Thursday, June 21, 2012

Pin It

Widgets

CPE TL-WA5210G အသုံးပြုခြင်း - (၄)

Configuration စတင်ခြင်း
အဆင့် (၁)  ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း
ဒီအဆင့်မှာ Configuration ပြုလုပ်မဲ့ CPE နဲ့ ကွန်ပျူတာတို့ကို ချိတ်ဆက်ပြီး Computer နှင့် CPE တို့ အပြန်အလှန်သိနားလည်မှု ရှိ/မရှိ ကို စစ်ဆေးသွားမှာဖြစ်ပါတယ် ….။ ကဲစ,ပြီးတော့ တပ်ဆင်ကြည့်ရအောင်ဗျာ ….။ အောက်မှာကျွန်တော်ရေးပေးထားတဲ့ အဆင့်လေး တွေ အတိုင်း လိုက်လုပ်ကြည့်ပါ- 
ပထမဆုံးအနေနဲ့ Network Cable (CAT-6) တစ်ချောင်းကို အသုံးပြုပြီး ကြိုးရဲ့တစ်ဘက်ကို ကွန်ပျူတာရဲ့ RJ-45 Network Port မှာလည်းကောင်း၊ နောက်တစ်ဘက်ကို TP-Link Adaptor ဘူးလေးရဲ့ LAN Port မှာလည်းကောင်း တပ်ဆင်လိုက်ပါ။
ဒုတိယအနေနဲ့နောက်ထပ် Network Cable (CAT-6) တစ်ချောင်းကိုသုံးပြီး ကြိုးရဲ့တစ်ဘက်ကို TP-Link Adaptor ဘူးလေးရဲ့ POE Port မှာလည်းကောင်း၊ နောက်တစ်ဘက်ကို CPE ရဲ့ LAN Port မှာလည်းကောင်း တပ်ဆင်လိုက်ပါ။ တတိယ အနေနဲ့ TP-Link Adaptor ဘူးလေးရဲ့ DC Port မှာ အတူပါလာတဲ့ Power Adaptor ရဲ့ ခေါင်းလေးကို တပ်ဆင်ပြီး Adaptor ကို EPC Plug မှာတပ်ဆင်လိုက်ပါ။


No comments :

Post a Comment

ဝေဖန်အကြံပေးခြင်း၊ အားပေးခြင်း များအား စောင့်မျှော်လျှက်....
Free Idea

Related Posts Plugin for WordPress, Blogger...
Recommended Post Slide Out For Blogger
back to top