Blog ရေးဖူးတဲ့ သူတွေအတွက်တော့ ဒီ Post လေးက တကယ့်ရယ်စရာလေးပါ ...။ ဒါပေမဲ့ မလုပ်ဖူးသေးတဲ့ သူတွေအတွက် ရေးပေးလိုက်ပါတယ် ....။
Blog တစ်ခုကို ကိုယ်တိုင်ရေးတဲ့ နေရာမှာ မသိမဖြစ် သိထားသင့်တဲ့ အထူးအရေးပါတဲ့ ကိစ္စလေးကတော့ Blog ကို Back Up and Restore ပြုလုပ်ခြင်း ဘဲဖြစ်ပါတယ် ....။ ဒီနေရာမှာ တစ်ခုပြောလိုတာက Blog ကို Template ပိုင်းဆိုင်ရာတွေ ပြောင်းလဲလိုတဲ့အခါမှာဘဲဖြစ်ဖြစ်၊ HTML, CSS စတဲ့ Code ပိုင်းဆိုင်ရာတွေ ပြောင်းလဲလို တဲ့အခါမှာဘဲဖြစ်ဖြစ် Back Up ပြုလုပ်ထားသင့်ပါတယ် ...။ အဲဒါမှ တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ရင် ပြန်ပြီး Restore ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ...။ ပုံမှန် Back Up ပြုလုပ်ထားသင့်ပေမဲ့ လိုအပ်မှသာ Restore ပြုလုပ် ရမှာဖြစ်ပါတယ် ။ ကဲ .... ကျွန်တော်တို့ လုပ်ကြည့်ရအောင်ဗျာ .....
Blog ကို Back Up ပြုလုပ်ခြင်း
ပထမဆုံး ကိုယ့်ရဲ့ Blog ကို
Sing in ၀င်လိုက်ပြီး ဘယ်ဘက်ခြမ်းမှာပါတဲ့
Template ထဲသို့ဝင်လိုက်ပါ။ ပြီးရင် ညာဘက်အပေါ်ထိပ်မှာ ပါတဲ့
Backup/Restore ကိုနှိပ်ပြီး ၀င်လိုက်ပါ။
Backup/Restore Windows ပွင့်လာပါမယ် ...။ အဲဒီထဲက
Download full template ကိုနှိပ်ပြီး Download လုပ်လိုက်ပါ။
နောက်ထပ်ပွင့်လာတဲ့ Box လေးထဲက
Save file ဆိုတာလေးကို Select ပေးပြီး အောက်မှာပါတဲ့
OK ကိုနှိပ်လိုက်ပါ။
Download ပြီးသွားရင်တော့ ကိုယ့်ရဲ့ Blog ကို Backup ပြုလုပ်ခြင်း ပြီးဆုံးပါပြီ ...။ တကယ်လို့ Download လုပ်လိုက်တဲ့ Template file ကို Save ထားတဲ့နေရာကို သိချင်တယ်ဆိုရင် အောက်ကပုံ မှာပြထားသလို Download Box ထဲက File ပေါ်မှာ
Right Click လုပ်ပြီး ပေါ်လာတဲ့ Menu ထဲက
Open Containing Folder ကိုနှိပ်လိုက်ရင် ရပါတယ် ။
Blog ကို Restore ပြူလုပ်ခြင်း
တစ်ခါတစ်ရံ ကျွန်တော်တို့တွေ Blog Template ပြောင်းလို့ဘဲဖြစ်ဖြစ်၊ Coding တွေ ပြောင်းလဲလိုက်လို့ဘဲ ဖြစ်ဖြစ် Blog မှာ Error တက်တတ်ပါတယ် ...။ အဲဒီလိုအခါမျိုးမှာ ကိုယ့်အနေနဲ့ Backup ပြုလုပ်ထားပြီးသား
Template file ကို ပြန်ပြီး
Restore ပြုလုပ်ပေးလိုက်ရင် ရပါတယ်။ လုပ်နည်းလေးကတော့ အပေါ်မှာရေးထားပေးတဲ့ အဆင့်အတိုင်း
Backup/Restore ကိုနှိပ်ပြီး ၀င်လိုက်ပါ။ Backup/Restore Windows ပွင့်လာပါမယ် ...။ အဲဒီထဲက
Brows ဆိုတာလေးကို နှိပ်လိုက်ပါ။
Open Windows ပွင့်လာရင် ကိုယ်အရင်တုန်းက Backup လုပ်ထားတဲ့
Template file ရှိတဲ့နေရာသို့သွား ပြီး အဲဒီဖိုင်ကို ရွေးပေးလိုက်ပါ။ ပြီးရင် အောက်မှာပါတဲ့
Open ကိုနှိပ်လိုက်ပါ။
Brows ရဲ့ရှေ့က Box ထဲမှာ ဖိုင်လမ်းကြောင်းကို ပြနေပါမယ် ...။ အောက်မှာပါတဲ့
Upload ဆိုတာလေးကို နှိပ်လိုက်ရင် ရပါပြီ .....။
ဒီ Restore လုပ်တဲ့နည်းလေးက Network ပေါ်မှာပေးထားတဲ့ Template တွေကို Download လုပ်ပြီး Template ပြောင်းတဲ့နေရာမှာလည်း အသုံးပြုပါတယ် ...။အဆင်ပြေနိုင်ကြပါစေ ....။
No comments :
Post a Comment
ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea