ 192.168.1.254 ဖြစ်နေတာကို 192.168.1.200 ဆိုပြီး ပြင်လိုက်ပါတယ်။ (နောက်ပိုင်းမှာ CPE ကို Router (သို့) Switch တစ်ခုခုနဲ့ ချိတ်ဆက် ပြီးသုံးရမှာ မို့ ကိုယ့်ရဲ့ နဂိုရှိတဲ့ IP အုပ်စုထဲကဘဲ ပေးသင့်ပါတယ်။ ဆိုလိုတာက ကိုယ်သုံးနေတဲ့ Router က 192.168.1.1 ဆိုရင် CPE ကို IP ပေးတဲ့အခါ 192.168.1.2 ကနေ 192.168.1.253 ထိ ကြိုက်တာပေးလို့ရပါတယ်။) ပြီးရင်တော့ အောက်မှာပါတဲ့ Save ကိုနှိပ်လိုက်ပါ။


ဒီလို IP Number ပြောင်းလဲလိုက်တာနဲ့ CPE Configuration Windows ထဲသို့ Login ပြန်ဝင်ခိုင်းပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ User Name, Password မပြောင်းသေးတဲ့အတွက် မူရင်းအတိုင်းဖြစ်တဲ့ User Nameadmin , Passwordadmin နဲ့ဘဲ ပြန်လည်ဝင်ရောက်ပေးရမှာ ဖြစ်ပါတယ်။


No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top