Thursday, July 19, 2012

Pin It

Widgets

"ကျွန်တော့် မွေးနေ့ အမှတ်တရ" စာဖတ်သူများသို့ ....

ဒီနေ့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက် ....
မြန်မာနိုင်ငံအတွက်တော့ လွတ်လပ်ရေးကို ရယူနိုင်ဖို့ အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်တွေ ကျဆုံးခဲ့တာ (၆၅) နှစ်ပြည့်ခဲ့တဲ့ "အာဇာနည်နေ့" မို့ ၀မ်းနည်းခြင်း တွေကို တစ်နိုင်ငံလုံး မှတ်ကျောက်တင်နေကြပေမဲ့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် မှာနေထိုင် ကြတဲ့ ဦးခင်စောအောင် နှင့် ဒေါ်ခင်လှ တို့ကတော့ သူတို့ရဲ့သား (ကျွန်တော်) (၃၃) နှစ်ပြည့်ပြီဆိုတာကိုပါ ထပ်ပေါင်းပြီးတော့ မှတ်ကျောက်တင်ပေးနေကြမှာပါ ....။

ကုန်လွန်ခဲ့တဲ့ (၃၃) နှစ် -
၁၉၇၉ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့မှာ လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် (၃၂) နှစ်မြောက် "အာဇာနည်နေ့" ကို နိုင်ငံတစ်ဝှမ်းလုံး ကျင်းပခဲ့ကြတာပါ .....။ မိုးရေစက်တွေ နှင့်အတူ ပြည်သူတွေရဲ့ မျက်ရည်စက်တွေကလည်း ဟိုး .... အတိတ်က ဖြစ်ရပ်လေးတွေ အတွက် တစ်ဖြိုင်ဖြိုင်ကျလျှက်ပါ .....။ အဲဒီနေ့ရက်မှာသာ အာဇာနည်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိခဲ့ရင် အသက် (၆၄) နှစ်ပြည့်ပြီပေါ့ .....။ (၃၂) နှစ်တာကာလ, ပတ်လုံးလွမ်းဆွတ် ငိုကျွေးခဲ့ကြပေမဲ့ အာဇာနည်ဖခင်ကြီးတွေအတွက်တော့ ပြည်သူတွေရဲ့ မျက်ရည်စက်တွေက အမြဲတမ်း အသက်ဝင်နေလျှက်ပါ .....။
မဆီမဆိုင်ပါဘဲ ..... အဲဒီနေ့ နံနက် (၇) နာရီ၊ (၃၅) မိနစ်မှာ ကျွန်တော့်ကို မွေးဖွားပေးခဲ့ပါတယ် .....။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် မှာပေါ့ .....။ အာဇာနည်နေ့ မှာ မွေးဖွားလာလို့ ကြာသပတေးသား ဖြစ်ပေမဲ့ "ဇာနည်စိုး" ဆိုပြီးလည်း အမည်နာမ, ပေးခဲ့ကြပါတယ် ....။သူများတွေလို အမည်ပေးကင်ပွန်းတပ် သီးခြားမလုပ်လိုက်ရဘဲ မွေးပြီးပြီးချင်းမှာ နာမည်တစ်လုံး အသိအမှတ်ပြုခံခဲ့ရတဲ့ ကျွန်တော်ပါ ....။

အခု ဒီနေ့မှာတော့ အသက်(၃၃) နှစ်ပြည့်ခဲ့ပါပြီ .....
လူ့ဘဝမှာ (၃၉၆ ) လ နေထိုင်ခဲ့ပြီးဖြစ်သလို ရက်အနေနဲ့ဆိုရင် (၁၂၀၅၄) ရက်နေထိုင်ခဲ့ပြီးပါပြီ ....။


ဒီကာလတွေဟာ နာရီအနေနဲ့ (၂၈၉၂၉၆ ) နာရီရှိပြီး၊ မိနစ်အနေနဲ့ (၁၇၃၅၇၇၆၀) မိနစ်၊ စက္ကန့်အနေနဲ့ ဆိုရင်တော့ (၁၀၄၁၄၆၅၆၀၀) စက္ကန့်ရှိခဲ့ပါပြီ ....။ ကဲ ..... ဂဏန်း(၁၀)လုံးရှိတဲ့ စက္ကန့်တွေ ကြားထဲမှာ ဘယ်နှစ်စက္ကန့်လောက်များ တန်ဖိုးရှိတာတွေ လုပ်ခဲ့သလဲ .....။ ကျွန်တော့်အတွက် အဖြေမရှိခဲ့ပါ ....။
  • ဖြေရမှာကို ၀န်လေး၍မဟုတ် .....
  • အဖြေကို မသိ၍ မဟုတ် ......
  • အဖြေပေးရန် ခက်ခဲနေ၍ မဟုတ် ......ပါ ....။
  • ဒီအဖြေကိုဖြေလို့ရအောင် ကြိုးစားဖို့ ကျွန်တော့်မှာ အားနည်းချက်တွေ အများကြီး ရှိနေသေး၍ သာ ဖြစ်ပါတယ် ......။

မွေးနေ့က ရုံးပိတ်ရက်မို့ ရုံးမပိတ်ခင် (မနေ့က) ရုံးမှာ ကြာဇံဟင်းခါးကျွေးခဲ့ပါတယ် ....။ ရုံးကဝန်ထမ်းတွေရဲ့ ဆုတောင်းပေးတဲ့ အသံတွေကို ပီတိဖြစ်မိတာတော့ အမှန်ပါ .....။
ဒီနေ့ မှာတော့ ဖြူးမြို့ ဘိုးဘွားရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေကို မနက်စာ နှင့် နေ့လည်စာ လှူဒါန်းခဲ့ပါ တယ်.....။ ဒီဘဝမှာ ဘာမှမတော်စပ်ပေမဲ့ သံသရာရဲ့ ဆွေမျိုးတွေမို့ တွေဆုံရတဲ့အခြေအနေမှာ ပြုစုကျွေးမွေး လှူဒါန်းခြင်းဘဲ ဖြစ်ပါတယ် .....။ ဘဝရဲ့ နေဝင်ချိန်တွေကို လက်ချိုးရေတွက်ရင်း စောင့်မျှော်နေကြရှာတဲ့ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားတွေရဲ့ ဆုတောင်းပေးသံတွေဟာ နားထဲမှာ ကြည်နူးမိစွာနဲ့ဘဲ မျက်လုံးထဲမှာလည်း မျက်ရည် လည်ခဲ့ရပါသေးတယ် ....။ "သင်လည်း တစ်နေ့ ဤသို့အိုရအံ့...."

အလှူကပြန်ရောက်တော့ ဖုန်းထဲသို့ဝင်ရောက်လာတဲ့ Message တွေကို ဖတ်ကြည့်ရင်း ပီတိဖြစ်မိပါသေးတယ် .....။ ကိုယ်ရဲ့လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းတွေ ...၊ အသိမိတ်ဆွေတွေ ....၊ မိသားစုတွေ ဆီက Message လေးတွေဟာ (၃၃) နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရလက်ဆောင် ဖြစ်ခဲ့သလို ဆက်လက်လျှောက်လှမ်းမဲ့ ဘဝခရီးအတွက် အားဆေးတွေ ဆိုရင်လည်း မှားမယ် မထင်ပါဘူး ......။

ဇူလိုင်(၁၉) ရက်နေ့နဲ့ ပတ်သက်ပြီး ကမ္ဘာကျော်များထဲမှ မွေးဖွားသူ နှင့် သေဆုံးသူ များကို ရှာကြည့်မိပါ သေးတယ် ....

Births


Deaths


ရှေ့မှာရှိတဲ့ ကွန်ပျူတာကိုဖွင့်ပြီး ကိုယ်ရောက်နေကျ ကိုယ့်ရဲ့ မိသားစုရှိရာ မြန်မာမိသားစု ဖိုရမ် သို့ ၀င်ရောက်ခဲ့ပါတယ် ....။ မွေးနေ့မင်္ဂလာ ဆိုတဲ့ ကဏ္ဍပ်မှာ ကိုယ့်အတွက် နေရာတစ်နေရာတော့ ရနေပါပြီ ....။ မိသားစုတွေ ရဲ့ မွေးနေ့ဆုတောင်းလေးတွေကို ဖတ်ကြည့်ပြီး ပီတိဖြစ်ခဲ့ရပါတယ် ......။ ဖိုရမ်ရဲ့ မွေးနေ့ကဏ္ဍပ်မှာ Post ရေးသားပြီး ဆုတောင်းပေးခဲ့ကြသူတွေ၊ PM ပို့ပြီးဆုတောင်းပေးခဲ့ကြသူတွေ အားလုံးကို အထူးဘဲ ကျေးဇူးတင်မိပါတယ် .....။

No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top